#WorldHealth

Published -  23  October 2021

ဒီနှစ်အကုန်လောက်မှာ အမေရိကန်ကို ကိုဗစ်ကာကွယ်ဆေးသောက်ဆေးတွေ ရောက်ရှိလာနိုင်ပေမယ့် ဖွံဖြိုးဆဲနိုင်ငံတွေမှာတော့ လူပေါင်းသန်းရာချီဟာ အနည်းဆုံး ၂၀၂၂ နှစ်ဝက်လောက်အထိ ကာကွယ်ဆေးရရှိဦးမှာ မဟုတ်သေးဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်ကုသဆေးသောက်ဆေးဖြစ်တဲ့ မော်လ်နျူပီရာဗီယာ Molnupiravir ဆေးတွေ အလျင်အမြန်ရောက်ရှိနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဘီလ်နဲ့မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာသွားပါတယ်။

ဆေးဝါးတွေထုတ်လုပ်ဖို့ မာ့ခ်ကုမ္ပဏီနဲ့ သဘောတူထားတဲ့ ဆေးထုတ်လုပ်ရေးအဖွဲ့အစည်း ၈ ခုကိုထောက်ပံ့ဖို့အတွက် ဒေါ်လာသန်း ၁၂၀ ကနဦးရင်းနှီးသွားဖို့ ကတိပြုလိုက်ပါတယ်။

ဒီကိုဗစ်ကုသဆေးကို ရောဂါကူးစက်ပြီး ရက်အစောပိုင်းမှာ သောက်သုံးပါက ဆေးရုံတက်ကုသရမှုနဲ့ သေဆုံးမှုနှုန်းကို တဝက်အထိလျှော့ချနိုင်တယ်လို့ စမ်းသပ်ချက်တွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရက ဒီသောက်ဆေး ၁.၇ ဘီလီယံကိုဝယ်ယူဖို့ ကြိုတင်သဘောတူစာချုပ် ချုပ်ထားပြီဖြစ်ပါတယ်။

အခြားထိပ်သီးနိုင်ငံတွေကလည်း သူတို့နည်းနဲ့သူတို့ စာချုပ်ချုပ်ဆိုဖို့ အသည်းအသန် ကြိုးပမ်းနေကြပါတယ်။

ကုလသမဂ္ဂက နောက်ခံထောက်ပံ့ပေးထားတဲ့ Medicines Patent Pool ကျန်းမာရေးအဖွဲ့အစည်းက မာခ့်ဆေးဝါးကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေးမထိုးရတဲ့ လူပေါင်းများစွာရှိနေတဲ့ နိုင်ငံတွေမှာ ကိုဗစ်ကုသဆေးသောက်ဆေး ရောက်ရှိဖို့ မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ ကုန်ကြမ်းပစ္စည်းတွေ သက်ဆိုင်ရာခွင့်ပြုချက်တွေ ငွေကြေးရင်းနှီးထောက်ပံ့မှုတွေ စတဲ့ အခက်အခဲများစွာလည်း ရှိသေးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

"ဆေးဝါးအေဂျင်စီတွေမှာ မရနိုင်တဲ့ ကုန်ကြမ်းအရင်းအမြစ်တွေကို အသုံးပြုပြီး ဆေးဖြန့်ဖြူးဖို့ခွင့်ပြုချက်ရတဲ့အခါ ဆေးဝါးပစ္စည်းများကို ဖြန့်ဝေဖို့ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားရမယ်" လို့ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ်က ဆိုပါတယ်။

နိုင်ငံတွေအနေနဲ့ မော်လ်နျူပီရာဗီယာဆေးကို စောစောဝယ်ယူခွင့်ရရှိဖို့က လနဲ့ချီကြာနိုင်ပြီး ဆေးဝါးဖော်ထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းထုတ်လုပ်မှုကလည်း နည်းနေသေးတာဖြစ်ပါတယ်။

ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ထောက်ပံ့မှုကြောင့် ဆေးဝါးကိုအပြီးသတ်ထုတ်လုပ်နိုင်ဖို့ အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းတွေကို ပိုမိုရရှိလာနိုင်မှာဖြစ်ပါတယ်။

ဇင်ဘာဘွေလိုနိုင်ငံမျိုးမှာ ဒီကုသဆေးကို အသိအမှတ်ပြု မှာယူမယ်ဆိုရင် ဘယ်လောက်ထိကြာနိုင်မလဲဆိုတာကတော့ ဒီဆေးဝါးတွေ တကမ္ဘာလုံးအတိုင်းအတာနဲ့ ထုတ်လုပ်ပြီးမှ ရောက်နိုင်မှာဖြစ်ပါတယ်။

မာ့ခ်ဆေးဝါးကုမ္ပဏီအနေနဲ့ အိန္ဒိယကုမ္ပဏီတွေနဲ့ သဘောတူထားပေမယ့် ဆေးဝါးထုတ်လုပ်သူတွေကို ကမ္ဘာအနှံ့ကတခြားကုမ္ပဏီတွေနဲ့လည်း သဘောတူညီချက်ရယူထားဖို့ အလိုရှိနေပါတယ်။

ဂိတ်စ်ဖောင်ဒေးရှင်းဟာ အက်စ်ထရာဇန်နီကာနဲ့ နိုဗာဗက်စ်ကာကွယ်ဆေးတွေကို အရှိန်မြှင့်ထုတ်လုပ်နိုင်ဖို့ အိန္ဒိယမှသွေးရည်ကြည်ထုတ်လုပ်ရေးအဖွဲ့အစည်းကို ဒေါ်လာသန်း ၃၀၀ ဖြင့် သဘောတူလုပ်ကိုင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယက ကိုဗစ်ဒုတိယလှိုင်းကာလမှာ ကာကွယ်ဆေးတင်ပို့မှုတွေကို လနဲ့ချီပြီး ပိတ်ပင်ခဲ့ပါတယ်။

Source The New York Times