#WorldNews

Published 5 November 2021

ဒူဘိုင်းသဲကန္တာရမှာ နေပူကျဲတောက်လာချိန်မှာ Al-Qudra စက်ဘီးစီးလမ်းကြောင်းဟာ စက်ဘီးစီးသူတွေနဲ့ စည်ကားလျက်ရှိပြီး လမ်းမကြီးတွေ မိုးမျှော်တိုက်တွေနဲ့ဝေးရာ ၈၀ ကီလိုမီတာအရှည်ရှိတဲ့ ပြိုင်ကွင်းလမ်းကြောင်းဆီ လာရောက်နေကြပါတယ်။

အပူချိန်အလွန်မြင့်မားနေပေမယ့် အပတ်စဉ် စနေတနင်္ဂနွေနေ့တွေမှာ ရာပေါင်းများစွာသော စက်ဘီးဝါသနာရှင်တွေဟာ မြို့ထဲကနေ ၅၀ ကီလိုမီတာခန့်ဝေးတဲ့ Al-Qudra ဆီကို လာရောက်လေ့ရှိကြပါတယ်။

#Yangon_Media_Group