အစ္စရေးရေငုပ်သမားရှလိုမီကက်ဇင်ဟာ နစ်၉၀၀ သတ်တမ်းရှိတဲ့ တစ်မီတာအလျားရှိတဲ့ ဓားရှည်ကြီးတစ်ခုကို ရေငုပ်ရင်းတွေ့ခဲ့ပါတယ်။သူဟာ အစ္စရေးနိုင်ငံမြောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းက သဘာဝပင်လယ်ကွေ့ငယ်ကလေးအနားမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲဒီရှေးဟောင်းဓားရှည်တွေ့တဲ့နေရာက အက်လစ်က ခရူးဆိတ်ရဲတိုက်ကြီးနှင့်သိပ်မဝေးဘူး။အဲဒါကြောင့် ဒီဓားဟာ ခရူးဆိတ်စစ်သည်တော်တစ်ဦးပိုင်ဆိုတာဖြစ်လိမ့်မယ်လို့ ယူဆတယ်” လို့ အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်ဌာနရဲ့ ရေအောက် ရှေးဟောင်းသုတေသနဌာနခွဲညွှန်ကြားရေးမှူး ကိုဘီရှာဗစ်က ပြောပါတယ်။

Source AFP