#WorldNews

Published- 14 October 2021

ဖေ့စ်ဘွတ်ကုမ္ပဏီက လှုပ်ရှားတက်ကြွသူတွေနဲ့ ဂျာနယ်လစ်တွေကို လူသိထင်ရှား ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်သွားတော့ မှာဖြစ်ပြီး ဒီပုဂ္ဂိုလ်တွေကို အနိုင်ကျင့်စော်ကားမှုရန်မှ တိုးမြှင့်ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းလုံခြုံရေး အကြီးအကဲက ဒီတစ်ပတ်အင်တာဗျူးမှာ ပြောသွားပါတယ်။

ဖေ့စ်ဘွတ်ကုမ္ပဏီက နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အကြောင်းအရာတွေမှာ သာမန်အသုံးပြုသူတွေရဲ့ အကြောင်းအရာတွေမှာထက် ပိုမိုဝေဖန်ရေးသားနိုင်အောင် ခွင့်ပြုထားရာမှ လုပ်ငန်းသဘာဝအရ ဝေဖန်တိုက်ခိုက်ခံရတတ်တဲ့ ဂျာနယ်လစ်တွေနဲ့ လူ့အခွင့်ရေးကာကွယ်သူများကို ဝေဖန်တိုက်ခိုက်မှုတွေအပေါ်  ပြောင်းလဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဖေ့စ်ဘွတ်ဝန်ထမ်းဟောင်းတစ်ယောက်ဟာ အမေရိကန်လွှတ်တော်မှာ အတွင်းရေးထုတ်ဖော်လိုက်တာကြောင့် ဖေ့စ်ဘွတ်ဟာ သူနဲ့ပတ်သက်တဲ့ အက်ပ်တွေမှာ မသင့်လျော်တဲ့အကြောင်းအရာတွေပြသခြင်းကို ထိန်းကွပ်ပေးဖို့ အခုအချိန်မှာ အပြည်ပြည်ဆိုင်ရာဥပဒေပြဌာန်းသူများနဲ့ တာဝန်ရှိသူများက စောင့်ကြည့်စစ်ဆေးနေကြပါတယ်။

လစဉ်လတိုင်း အသုံးပြုသူ ၂.၈ ဘီလီယံခန့်ရှိတဲ့ ဖေ့စ်ဘွတ်မှာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ သတင်းအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အချေအတင်ပြောဆိုဝေဖန်မှုတွေ တွေ့မြင်နေရပါတယ်။ ဖေ့စ်ဘွတ်ရဲ့ အကောင့်စစ်ဆေးမှုစနစ်ဟာ အချို့နာမည်ကြီးပုဂ္ဂိုလ်တွေကို ပုံမှန်ဖေ့စ်ဘွတ်စည်းမျဉ်းစည်းကမ်းတွေကနေ ကင်းလွတ်စေတယ်ဆိုပြီး Wall Street ဂျာနယ်ကထောက်ပြထားတဲ့ သတင်းကလည်း လူပြောများနေပါတယ်။

ဂျော့ဂ်ျဖလွိက်သေဆုံးမှုနဲ့ပတ်သက်ပြီး သူ့ကိုနာမည်ကြီးပုဂ္ဂိုလ်အဖြစ်ယူဆတာကြောင့် ဖေ့စ်ဘွတ်မှာ သူသေဆုံးတာကို လှောင်ပြောင်နေတာတွေ ပျော်ပါးနေကြတာတွေကို ပယ်ဖျက်မယ်လို့ ဒီနှစ်အစောပိုင်းမှာ ဖေ့စ်ဘွတ်ကပြောထားပါတယ်။

ဖေ့စ်ဘွတ်ရဲ့ လုံခြုံရေးအကြီးအမှူး အန်တီဂေါင်ဒေးဗီးစ်က သူတိုအက်ပ်တွေမှာ နာမည်ကြီးပုဂ္ဂိုလ်တွေ ဝေဖန်တိုက်ခိုက်ခံရတဲ့ပုံစံတွေကို ထပ်မံတိုးမြှင့်သတ်မှတ်နေကြတာဖြစ်ပြီး ဒါဟာ အမျိုးသမီးတွေခွဲခြားဆက်ဆံခံရခြင်း အသားအရောင်ခွဲခြားခြင်းတွေနဲ့ လိင်တူချစ်သူများကို ခွဲခြားဆက်ဆံခြင်းတို့မှ ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

မလိုလားအပ်တဲ့ လိင်မှုဆိုင်ရာ အကြောင်းအရာတွေ၊ သိက္ခာကျစေရန်ရည်ရွယ်တဲ့ ဖြတ်ညှပ်ကပ်ပုံတွေ၊ ပုဂ္ဂိုလ်တစ်ဦးရဲ့ ကော်မန့် ပရိုဖိုင်တွေမှာ ဝေဖန်တိုက်ခိုက်တာတွေကို ဖေ့စ်ဘွတ်က ခွင့်ပြုတော့မှာမဟုတ်ပါဘူး။

Source Reuters.