Published 26 Sept 2021

ကုလားအုတ်တွေနှင့် တောင်အမေရိကလာမာကုလားအုတ်တွေဆီက ထွက်တဲ့ တမူထူးတဲ့ ခုခံအားတွေဟာ  သာမာန်နှာခေါင်းဖျန်းဆေးအဖြစ် ကိုဗစ်ကုသမှုအသစ်တစ်ခုဖြစ်လာနိုင်တယ်လို့ သုတေသနတွေ့ရှိချက်အသစ်အရ သိရပါတယ်။

 

သဘာဝဆက်သွယ်မှုဆိုတဲ့ ဂျာနယ်မှာ ပညာရှင်အချင်းချင်းလေ့လာသုံးသပ်မှုအရတင်ပြတဲ့ သုတေသနစာတမ်းထဲမှာ အဲဒါကို ဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီကုလားအုတ်တွေဆီကရရှိတဲ့ နာနိုခုခံအားကို ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ရာမှာ အသုံးပြုနိုင်တယ်။ သူတို့ဟာ ဗိုင်းရပ်ဆဲလ်ထဲ ပေါင်းစပ်ဝင်ရောက်ပြီး ဗိုင်းရပ်စ်ကို အာနိသင်မဲ့လုပ်ပစ်လိုက်နိုင်တယ်လို့ ပြောပါတယ်။

 

ခုခံအားကိုအသုံးပြပြီး ကိုဗစ်ကိုကုသတာ အရင်လည်းရှိပြီးသားပါ။ လူခန္ဓာရဲ့ ခုံခံအားကိုက အဲသလိုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် မတူတာက နာနိုခုခံအားဟာ ဈေးပေါပြီး လွယ်ကူတဲ့ နောက်နည်းလမ်းတစ်ခုဖြစ်လို့ပါ။

 

သုတေသနအဖွဲ့က ကိုဗစ်-၁၉ရဲ့ စပိုက်ပရိုတိန်းအပိုင်းတစ်ပိုင်းကို ဖီဖီလို့ခေါ်တဲ့ လာမားကုလားအုတ်မဆီ ဆေးထိုးသွင်းလိုက်တဲ့ အခါ ဖျားနာတာမတွေ့ရဘဲ သူမရဲ့ ခုံခံစနစ်က တုန့်ပြန်တာတွေ့ရပါတယ်။

 

နောက်ထပ်လေ့လာမှုအရ နာနိုခုခံအားဟာ အယ်လ်ဖာနှင့် ဘီတာမျိုးဗီဇကွဲတွေကို နှိမ်နှင်းနိုင်စွမ်းရှိတာတွေ့ရပါတယ်။

ဒီလို နာနိုခုခံအားကိုသုံးပြီး ကိုဗစ်ကို တိုက်ခိုက်တာဟာ  ယခင်ကမရှိသေးခဲ့ပါဘူး။

 

ဩဂုတ်လတုန်းကလည်း အစ္စရေးနှင့် အမေရိကန်သုတေသနသမားတွေဟာ လာမားအမည်းရောင်ကလေးတစ်ကောင်ကို သူ့ဆီက ခုခံအား ဒယ်လ်တာကိုတိုက်ခိုက်ဖို့ သုံးလို့ရနိုင်မလား လေ့လာခဲ့ကြပါသေးတယ်။

 

၂၀၂၀ဇွန်လတုန်းက ဆွီဒင်သိပ္ပံပညာရှင်တွေဟာ တိုင်ဆွန်ဆိုတဲ့ အဲလ်ပါကား ဂျာမဏီက ကုလားအုတ်တစ်ကောင်က ထုတ်လုပ်တဲ့ ခုခံအားကိုလေ့လာခဲကြပါတယ်။

 

၂၀၂၀ မေလမှာ တက္ကဆပ်တက္ကသိုလ်က သိပ္ပံပပညာရှင်တွေဟာ ဝင်းတားလို့ခေါ်တဲ့ လာမားကုလားအုတ်တေစ်ကောင်းဆီက နာနိုခုခံအားကိုလေ့လာပြီး ယခုလိုပဲ ကောက်ချက်ဆွဲခဲ့ကြတာဖြစ်ပါတယ်။

 

Source J-Post