#WorldHealth

Published - 17 Oct 2021

ရုရှားပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ဘီတူဗက်စ် Betuvax-CoV-2 ကိုဗစ်ကာကွယ်ဆေးကို စတင်စမ်းသပ်သုံးစွဲနေပြီ ဖြစ်ကြောင်း သောကြာနေ့က TASS ရုရှားသတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

လူသားဆဲလ်လေ့လာရေး အဖွဲ့အစည်းက ပြုလုပ်မယ့် စမ်းသပ်မှုမှာ ပထမအကြိမ်နဲ့ဒုတိယအကြိမ်ထိုးနှံမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာ စိန့်ပီတာဘာ့ဂ်နဲ့ ပါးမ်မြို့တို့မှ လူပေါင်း ၁၇၀ လောက်ပါဝင်မှာဖြစ်ပြီး နောက်နှစ်စက်တင်ဘာမတိုင်ခင်အထိ စမ်းသပ်သွားဖို့ ရည်မှန်းထားပါတယ်။

အခြားပုဂ္ဂလိကကုမ္ပဏီဖြစ်တဲ့ ဘိုင်အိုကတ်ကလည်း ပြီးခဲ့တဲ့လက သူတိုရဲ့ ကိုဗစ်ကာကွယ်ဆေးကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်း အင်တာဖက်စ်သတင်းဌာနက ကြေညာထားပါတယ်။

ရုရှားမှာ နှစ်ကြိမ်ထိုးနှံရတဲ့ စပွတ်နစ် Sputnik V ကာကွယ်ဆေးအပါအဝင် ပြည်တွင်းကုမ္ပဏီသုံးခုမှထုတ်လုပ်တဲ့ အသိအမှတ်ပြုကာကွယ်ဆေးတွေ ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ကပ်ရောဂါဖြစ်ပွားချိန်မှာ ရုရှားက စပွတ်နစ်ကာကွယ်ဆေးကို လျင်မြန်စွာပဲ ထုတ်လုပ်နိုင်ခဲ့ပေမယ့် အစိုးရအာဏာပိုင်တွေရဲ့ မယုံကြည်မှုနဲ့ ဆေးဝါးအသစ်တွေကို မသုံးစွဲရဲမှုတွေကြောင့် အထနှေးနေခဲ့တာဖြစ်ပါတယ်။

သမ္မတဗလာဒီမာပူတင်က ရုရှားမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့အစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။သောကြာနေ့က နိုင်ငံအတွင်း တစ်နေ့တည်းမှာ ရောဂါတွေ့ရှိမှုနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့ သတင်းပေးပို့ထားပါတယ်။

Source Reuters