Published 14 Sept 2021
ဗြိတိန်နိင်ငံ အစိုးရရဲ့ အမျိုးသား ကျန်းမာရေးလုပ်ငန်းက ကင်ဆာရောဂါပေါင်း ၅၀ကျော်ကို ရောဂါလက္ခဏမပြသခင် စစ်ဆေးပေးနိုင်တဲ့ ဂရေးလ် ကုမ္ပဏီရဲ့ ဂရေးလ်.အို (GRAL.O) ကမ္ဘာ့အကြီးဆုံး အထင်ကရဖြစ်တဲ့ ဂယ်လ်လာရီ Galleri သွေးစစ်ဆေးမှုကို တနင်္လာနေ့မှာ စတင်စမ်းသပ်တော့မယ်လို့ သိရပါတယ်။
ဂယ်လာရီစစ်ဆေးမှုဟာ လူနာရဲ့သွေးထဲက ဒီအင်န်အေကို ကြည့်ပြီး ကင်ဆာဆဲလ်တွေထဲက တစ်ခုခုရှိနေသလား သိရှိ ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ကင်ဆာကို စောစောစီးစီးသိရှိကုသပေးနိုင်ခြင်းဖြင့် အသက်ရှင်နှုန်းကို တိုးလာစေမှာဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးလုပ်ငန်းက အင်္ဂလန်မှာ စေတနာဖြင့်ပါဝင်ပေးသူ တစ်သိန်းလေးသောင်းခန့် ခေါ်ယူလိုနေပါတယ်။ ကြံရာ ကျရာစမ်းသပ်စစ်ဆေးမှုပုံစံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒီစမ်းသပ်မှုဟာ ဘယ်လောက်အလုပ်ဖြစ်သလဲဆိုတာကို သိလို၍ ဖြစ်ပါတယ်။ ပါဝင်သူတွေရဲ့ တစ်ဝက် ရဲ့ သွေးနမူနာတွေကို ဂယ်လာရီစစ်ဆေးမှုနှင့် ချက်ခြင်းစစ်ဆေးပေးမယ်လို့ ဆိုပါတယ်။
“ ကင်ဆာတွေကို နောက်ကျမှ သိရှိရတဲ့ အရေအတွက်ကို သိသိသာသာ ဘယ်လောက် လျှော့ချပေးနိုင်မလဲဆိုတာကို သိရှိဖို့ အတွက် ဂယ်လာရီစစ်ဆေးမှုကို ကျွန်တော်တို့ ဂရုတစ်စိုက် လေ့လာဆောင်ရွက်ဖို့ လိုပါတယ်” လို့ လန်ဒန် ကင်းတက္ကသိုလ်ရဲ့ ကင်ဆာကာကွယ်ရေးဆိုင်ရာ ပါမောက္ခ ပီတာ ဆရှန်နီက ပြောပါတယ်။
“ ဒီစမ်းသပ်မှုဟာ ကင်ဆာကို စောစောစီးစီးသိရှိဖို့ အပြောင်းအလဲကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလိုအရေးကြီးတဲ့ သုတေသနကို ဦးဆောင်လုပ်ဆောင်နေရတဲ့အတွက် စိတ်လှုပ်ရှားနေကြပါတယ်” လို့သူက ပြောပါတယ်။
ဗြိတိန်မှာ အဆုတ်ကင်ဆာဟာ ကင်ဆာကြောင့် သေဆုံးမှု အဖြစ်အများဆုံးပါ။ ကင်ဆာရောဂါတွေအားလုံးကြောင့် သေဆုံးမှုရဲ့ ငါးပုံတစ်ပုံအထိရှိပါတယ်။ အဆုတ်၊အူမကြီး၊ဆီးကြိတ်နှင့်ရင်သားကင်ဆာတွေက စုစုပေါင်းသေဆုံးမှုရဲ့ ၄၆ ရာခိုင်နှုန်းရှိနေပါတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
Source: Reuters