#WorldHealth


Published -20 October 2021

အစ္စရေးလ်နိုင်ငံမှာ အက်စ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေးကို ကြာသပတေးနေ့ကစပြီး ထိုးနှံလို့ရတော့မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေညာသွားပါတယ်။

mRNA အမျိုးအစားကာကွယ်ဆေး ထိုးနှံလို့မရသူတွေ၊ ဖိုင်ဇာကာကွယ်ဆေးထိုးပြီး ဘေးထွက်ဆိုးကျိုးများ ခံစားရသူတွေနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသူများကို အက်စ်ထရာဇန်နီကာထိုးနှံခွင့် ပေးသွားမှာဖြစ်ပါတယ်။

အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးက mRNA အမျိုးအစားကာကွယ်ဆေးဖြစ်တဲ့ ဖိုင်ဇာ မိုဒါနာကာကွယ်ဆေးတိုနဲ့ နည်းပညာအသုံးပြုခြင်း ကွာခြားပါတယ်။

အက်စ်ထရာဇန်နီကာကတော့ အားပျော့တဲ့ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ထဲထည့်ကာ ဆဲလ်တွေကိုသိရှိအောင်လုပ်ပြီး antibody ခုခံအားထွက်စေတဲ့ နည်းပညာဖြစ်ပါတယ်။

မိုဒါနာကာကွယ်ဆေးက ဥရောပဆေးဝါးအေဂျင်စီနဲ့ အခြားကျန်းမာရေးအဖွဲ့အစည်းတွေကနေ အရေးပေါ်အသုံးပြုနိုင်ရန် အသိအမှတ်ပြုခံထားရပေမယ့် အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးကတော့ အသိအမှတ်မပြုထားပါဘူး။

mRNA ကာကွယ်ဆေး ဖိုင်ဇာနဲ့မိုဒါနာတို့လိုပဲ အက်စ်ထရာဇန်နီကာကလည်း ၂ ကြိမ်ထိုးနှံရတာဖြစ်ပါတယ်။ ၂ ကြိမ်စလုံးကို အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးထိုးထားသူတွေနဲ့ ပထမတကြိမ်ကို ဖိုင်ဇာထိုးကာ ဒုတိယတကြိမ်ကို အက်စ်ထရာဇန်နီကာထိုးတဲ့သူတွေဟာ ၂ ကြိမ်ထိုးအပြီး ၁၄ ရက်နောက်ပိုင်း အပြည့်အဝရောဂါကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အက်စ်ထရာဇန်နီကာ အားမြှင့်ကာကွယ်ဆေးထိုးပြီးသူတွေဟာလည်း ၂ ပတ်ပြီးတဲ့အခါမှာ အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသားဖြစ်ကြောင်း သတ်မှတ်လို့ရပါတယ်။

တနင်္လာနေ့အထိ အစ္စရေးလ်ပြည်သူ ၆.၂ သန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးပြီဖြစ်ပါတယ်။

၅.၇ သန်း လူတွေကတော့ အနည်းဆုံးနှစ်ကြိမ်ထိုးပြီးပြီဖြစ်ကာ ၃.၈ သန်းကတော့ အားမြှင့်ကာကွယ်ဆေးပါ ထိုးနှံပြီးပြီဖြစ်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းကို အရေးကြီးတဲ့ဆောင်ရွက်ချက်အဖြစ် သတ်မှတ်ထားပြီး စတုတ္ထလှိုင်းမှာ ထိန်းချုပ်ကန့်သတ်ချက်တွေမထားဘဲ ကျော်ဖြတ်နိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။

Source The Jerusalem Post