Published 18 Sept 2021

ပြီးခဲ့တဲ့လက ကဘူးကို ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် ကလေး ၇ ဦးအပါအဝင် အရပ်သား ၁၀ဦးသေဆုံးခဲ့ရပါတယ်လို့ အမေရိကန် စစ်တပ်က သောကြာနေ့က ပြောဆိုလိုက်ပြီး အဆိုပါဖြစ်ရပ်ကို ဝမ်းနည်းဖွယ်မှားယွင်းမှုလို့ ခေါ်ဝေါ် တောင်းပန်လိုက်တယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။

ဩဂုတ်၂၉ရက် က အိုင်အက်စ် အသေခံဗုံးခွဲသမားကို ပစတ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့တယ်လို့ ပင်တဂွန်က စောစောပိုင်းမှာ ပြောထားခဲ့တာဖြစ်ပါတယ်။

အရပ်သားသေဆုံးမှုတွေ ပေါ်ပေါက်လာခဲ့သည်တိုင် အမေရိကန်ထိပ်တန်းဗိုလ်ချူပ်ကြီးကတော့ တိုက်ခိုက်မှုဟာ တရားနည်းလမ်းကျတယ်လို့ပဲ ပြောပါတယ်။

အဲဒီအချိန်တုန်းက လေဆိပ်ကတပ်တွေကို လက်ငင်းခြိမ်းခြောက်နေမှုကို တားဆီးနိုင်ခဲ့တယ်လို့ သူယုံကြည်တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချူပ်ကြီး ဖရင့်န်မက်ကဇင်းက ပြောပါတယ်။

“  တိုက်ခိုက်မှုဟာ ဝမ်းနည်းဖွယ် မှားယွင်းမှု ဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုက အခု ကောက်ချက်ချပါတယ်” လို့ သူက  သတင်းထောက်တွေကို ပြောပါတယ်။

အသတ်ခံခဲ့ကြရတဲ့ သူတွေဟာ ပြည်တွင်းအိုင်အက်စ်အဖွဲ့တွေ၊ အိုင်အက်စ်အိုင်အက်စ် ခိုရာစံ ဒါမှမဟုတ် အမေရိကန်တပ်တွေကို ခြိမ်းခြောက်သူတွေ မဖြစ်နိုင်ဘူးလို့ သူ အခုယုံသွားတဲ့အကြောင်း သူက ပြောပါတယ်။

ဒရုန်းကြောင့် နိုင်ငံတကာအဟာရနှင့်ပညာရေးဆိုတဲ့ အင်န်ဂျီအိုမှာ အလုပ်လုပ်နေတဲ့ မစ္စတာ အာမက်ဒီ သေဆုံးသွားရတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

“ မစ္စတာ အာမက်ဒီနှင့် အိုင်အက်စ်အိုင်အက်စ်- ခိုရာဆန်အကြား ဘာဆက်နွယ်မှုမှမရှိဘူးဆိုတာ ကျွန်တော်တို့ အခုသိရပါပြီ။ အဲဒီနေ့က သူလုပ်တာကိုင်တာတွေကို ဘာအန္တရာယ်မှပေးတာတွေမရှိဘူး။ ပြီးတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ လက်ငင်း ခြိမ်းခြောက်မှုနှင့်လည်း မဆက်စပ်ဘူး” လို့ အော်စတင်က ကြေညာချက်ထဲမှာ ဆိုပါတယ်။

“ ကျွန်တော်တို့တောင်းပန်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ အမှားကနေ သင်ယူဖို့ ကြိုးပမ်းအားထုတ်ပါမယ်” လို့ သူကပြောပါတယ်။

Source: Reuters