Published 18 Sept 2021

စင်္ကာပူအမျိုသား ကူးစက်ရောဂါဌာနရဲ့ လေ့လာမှုတစ်ခုတွင် ဘူကစ်မာရားဗျူးဈေးနှင့် ဟောကာစင်တာတွင် ကိုဗစ်ကူးစက်ခံရသူတွေဟာ ပုံမှန်အားဖြင့် သစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေကို လက်ဗလာနှင့်ကိုင်တွယ်နေကြလေ့ ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

အဲဒီကူးစက်မှုအတွဲဟာ ၉၄ဦးအထိရှိခဲ့ပြီး ဆိုင်၁၈၂ဆိုင်ကို နှစ်ပတ်ပိတ်ပစ်ခဲ့ရပါတယ်။

စထရိတ်တိုင်းမ်သတင်းစာက ဈေးဝယ်ထွက်သူတွေ ဘာတွေကြိုတင်ကာကွယ်သင့်တယ်ဆိုတာကို အခုလိုဖော်ပြထားပါတယ်။

မေး- သစ်သီးဝလံဟင်းသီးဟင်းရွက်တွေကို ထိတွေ့ကိုင်တွယ်တာ ရှောင်သင့်သလား လက်အိတ်ဝတ်ပြီး ကိုင်တွယ်သင့်သလား။
 
ဖြေ- မလိုပါ။ ထိတွေ့ကိုင်တွယ်တာကို ရှောင်ရှားဖို့မလိုပါ။ ပြီးတော့ လက်အိတ်ဝတ်ပြီးကိုင်ဖို့လည်း မလိုပါ။ စင်္ကာပူ အမျိုးသားတက္ကသိုလ်ဆေးရုံက အကြီးတန်းကူးစက်ရောဂါပညာရှင် ပါမောက္ခ ဒါလ်ဖစ်ရှာက လက်အိတ်စွပ်ခြင်းက လက်သန့်ရှင်းမှုအတွက် အဟန့်အတားပင်ဖြစ်စေနိုင်ပါတယ်လို့ ပြောပါတယ်။
“ လူတွေက လက်အိတ်ကို တောက်လျောက်ဝတ်ဆင်ထားမယ်ဆိုရင် သူတို့ဟာ လက်အိတ်ကြီးစွပ်ရင်းနှင့်ပဲ လက်ကိုင်အိတ်တွေ၊မျက်နှာတွေနှင့် ဖုန်းတွေကိုကိုင်ကြမှာပဲ။ အဲဒီအခါ အကယ်၍ လက်အိတ်ပေါ်မှာ ရှိနေတဲ့ကိုဗစ်အမှုန်အစက်တွေရှိနေမယ်ဆိုရင် အခြားနေရာတွေကို ရောဂါပိုးရောက်သွားစေမှာဖြစ်တယ်” လို့ သူကပြောပါတယ်။
 
စင်္ကာပူ စောဆွီဟုတ် ပြည်သူ့ကျန်းမာရေးကျောင်းရဲ့ဌာနမှူး ပါမောက္ခတီအိုယစ်ယန်းကလည်း အဲဒီအချက်ကို သဘောတူပါတယ်။ လူတွေက လက်အိတ်က သူတို့ကို အကာအကွယ်ပေးထားတယ်လို့တွေးပြီး လက်သန့်ရှင်းရေးကို ခပ်ပေါ့ပေါ့ဖြစ်နေရင် လက်အိတ်က ဗိုင်းရပ်စ်ဖြန့်တဲ့ အရာတောင်ဖြစ်သွားနိုင်ပါသေးတယ်လို့ သူကပြောပါတယ်။
 
“ လက်ကို မကြာခဏဆေးတာက ပိုကောင်းပါတယ်။ လက်အိတ်ဝတ်တာထက် အယ်လ်ကိုဟောအခြေခံတဲ့ လက်ဆေးရည်ပုလင်းသေးတွေကို သယ်သွားပြီး မကြာခဏလက်ကိုသုတ်လိမ်းဆေးကြောပစ်ဖို့လိုပါတယ်” လို့ ပါမောက္ခဖစ်ရှာက ပြောပါတယ်။
 
Clinical Microbiology and Infectionရဲ့ အာရှပိစိတ်ဖိတ်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ပေါတမ်ဗျာ ကလည်း သဘောတူမျှပါတယ်။ အယ်လ်ကိုဟော အခြေခဲ လက်သန့်ဆေးအသုံးပြုတာဟာ ဆပ်ပြာနှင့်ရေလိုပဲ ကောင်းမွန်ပါတယ် လို့ သူကပြောပါတယ်။
 
“ လက်အိတ်စွပ်တာဟာ သိပ်ပြီးလက်တွေ့မကျဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကူးစက်မှုမဖြစ်အောင် လက်အိတ်ကို ခဏခဏ လဲလှယ်ပေးဖို့လိုအပ်လို့” လို့ သူကဖြည့်စွက်ပြောပါတယ်။
 
မေး- သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေ ရွေးတဲ့အခါ ဘယ်လိုကြိုတင်ကာကွယ်မှုတွေလုပ်ရမလဲ
 
