Published 20 Sep 2021 
ဇူလိုင်လ၂၁ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်အရ အထူးစိုးရိမ်ဖွယ်ရာရှိသည့် COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ ၊ဒေသအဖြစ်သတ်မှတ်ခဲ့သော်လည်း စက်တင်ဘာလ၉ရက်နေ့တွင်ပြောင်းလဲလိုက်သည့်COVID–19ကူးစက်ရောဂါစီမံချက်များ၏ အခြေခံဆောင်ရွက်ချက်မူဝါဒများအရ စက်တင်ဘာလ ၁၇ရက်နေ့တွင် မြန်မာနိုင်ငံကို ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သောစီမံချက်အရCOVID–19မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနေရာဟု မှတ်ယူဆောင်ရွက်သင့်သောနိုင်ငံ၊ ဒေသအဖြစ်ပြောင်းလဲသတ်မှတ်လိုက်တယ်လို့သိရပါတယ်။
ထိုပြောင်းလဲသတ်မှတ်ချက်နဲ့အတူ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၂ နာရီမှစတင်၍ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူအားလုံးအတွက် ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ရေးဌာန၏ဌာနမှူးက သတ်မှတ်သည့်နေရာ (ဟိုတယ်) တွင် သီးသန့်နေထိုင်စောင့်ကြည့်သည့်ကာလကို ယခင် ၆ ရက်ကြာမှ ၃ ရက်ကြာ (ပြည်ဝင်သည့်နေ့ မပါဝင်ပါ) သို့ လျော့ချလိုက်တယ်လို့သိရပါတယ်။
ထို့အပြင် ပြည်ဝင်ပြီးနောက် ၃ ရက်မြောက်နေ့ (ပြည်ဝင်သည့်နေ့ မပါဝင်ပါ) တွင် စစ်ဆေးသော PCR စစ်ဆေးမှုရလဒ်အရ COVID – 19 ကူးစက်ရောဂါကင်းစင်ကြောင်း တွေ့ရှိရပါက မိမိနေအိမ် စသည်တို့၌ ပြည်ဝင်သည့်နေ့၏ နောက်တစ်ရက်မှစတင်၍ ၁၄ရက်ပြည့်သည်အထိဆက်လက်သီးသန့်နေထိုင်ရမယ်လို့သိရပါတယ်။
ဂျပန်နိုင်ငံသို့ ပြည်ဝင်ပြီးသည်နှင့်ချက်ချင်း PCR စစ်ဆေးမှုခံယူပြီးနောက် ဟိုတယ်သို့ အထူးစီစဉ်ထားသည့်ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးခြင်း၊ သီးသန့်စောင့်ကြည့်နေထိုင်သည့်ကာလ ပြီးဆုံးချိန်တွင် လေဆိပ်သို အထူးစီစဉ်ထားသည့် ဘတ်စ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်းများနှင့် ဟိုတယ်တွင် တည်းခိုစရိတ်မှာအခမဲ့ (အစိုးရမှထောက်ပံ့ခြင်း) ဖြစ်ပြီး အစားအသောက် ထောက်ပံ့ပေးခြင်းများ စသည်တို့မှာ ယခင်သတ်မှတ်ချက်အတိုင်းဖြစ်တယ်လို့သိရပါတယ်။