#WorldWeather

Published -20 October 2021

ဂျပန်နိုင်ငံရှိ မီးတောင်တစ်ခုဟာ ဗုဒ္ဓဟူးနေ့ကပေါက်ကွဲခဲ့ပြီး မီးခိုးပြာတွေက လေထဲသိုမိုင်ပေါင်းများစွာ ပျံ့နှံသွားခဲ့ပါတယ်။

ချော်ရည်ပူတွေနဲ့ အစိုင်အခဲတွေ ကျရောက်လာနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ကျူရှူကျွန်းတောင်ဘက်က ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ရာဖြစ်တဲ့ အာဆိုတောင်ဟာ မနက် ၁၁ နာရီ ၄၃ မိနစ်မှာ မီးတောင်ပေါက်ကွဲခဲ့ပြီး မီးခိုးပြာတွေဟာ လေထဲကို အမြင့် ၃.၅ ကီလိုမီတာအထိ ရောက်ရှိသွားခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ဆိုပါတယ်။

မီးတောင်ပေါက်ကွဲအားအဆင့် ၅ ခုမှာ အဆင့် ၃ လို့သတ်မှတ်ထားပြီး လူတွေကို အဲဒီတောင်အနားမကပ်ဖို့ သတိပေးထားပါတယ်။

နာကာဒါကီတောင်ထိပ်ဝရဲ့ ၁ ကီလိုမီတာ ပတ်ပတ်လည်ဝန်းကျင်ကနေ ကျောက်တုံးကျောက်စိုင်တွေ ကျရောက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ပေါက်ကွဲတဲ့အချိန်တုန်းက အဲဒီတောင်ပေါ်တက်နေသူတွေ ဘယ်နှယောက်ရှိလဲဆိုတာကို အစိုးရက စစ်ဆေးနေတယ်လို့ ဝန်ကြီးများအဖွဲ့မှအကြီးအမှူး ဟီရိုကာဇူမတ်ဆူနိုက သတင်းထောက်တွေကို ပြောပါတယ်။

တီဗီရုပ်သံတွေမှာ တောင်တဝိုက် မီးတောင်ပေါက်ကွဲမှုကနေ ထွက်လာတဲ့ မီးခိုးပြာတွေအုံ့မှိုင်းနေပုံတွေကို ပြသနေပါတယ်။

၁၅၉၂ မီတာမြင့်တဲ့ မီးတောင်ကနေထွက်မယ့် မီးခိုးပြာတွေဟာ နေ့ခင်းမရောက်ခင်မှာပဲ အနီးအနားကမြို့တွေဆီ လွင့်လာနိုင်တယ်လို့ မိုးလေဝသအေဂျင်စီက ပြောထားပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက အွန်တိတ်မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၆၃ ဦးသေဆုံးခဲ့ကာ အဆိုးရွားမီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အာဆိုမီးတောင်ဟာ ၂၀၁၉ တုန်းကလည်း အသေးစားမီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

Source Reuters