Published 26 Sept 2021

ကမ္ဘောဒီးယားနိုင်ငံက ကျောင်းသားတွေဟာ ကျောင်းထိုင်ခုံတစ်လုံကို အသုံးပြုပြီး လူကိုယ်တိုင်မောင်းနှင်ရတဲ့ ဒရုန်း ရှေ့ပြေးပုံစံတစ်ခုကို တီထွင်လိုက်ကြတယ်လို့ သိရပါတယ်၊

ကမ္ဘောဒီးယား အမျိုးသား ပိုလီတက္ကနစ်အင်စတီကျူ(အင်န်ပီအိုင်စီ)က လူငယ်လေးတွေဟာ ဒေါ်လာ နှစ်သောင်းလောက် အကုန်အကျခံပြီး ကျောင်းက ထိုင်ခုံတစ်လုံးကို ပန်ကာရှစ်လုံးတပ် ဒရုန်းယာဉ်တစ်စီးဖြစ် တီထွင်မောင်းနှင်ပြခဲ့ကြပါတယ်။ အဲဒီယာဉ်ဟာ အမြင့်လေးမီတာ(၁၃.၁ ပေ)ခန့် ပျံသန်းနိုင်ပါတယ်။
အနာဂတ်မှာ သူတို့က ဒီထက်ပိုမြင့်ပြီး အလေးချိန်ပိုသယ်နိုင်တဲ့ ဒရုန်းကို တိုးတက်အောင်လုပ်ဖို့ မျှော်လင့်ထားကြပါတယ်။ သူတို့က တစ်ချိန်ချိန်မှာ သူတို့ရဲ့ ဒရုန်းဟာ မီးသတ်သမားတွေ အဆောက်အဦရဲ့အပေါ်ထပ်တွေဝင်ရောက်မီးငြိမ်းသတ်ရာမှာ အသုံးပြုနိုင်လိမ့် မယ်လို့ ယုံကြည်ထားကြပါတယ်။
ပထမဦးဆုံးသူတို့စလုပ်ဖြစ်တာက မြို့ရဲ့ ဆိုးရွားလှတဲ့ ယာဉ်ကြောကြပ်ပြသနာကို ဖြေရှင်းလိုလို့ဖြစ်ပါတယ်။ သူတို့က နောက်ပိုင်းမှာ ဖနွမ်းပင်မြို့အတွင်းမှာ လူတွေသယ်ယူပို့ဆောင်ပေးတာတွေ၊မီးသတ်လုပ်ငန်းတွေအတွက် ဖြည်းဖြည်းချင်း အသုံးပြုနိုင်အောင်ဒီဇိုင်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။
ပန်ကာရှစ်လုံးတပ်ထားပြီး ပိုင်းလော့ထိုင်ခုံအဖြစ် ကျောင်းထိုင်ခုံတစ်လုံးကို အသုံးပြုထားတဲ့ ဒရုန်းဟာ မောင်းသူမပါတုန်းက ခါနေပြီး ပိုင်းလော့တက်ထိုင်လိုက်တဲ့အခါ ငြိမ်သွားတယ်လို့ ဒရုန်းကိုမောင်းနှင်ပြတဲ့ အသက်၂၁နှစ်အရွယ် ကျောင်းသား လွန်းဗန်ဆစ်က ပြောပါတယ်။
သူတို့ရဲ့ ရှေ့ပြေးစမ်းသပ် ဒရုန်းဟာ ၁၃၂ပေါင်(၆၀ကီလို) အလေးချိန်ရှိတဲ့ ပိုင်းလော့ကိုသယ်ဆောင်နိုင်ပြီး အကွာအဝေ တစ်ကီလိုမီတာကို ဆယ်မိနစ်လောက် ပျံသန်းမောင်းနှင်နိုင်ပါတယ်။ ဒီဒရုန်းလုပ်ဖို့ သူတို့ဟာ ဒေါ်လာနှစ်သောင်းသုံးခဲ့ပြီး သုံးနှစ်လောက်လေ့လာခဲ့တယ်လို့ပြောပါတယ်။
Video ကြည့်ရန်>>>>>>>
 

Source Daily Mail