Published 24 Sept 2021
ပြုံယမ်းအပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒ ရုပ်သိမ်းဖို့ဦးတည်တဲ့ အာမံခ့ချက်မရှိတဲ့ အလျောက် တောင်ကိုရီးယားနှင့် စစ်ပြီးဆုံးကြောင်း တရားဝင်ကြေညာဖို့ကိစ္စက အချိန်မတိုင်သေးပါဘူးလို့ မြောက်ကိုးရီးယားမီဒီယာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရီသဲဆွန်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကေစီအင်န်အေက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တောင်ကိုးရီးယားသမ္မတ မွန်းဂျေအင်က အင်္ဂါနေ့တုန်းက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားရာမှာ ကိုးရီယားစစ်ပွဲကို တရားဝင်အဆုံးသတ်ဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သူက ကိုးရီးယားနှစ်နိုင်ငံနှင့် အမေရိကန် ဒါမှမဟုတ် အမေရိကန်နှင့်တရုတ် တို့ အတူတကွ စစ်ပြီးဆုံးကြောင်း ကြေညာဖို့ သူက အဆိုပြုလိုက်ပါတယ်။
ကိုးရီးယားနှစ်နိုင်ငံဟာ ၁၉၅၀-၁၉၅၃ စစ်ပွဲမှာ ငြိမ်းချမ်းရေးသဘောတူညီချက်ထက် အပစ်အခတ်ရပ်စဲရေးပဲ သဘောတူ ခဲ့ကြတာကြောင့် နှစ်နိုင်ငံဟာ နည်းပညာပိုင်း(သဘောတရား)အရ စစ်ဖြစ်နေတုန်းရှိနေသေးတာပါ။
“ ကိုးရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ အပေါ် ဝန်းရံနေတဲ့ နို်ငံရေးအခြေအနေ မပြောင်းလဲသမျှ ဘာတစ်ခုမျှပြောင်းလဲမှာမဟုတ်ဘူး။ စစ်ပွဲအဆုံးသတ်ပြီလို့ အကြိမ်တရာမက ကြေညာ ကြေညာ အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒဟာ မရွေ့ဘူး” လို့ ဒုဝန်ကြီးရီက ကေစီအင်န်အေကို ပြောခဲ့ပါတယ်။
ကိုးရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကိုအာမခံရေးအတွက် အမေရိကန်ဟာ သူ့ရဲ့ စံနှစ်မျိုးနှင့် ရန်လိုတဲ့မူဝါဒကို ရုပ်သိမ်းပေးရမယ်” လို့ သူကပြောပါတယ်၊
ဝါရှင်တန်နှင့် ဆွေးနွေးရေးစိတ်ဝင်တစားရှိလာစေဖို့ ပြုံယမ်းအနေနှင့် သဘောပေါက်လာလိမ့်မယ်လို့သူယုံကြည်တယ်လို့ တောင်ကိုးရီးယားသမ္မတ မွန်းက ပြောပါတယ်။ဒါပေမယ့် သူ့သက်တမ်းအတွင်းဖြစ်လာဖို့က မကျိမ်းသေဘူးလို့ဆိုပါတယ်။ သူဟာ ၂၀၂၂မတ်လမှာ သမ္မတသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းပြောဆိုအပြီး အပြန်မှာ တောင်ကိုးရီးယားသမ္မတက ဂျက်လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ ဆွေးနွေးဖို့ တံခါးဖွင့်ထားစဉ်မှာ မြောက်ကိုးရီးယားဟာ ရွေးချယ်စရာလမ်းတွေ ချိန်ဆနေပုံရပါတယ်” လို့ သူကပြောပါတယ်။
မြောက်ကိုးရီးယားကိုဝန်းရနေတဲ့ နူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေ အကျပ်အတည်းပြသနာကို ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုဟာ တည့်တံ့တဲ့ သံခင်းတမန်ခင်း လိုလားတယ် လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က မြောက်နှင့် တောင်ကိုးရီးယားနှစ်နိုင်ငံလုံးက ဒုးကျည်တွေ အပြိုင်အဆိုင်ပစ်လွှတ်ခဲ့ကြပါတယ်။