Published 21 Sept 2021

လာအိုနိုင်ငံ မြောက်ပိုင်းရှိ ထုံးကျောက်ဂူများတွင် တွဲလောင်းခိုနေကြတဲ့ လင်းနို့တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်တာ တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ဖြစ်ရတဲ့အကြောင်းရင်းကို တိတိကျကျဖော်ထု်ဖို့ ပိုမိုနီးကပ်လာပြီလို့ ဘလွမ်းဘတ် သတင်းဌာနက ရေးသားပါတယ်။

ပြင်သစ်နိုင်ငံ ပေ့စ်တောအင်စတီကျူနှင့် လာအိုတက္ကသိုလ်တွေက သုတေသနမှူးတွေဟာ ရာပေါင်းများစွာသော မြင်းခွာလင်းနို့တွေကြားထဲမှာ ကိုဗစ်-၁၉ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေနှင့် ဆင်တူတဲ့ ဗိုင်းရပ်စ်တွေ သယ်ဆောင်ထားတာကို တွေလိုက်ကြရတာဖြစ်ပါတယ်။

အဲဒီထဲက သုံးမျိုးဟာ ကိုရိုနာဗိုင်းရပ်စ်ထဲက စပိုက်ပရိုတိန်း အစိတ်အပိုင်းနှင့် နီးနီးကပ်ကပ် တစ်ထေရာတည်းနီးပါး ဖြစ်နေတဲ့ ဗိုင်းရပ်စ်တွေ့ရှိရပါတယ်။

အဲဒီတွေ့ရှိချက်ကို စက်တင်ဘာ ၁၇ရက်ထုတ် စာတမ်းထဲမှာ ဖော်ပြထားတာဖြစ်ပြီး သဘာဝဂျာနယ်က ထုတ်ဝေဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ယခုကပ်ရောဂါဟာ လင်းနို့သယ်ဆောင်တဲ့ဗိုင်းရပ်စ်ကနေတစ်ဆင့် ကူးလာတာလို့ ယခင်တွေးဆချက်တွေကို ဒီသုတေသနက အထောက်အကူဖြစ်စေပါတယ်။

လာအိုမှာတွေ့ရတဲ့ ဗိုင်းရပ်စ်သုံးမျိုးဖြစ်တဲ့ BANAL-52၊ BANAL-103 နှင့် BANAL-236 တို့ဟာ ယနေ့တွေ့နေရတဲ့ ဆားစ်ကော့ဗ်-တူးရဲ့ မျိုးရိုးရင်းတွေဖြစ်လိမ့်မယ်လို့ ပါရီရဲ့ ပက်စ်တောအင်စတီကျူက ရောဂါပစ္စယဌာနမှူး နှင့် စာတမ်းကိုတွဲဖက်ရေးသားသူ ဒေါက်တာ မာ့ခ်အီလိယော့တ်က ပြောပါတယ်။
“ဒီဗိုင်းရပ်စ်တွေဟာ ဆားကော့ဗ်တူးမူရင်းဗိုင်းရပ်စ်ကို ထုတ်လုပ်ပေးလိုက်တာဖြစ်နိုင်တယ်လူသားကို တိုက်ရိုကူးစက်မှု အနာဂတ်အန္တရာယ်မြင့်မားနေတယ်”လို့ သူကပြောပါတယ်။
ယခုတွေ့ရတဲ့ ဗိုင်းရပ်စ်ဟာ ယူနန်က လင်းနို့တွေမှာတွေ့ခဲ့ရတဲ့ အနီးဆုံးတူတယ်ဆိုတဲ့ ဗိုင်းရပ်စ်ထက် ပိုပြီးတော့ ဆားကော့ဗ်တူးနှင့် နီးစပ်စွာတူနေတာဖြစ်ပါတယ်။

ဂူတွေအနီးအနားမှာ အချိန်ကုန်နေကြတဲ့သူတွေ ဥပမာ ငှက်ချေးကောက်သူတွေ ဟာ ဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အန္တရာယ် မြင့်မားနေကြပါတယ်။

“ ဒီစာတမ်းက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ကျွန်မတို့ ဒါမျိုးသုတေသနတွေများများလိုတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နည်းပညာအဖွဲ့ခေါင်းဆောင် ဒေါက်တာမာရီယာဗန်ကာကော့ဗ်က အီးမေးလ်ဖြင့် ပြန်လည် တုန့်ပြန်မှတ်ချက်ပေးပါတယ်။
သုတေသနသမားတွေဟာပြီးခဲ့တဲ့နှစ်ဇူလိုင်ကနေ ယခုနှစ် ဇန်နဝါရီအတွင်း လာအိုရဲ့ နေရာလေးနေရာက လင်းနို့ ၆၄၅ကောင်ဆီကနေ နမူနာ ၄၆ ခုရယူခဲ့ကြတာဖြစ်ပါတယ်။

Source :Bloomberg