Published 24 Sept 2021
ကာကွယ်ဆေးထုတ်လုပ်မှုတိုးမြှင့်လာခြင်းက ကမ္ဘာလုံဆိုင်ရာထောက်ပံ့မှုကို အသေအချာဖြစ်စေတဲ့အလျောက် ကိုဗစ်-၁၉ ကပ်ဘေးဟာ တစ်နှစ်လောက်မှာ အဆုံးသတ်သွားနိုင်တယ်လို့ ထင်မြင်ကြောင်း မိုဒါနားရဲ့ အမှုဆောင်အရာှရှိချုပ် စတက်ဖိန်းဘန်ဆဲလ်က ဆွစ်သတင်းစာ Neue Zuercher Zeitung ကိုပြောကြားခဲ့ပါတယ်။
“ ပြီးခဲ့တဲ ခြောက်လက ကာကွယ်ဆေးထုတ်လုပ်နိုင်မှု ချဲ့ထွင်ခဲ့တာကိုကြည့်ရင် လာမယ့်နှစ်လယ်ပိုင်းလောက်မှာ လုံလောက်တဲ့ ကာကွယ်ဆေးတွေရလာလိမ့်မယ်။ တစ်ကမ္ဘာလုံးက လူတိုင်း ကာကွယ်ဆေးထိုးနိုင်မယ်။ လိုအပ်လာတဲ့ ကာလတစ်ခုမှာ အားမြှင့်ဆေးကလည်း ရှိနိုင်သင့်တယ်” လို့ သူက သတင်းစာအင်တာဗျူးမှာ ပြောပါတယ်။
ကာကွယ်ဆေးဟာ မွေးကင်းစကလေးတွေအတွက်ပါ မကြာခင်ရလာလိမ့်မယ်လို့လည်း သူကပြောပါတယ်။
“ ကာကွယ်ဆေးမထိုးတဲ့သူတွေလည်း သဘာဝအရကို ခုခံအားရလာလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒယ်လ်တာဟာ သိပ်ကူးစက်လွန်းလို့ဖြစ်တယ်။ အဲသလိုနှင့် တုပ်ကွေးလိုအခြေအနေမျိုး ဆိုက်ရောက်သွားလိမ့်မယ်။ ကာကွယ်ဆေးထိုးထားရင် ဆောင်းတွင်းမှာ ခင်ဗျားအေးအေးဆေးဆေးပဲ။ မထိုးရင် ဖျားနားပြီး ဆေးရုံတောင်ရောက်သွား နိုင်တယ်” လို့သူကပြောပါတယ်။
ဆိုလိုချင်တာက လာမယ့်နှစ်ဝက်မှာ ပုံမှန်ပြန်ဖြစ်သွားမယ့်သဘောလားလို့ သူ့ကိုမေးတဲ့အခါ သူက ဒီကနေ့စပြီး နောက်တစ်နှစ်လို့ ကျွန်တော်ခန့်မှန်းတယ်” လို့ သူကဖြေပါတယ်။
အစိုးရတွေက ကာကွယ်ဆေးထိုးပြီးသူတွေကို အားမြှင့်ဆေးထိုးပေးဖို့မျှော်လင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ဆောင်းဦးရာသီတုန်းက ဆေးထိုးထားသူတွေဟာ အန္တရာယ်ရှိနေလို့ဖြစ်တယ်” လို့ သူကပြောပါတယ်။
သူတို့ရဲ့ အားမြှင့်ဆေးဟာ မူလဆေးပမာဏာရဲ့တစ်ဝက်သာရှိပါတယ်။ အဲဒါကြောင့် လူတွေအရေအတွက်များများ ထိုးလို့ရနိုင်မှာဖြစ်ပါတယ်။ လာမယ့် နှစ်မှာ ၂ဘီလျံဆေးလုံးထက်များပြီး ဆေးတွေ ၃ဘီလျံရရှိမှာဖြစ်တယ် လို့သူက တွက်ချက်ပြပါတယ်။ အားမြှင့်ဆေးမှာပါတဲ့ဖွဲ့စည်းပုံနှင့် မူလဆေးဖွဲ့စည်းပုံအတူတူပဲဖြစ်တယ်။မိုဒါနားကပြောင်းလဲပေးဖို့ အချိန်မရလို့ဖြစ်တယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့ ဒယ်လ်တာကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကို ဆေးခန်းအဆင့်စမ်းသပ်မှုတွေ လောလောဆယ်လုပ်နေပါတယ်။အဲဒါတွေကိုအခြေခံပြီဂ ၂၀၂၂ အားမြှင့်ဆေးတွေဖြစ်လာမယ်” လို့ သူကရှင်းပြပါတယ်။
“ကျွန်တော်တို့က ဒယ်လ်တာနှင့်ဘီတာပေါင်းကာကွယ်ဆေးလည်း ကြိုးစားနေယ်။ အဲဒီနှစ်ခုပေါင်းပုံစံက လာမယ့် သန္ဓေပြောင်းဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြတယ်”
Source CNA