#WorldHealth

Published -  13 November 2021

၂၀၂၀ ခုနှစ်က နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် အသက်ဆုံးခဲ့ရတဲ့သူတွေရဲ့ လက်ကျန်သက်တမ်းနှစ်စုစုပေါင်းဟာ ၂၈ သန်းကျော်အထိရှိကြောင်း BMJ ဂျာနယ်က ဒီတစ်ပတ်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံက အသက်ဆုံးခဲ့ရတဲ့ သက်တမ်းနှစ်အများဆုံး နိုင်ငံဖြစ်နေပြီး အစ္စရေးလ်ကတော့ နံပါတ် ၉ နေရာမှာ လက်ကျန်သက်တမ်းဆုံးရှုံးမှုအနည်းဆုံးနိုင်ငံဖြစ်နေပါတယ်။

ဒီသုံးသပ်ချက်ကို ဗြိတိန်ပြည်ထောင်စုမှ ပရော်ဖက်ဆာ နက်ဇ်ရူလ်အစ္စလာမ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး ၂၀၂၀ အတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့ရတဲ့သူတွေရဲ့ လက်ကျန်အသက်တွေနဲ့ ပျှမ်းမျှသက်တမ်းအပြောင်းအလဲတွေကို ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။

အစ္စလာမ်က သာမန်နဲ့အထက်ချမ်းသာတဲ့ နိုင်ငံ ၃၇ နိုင်ငံကနေ ဒီအချက်အလက်တွေကို သုံးသပ်နိုင်မှ ယုံကြည်စိတ်ချရမယ်လို့ ထင်မြင်ခဲ့ပါတယ်။

Lee-Carter ပုံစံကိုအသုံးပြုပြီး ၂၀၂၀ အတွင်း မျှော်မှန်းပျှမ်းမျှသက်တမ်းကို အခြေခံပြီး ပျှမ်းမျှသက်တမ်းလျော့ကျလာမှုကို တွက်ချက်ထားတာဖြစ်ပါတယ်။

လက်ကျန်သက်တမ်းတွေကိုလည်း ဒီပုံစံအတိုင်းအပြင် WHO ရဲ့ စံနမူနာသက်တမ်းဇယားကို အခြေခံပြီး တွက်ချက်ထားပါတယ်။

"ပျှမ်းမျှသက်တမ်းဆိုတာဟာ လူသားတွေအသက်ရှင်နေထိုင်တဲ့ ပျှမ်းမျှအသက်ကို ဆိုလိုတာဖြစ်ပါတယ်"လို ဆိုပါတယ်။ပျှမ်းမျှသက်တမ်း အလျော့နည်းဆုံးဖြစ်ခဲ့တဲ့ နိုင်ငံတွေကတော့ ရုရှား၊ အမေရိကန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာဟာ အသက်ငယ်ရွယ်တဲ့သူတွေမှာ သေဆုံးမှုအဖြစ်များခဲ့တာနဲ့လည်း ဆက်စပ်နေပါတယ်။
လူအယောက် ၁ သိန်း သေဆုံးသူတွေရဲ့ လက်ကျန်သက်တမ်းအများဆုံး ဖြစ်ခဲ့တဲ့နိုင်ငံတွေဟာ ဘူလ်ဂေးရီးယား၊ ရုရှား၊ လစ်သူရေးနီးယား၊ အမေရိကန်နဲ့ ပိုလန်နိုင်ငံတို့ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ အသက်သေဆုံးသူတွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၂၂ သန်းရှိပြီး မျှော်မှန်းထားတာထက် ၂၈.၁ သန်းပိုများခဲ့ပါတယ်။

အမျိုးသားတွေရဲ့ သက်တမ်းဆုံးရှုးမှုဟာ အမျိုးသမီးတွေထက် ပိုများနေခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် အသက်ဆုံးရတဲ့ သက်တမ်းနှစ်ဟာ ၂၀၁၅ ခုနှစ်က အဖြစ်များခဲ့တဲ့ တုပ်ကွေးရောဂါထက်လည်း ၅ ဆကျော် ပိုများနေပါတယ်။

မျှော်မှန်းထားတာထက် သက်တမ်းပိုနေနိုင်တဲ့နိုင်ငံ ၃ နိုင်ငံသာရှိပြီး နယူးဇီလန်၊ ထိုင်ဝမ်နဲ့ နော်ဝေနိုင်ငံတို့ဖြစ်ပါတယ်။ပျှမ်းမျှသက်တမ်းမပြောင်းလဲတဲ့ နိုင်ငံ ၃ နိုင်ငံက ဒိန်းမတ်၊ အိုက်စလန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဖြစ်ပါတယ်။

"အမေရိကန်လိုနိုင်ငံမျိုးမှာ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ကွာခြားချက်တွေရှိခဲ့တာကြောင့် ၂၀၂၀ အတွင်း အသက်ဆုံးမှုများခဲ့တာဖြစ်တယ်"လို့ အစ္စလာမ်ကဆိုပါတယ်။

Source: The Jerusalem Post