#WorldHealth
 
Published 22 October 2021
 
အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား လူငယ်တွေမှာ ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းက ဆေးရုံတက်ကုသရမှုကို ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC ရဲ့ သုံးသပ်ချက်တွေအရ သိရပါတယ်။
 
ဒီလေ့လာမှုကို ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်မှုတွေမြင့်မားခဲ့တဲ့ ဇွန်လနဲ့စက်တင်ဘာလအတွင်းကာလမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးဆေးရုံ ၁၉ ခုမှာ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူရတဲ့ ကလေး ၁၇၉ ယောက်ရဲ့ ၉၇ ရာခိုင်နှုန်းက ကာကွယ်ဆေးမထိုးထားတာကို တွေ့ရှိရတာကြောင့် ကာကွယ်ဆေးထိရောက်မှုကို သိသာထင်ရှားစေပါတယ်။
 
ရောဂါပြင်းထန်မှုကြောင့် အသက်ကယ်ပစ္စည်းတွေ အသုံးပြုဖို့လိုအပ်နေပြီး ဆေးရုံတက်ကုသမှုခံယူနေရတဲ့ ကလေးလူနာ ၁၆ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေးမထိုးရသေးပါဘူး။
 
ဒီလိုအသက်အရွယ် အပိုင်းအခြားတွေအတွက် ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဆေးရုံတက်ကုသမှုကို ကာကွယ်နိုင်ဖို့မဟုတ်ဘဲ ဗိုင်းရပ်စ်ပိုးဝင်လာတဲ့အခါ ခန္ဓာကိုယ်ခုခံအားကို လှုံဆော်မြှင့်တင်ပေးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ထိုအချက်အလက်တွေကို CDC က တင်ပြထားတာဖြစ်ပါတယ်။
 
ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေးတွေကို အသက် ၁၂ နှစ်အရွယ်တွေမှာထိုးဖို့ ခွင့်ပြုချက်ရရှိပြီးပြီဖြစ်ပြီး ၅ နှစ်အရွယ်ကလေးတွေမှာ ထိုးနှံနိုင်ဖို့ ကုမ္ပဏီတွေက ခွင့်ပြုချက်တောင်းဆိုထားပါတယ်။
 
အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးရဲ့ အကြံပေးအဖွဲ့ကတော့ ဒီလနောက်ပိုင်းကစလို့ ကလေးငယ်တွေရဲ့ အချက်အလက်တွေကိုကြည့်ပြီး ချင့်ချိန်စဉ်းစားသွားဖို့ရှိပါတယ်။
 
အမေရိကန်ရှိ လူငယ်လူရွယ်တွေကို ကိုဗစ်ရောဂါပြင်းထန်မှုမှ ကာကွယ်နိုင်အောင် ကာကွယ်ဆေးထိုးပေးဖို့အရေးကြီးတယ်လို့ CDC ကဖော်ပြထားပါတယ်။
 
Source The Jerusalem Post
 
#Yangon_Media_Group