#WorldHealth

Published-  19 October 2021

ကိုလက်စ်ထရောပမာဏ လျှော့ချရာမှာ အသုံးပြုတဲ့ statin ဆေးတွေဟာ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုနှုန်းကို အနည်းငယ်ကာကွယ်ပေးနိုင်လိမ့်မယ်လို့ လေ့လာတွေ့ရှိချက်အသစ်အရ သိရပါတယ်။

ဆွီဒင်နိုင်ငံ ကယ်ရိုလင်စကာတက္ကသိုလ်က သုတေသီတွေက စတော့ဟုမ်းမြိုမှာနေထိုင်တဲ့ အသက် ၄၅ နှစ်အထက် လူပေါင်း ၁ သန်းနီးပါးကို ၂၀၂၀ မတ်လနဲ့ နိုဝင်ဘာလအတွင်းက ဆေးစစ်ချက်မှတ်တမ်းများကို လေ့လာကြည့်ရာ ၁၈ ရာခိုင်နှုန်းသောလူတွေက atorvastatin, simvastatin စတဲ့ ကိုလက်စ်ထရောအဆီကျဆေးတွေ သုံးစွဲကြတာကို တွေ့ရှိရပါတယ်။

ထိုဆေးတွေ သုံးစွဲနေရတဲ့သူတွေဟာ အသက်အရွယ်ကြီးခြင်း အမျိုးသားများပိုအဖြစ်များခြင်း ကျန်းမာရေးအခြေအနေဆိုးရွားခြင်း အသိပညာနိမ့်ပါးခြင်း ဝင်ငွေနည်းပါးခြင်းစတဲ့ အခြေအနေတွေကြောင့် ကိုဗစ်ရောဂါပိုမို ဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရပါတယ်။

ဒါပေမဲ့ အားလုံးကို တွက်ချက်လေ့လာကြည့်တဲ့အခါမှာတော့ ကိုလက်စ်ထရောအဆီကျဆေး သုံးစွဲသူတွေဟာ ကိုဗစ်ရောဂါကြောင့်သေဆုံးမှုမှာ ၁၂ ရာခိုင်နှုန်းနည်းပါးနေသေးတယ်လို့ ကြာသပတေးနေ့ထုတ် PLOS ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ဗိုင်းရပ်စ်တကယ် ကူးစက်ခံထားရတဲ့ လူနာတွေဆီက ရလာဒ်တွေနဲ့တော့ မနှိင်းယှဉ်ထားသေးပါဘူး။ပြီးတော့ ဆေးအညွှန်းတွေကိုပဲကြည့်ပြီး သုံးသပ်ထားတာဖြစ်ပါတယ်။

ဆေးညွှန်းတဲ့အတိုင်း လူနာတွေသောက်လား မသောက်လားဆိုတာကတော့ မသိရပါဘူး။ နောက်ဆုံးသုံးသပ်ချက်ကတော့ ကိုလက်စ်ထရောအဆီကျဆေးဟာ ကိုဗစ်ရောဂါကြောင့်သေဆုံးမှုကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိနိုင်ကြောင်း ဖော်ပြနေပါတယ်။

Source Reuters