Published 25 Sept 2021

အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ်ရှိ စူပါမားကက်တစ်ခုတွင် သေနတ်နှင်ပစ်ခတ်တဲ့အတွက်  လူတစ်ဦးသေဆုံးပြီး ၁၄ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်မှာ သေနတ်သမားဟာ အဲဒီဆိုင်ရဲ့ ဆူရှီလုပ်ငန်းတစ်ခု လုပ်ကိုင်ခဲ့တဲ့ ပြင်ပလူတစ်ဦးဖြစ်ပြီး သူဟာ မြန်မာဒုက္ခသည်တစ်ဦးရဲ့ သားဖြစ်တယ်လို့ အေပီက သတင်းရေးသားပါတယ်။

သေနတ်ဖြင့်ပစ်ခတ်သူဟာ အသက်၂၉နှစ်အရွယ် ယူကေ သန်  UK Thang ဆိုသူ ဖြစ်ပြီး  ခရိုဂါမှာ နေ့တွက်အခြေခံနှင့် အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ ရဲက ပြောပါတယ်။

သူမိဘတွေဟာ နက်ရှ်ဗီလီ မှာ အခြေချတဲ့ မြန်မာဒုက္ခသည်တွေဖြစ်တယ်လို့ မိသားစုရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

သူဟာ မိမိဘာသာရတဲ့ သေနတ်ဒဏ်ရာနှင့် သေဆုံးပုံရတယ်လို့ ရဲကပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေထဲမှာ ဝန်ထမ်း၁၀ဦးနှင့် ဈေးဝယ်သူ  ၅ ဦးတို့ဖြစ်ကြပါတယ်။ အချို့ဒဏ်ရာရထားသူတွေဟာ အခုစိုးရိမ်နေရဆဲဖြစ်တယ်လို့လည်း ကိုလီယာဗီလီရဲချုပ် ဒါလီလိန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ အိုလီဗီယာကင်းဆိုသူဖြစ်ပြီး ကလေးသုံးယေက်မိခင်မုဆိုးမတစ်ဦးဖြစ်တယ်လို့ လိန်းကပြောတဲ့အကြောင်း သေဆုံးသူရဲ့ မိတ်ဆွေတွေက ပြောပါတယ်။

ရဲတွေက ပစ်ခတ်သူရဲ့နေအိမ်ကို ကြာသပတေးနေ့က ရှာဖွေခဲ့ကြပြီး အီလက်ထရွန်းနစ် ပစ္စည်းတွေဖြုတ်ယူသွားတယ်လို့သိရပါတယ်။

ဘာကြောင့်သေနတ်နှင့်ဝင်ပစ်တာမှန်း ရဲကအသိသေးပဲရှိပါတယ်။  ပစ်ခတ်သူရဲ့ မိဘတွေဟာ နက်ရှ်ဗီလီမှာနေထိုင်ကြပြီး မြန်မာနိုင်ငံကရောက်ရှိလာတဲ့ ခရစ်ယာန်ဒုက္ခသည် အသိုင်းအဝန်းကဖြစ်ပါတယ်လို့ ကျန်ရစ်သူမိသားစုဆီမှာ ဆုတောင်းပေးဖို့ ရောက်နေတဲ့ မိသားစုရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ အောင်ကျော်က ပြောတယ်လို့ သတင်းကရေးသားပါတယ်။

ကိုလီယာဗီလီခရိုဂါ စူပါးမားကက်အတွင်းမှာ Thang ဟာ ဆူရှီလုပ်ငန်းလုပ်နေသူဖြစ်တယ်။ အဲဒီစတိုးဆိုင်လုပ်ငန်းကြီးနှင့် ဘယ်လိုချိတ်ဆက်စီစဉ်လုပ်ကိုင်နေတယ်ဆိုတာတော့ သူမသိဘူးလို့ အောင်ကျော်က ပြောပါတယ်။

 

သူမိဘတွဟာ သူ့သားအခုလိုပါဝင်ပတ်သက်တဲ့ကိစ္စအတွက် အတော်စိတ်မကောင်းဖြစ်နေကြပြီး သေဆုံးဒဏ်ရာရသူတွေ အတွက်ဆုတောင်းပေးနေတယ်လို့ အောင်ကျော်က ပြောပါတယ်။

သူ့အမေက အတော်ဝမ်းနည်းနေတယ်။သူပင်ပန်းနွမ်းနယ်နေတယ် လို့လည်း သူကပြောပါတယ်။

သူတို့ရဲ့သားကိုတော့ ပုဂ္ဂိုလ်ရေးအရ သိပ်မသိဘူးလို့ “ကျော်” ကပြောပါတယ်။

ပစ်ခတ်သူဟာ တစ်ကိုယ်တည်းဆောင်ရွက်ခဲ့သူဖြစ်ပြီး မည်သူမည်ဝါရည်ရွယ်ပစ်ခတ်တာမဟုတ်ဘူးလို့ ရဲကပြောပါတယ်။ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ အဲဒီအဆောက်အဦထဲကို သူက ဝင်မွှေသွားတာဖြစ်တယ်လို့ဆိုပါတယ်။ပစ်ခတ်မှုအားလုံးက မိနစ်ပိုင်းကလေးပဲကြာပါတယ်လို့ရဲကဆက်ပြောပါတယ်။

Source AP