ဖြေ- အခြေခံတစ်ကိုယ်ရေသန့်ရှင်းမှုကသာ အရေးကြီးဆုံးပဲလို ပါမောက္ခဖစ်ရှာက ပြောပါတယ်။ “ အသီးတွေကို ဆေးကြောပြီးမှ စားသောက်ပါ။ လက်ကိုမကြာခဏဆေးပါ။ မျက်နှာကို လက်ကကိုင်မိတာရှောင်ပါ။ ဒါတွေဟာ အခြေခံကျတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတွေဖြစ်တယ်။ ကလေးတွေလိုသင်ယူရမယ်” လို့သူကပြောပါတယ်။
လူတွေက ငါးတွေကို ကိုင်တွယ်ပြီး ငါးဝယ်တာတွေဟာ သုတေသနပြုချက်အရ အန္တရာယ်ရှိတဲ့ အလုပ်မဟုတ်ဘူး။ အထူးသဖြင့် ပါးဟက်ကိုကိုင်ကြတာ။ ဈေးထဲမှာ အများကြီးပဲ လို့ ပါမောက္ခ တမ်ဗျာက ပြောပါတယ်။
 
“ လူတိုင်းက ငါးကိုင်ပြီးရင် လက်ဆေးဖို့က အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ လက်သန့်ရှင်းရေးအတွက် အရေးကြီးတာကို ပြသနေပါတယ်” လို့ ဆိုပါတယ်။
 
မေး- စူပါမားကက်တွေ ဒါမှမမဟုတ် သာငါးဈေးတွေက လူတွေ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေ ကောက်ကိုင်ပြီး ရွေးကြတာကို မလုပ်ကြဖို့ ပြောသင့်သလား ဒါမှမဟုတ် အဲဒါတွေကို ထုတ်ပိုးထားပြီးရောင်းသင့်သလား။
 
မဝယ်ရသေးတဲ့ အစားအစာကို ဈေးဝယ်သူတွေ လက်နှင့်မကိုင်တွယ်တာတော့ အကောင်းဆုံးပါ။ ဒါပေမယ့် လက်တွေ့လုပ်ဖို့ သိပ်ခက်တယ်လေ။ အကယ်လို့ လက်သန့်ရှင်းမှုကို ကောင်းကောင်းထိန်းသိမ်းထားမယ်ဆိုရင် စူပါမားကက်တွေနှင့် သားငါးဈေးတွေမှာလက်ရှိ ခင်းကျင်းစီမံတဲ့ပုံစံ ပြောင်းလဲပစ်စရာမလိုပါဘူး လို့ ပါမောက္ခ ဖစ်ရှာက ပြောပါတယ်။
လူတွေက သစ်သီးတွေကိုင်တွယ်ကြည့်တာ ဖြစ်ညစ်ကြည့်တာ အဲဒီအကျင့်တွေကို ပြောင်းလဲပစ်ဖို့အတော်ခက်တယ်။ ဒါပေမယ့် ငယ်ရွယ်သူတွေကတော့ စူပါမားကက်တွေမှာ ထုတ်ပိုးထားတဲ့ သစ်သီးတွေကို ဝယ်ယူကြရတာ ပိုနှစ်သက်လာ ကြတာတွေ့ရတယ်လို့ ပါမောက္ခ တမ်ဗျာက အလားတူပြောပါတယ်။
 
“ ထုတ်ပိုးတာက ညစ်ညမ်းမှုကို လျှော့ချပေးပေမယ့် တစ်ဘက်မှာစွန့်ပစ်ပစ္စည်းပြသနာကိုဖြစ်စေတယ်” လို့ သူကဖြည့်စွက် ပြောပါတယ်။
 
မေး-ဈေးထဲက ကူးစက်မှုအတွဲတွေက သစ်သီးဝလံတွေနှင့် ဟင်းသီးဟင်းရွက်တွေကနေ ကိုဗစ်-၁၉ မျက်နှာပြင်ကူးစက်မှုကြောင့် ဖြစ်နိုင်သလား
 
ဖြေ- ပစ္စည်းတွေကိုင်တွယ်ရာကနေ မျက်နှာပြင်ကူးက်မှု ဖြစ်နိုင်ချေရှိပေမယ့် အဲဒီဈေးမှာဖြစ်တာကတော့ ဒီလိုကူးစက်မှုမျိုး ဖြစ်နိုင်ချေနည်းတယ်။
 
အဲဒီအစား ဘူကစ်မာရားလို ဈေးတွေက ဗိုင်းရပ်စ်ကူးကြီးဆိုတာနှင့် အများကြီးကူးစက်သွားနိုင်တဲ့ အခြေအနေတွေရှိတယ်။ ဖြစ်နိုင်တာတွေကတော့ လူတွေကြပ်ညပ်နေတာ၊ အေးတဲ့မျက်နှာပြင်တွေက ဗိုင်းရပ်စ်ရှင်းသန်နေဖို့ အခွင့်အလမ်းဖြစ်စေတာ၊ ပြီးတော့ လူတွေက မျက်နှာနှင့်နှာခေါင်းစည်းကို သေသေချာချာမတပ်ကြတာတွေပဲ ဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။
 
ဒယ်လ်တာကြောင့်လည်း မျက်နှာပြင်ကူးစက်မှုကို ပိုပြီးဖြစ်စေဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ ပါမောက္ခ တီအိုကပြောပါတယ်။
ကူးစက်ခံထားရသူတစ်ဦးချင်းဆီမှာကို ဗိုင်းရပ်စ်ပမာဏက ပိုများနေတော့ သူစကားပြောရင် ချောင်းဆိုးရင် နှာချေရင် ဗိုင်းရပ်စ်တွေ ပိုထုတ်လွှတ်နေတာကြောင့်ဖြစ်ပါတယ်။

Source: The Straits Times