ပဋိပစ္စည်းတွေဟာ ဗြိတိန်မျိုးကွဲလို့ ယခင်ကသိထားပြီး ယခုအယ်လ်ဖာနှင့် ကမ္ဘာတစ်လွှားကြီးစိုးနေတဲ့ ဒယ်လ်တာမျိုးဗီဇကွဲ နှစ်ခုစလုံးကို ကောင်းကောင်း အကာအကွယ်ပေးနိုင်ပုံရတယ်လို့ သုတေသနတစ်ခုအရသိရပါတယ်။ 

လွန်ခဲ့တဲ့ တစ်နှစ်ကကိုဗစ်-၁၉ကြောင့်နာမကျန်းဖြစ်ခဲ့ရသူတွေထဲမှာ ၈၀ရာခိုင်နှုန်းဟာ အဲဒီဗိုင်းရပ်စ်တွေကို ခုခံနိုင်တဲ့ ပဋိပစ္စည်းရှိနေတာတွေ့ရတယ်လို့ ဆွီဒင်အသိုက်အဝန်းတစ်ခုလေ့လာချက်မှာ တွေ့ရှိရတာဖြစ်ပါတယ်။
 
အဲဒီလေ့လာမှုကို ဒန်ဒတ်ဆေးရုံက ဆေးရုံဝန်ထမ်း၂၀၀၀နှင့်ပြုလုပ်ခဲ့တာပါ။ သူတို့က သူတို့ဟာ လေးလတစ်ကြိမ် သွေးစစ်ရပြီး သွေးစစ်ချက်တွေကို ပေးပို့ရပြီး အထူးပြလုပ်ထားတဲ့ အက်ပလီကေးရှင်းကနေ မေးခွန်းတွေကို ဖြေပေးကြပါတယ်။
 
“ သူတို့ထဲက တော်တော်များများဟာ အနံ့ပျောက် အရသာပျောက်ဖြစ်ကြပြီး နေထိုင်မကောင်းဖြစ်ကြတယ်။ ၁၀ ရာခိုင်နှုုန်းက ဘာရောဂါလက္ခဏာမှ မပြဘဲ ကူးစက်ခံကြရတယ်” လို့ ဒန်ဒတ်ဆေးရုနှင့် ကာရိုလင်စကာ အင်စတီကျုရဲ့ ဆရာဝန်ကျောင်းသူ ဆီဘက်ရှန်းဟာဗာဗယ်လ်က ဆွီဒင် နိုင်ငံပိုင်ရုပ်သံ SVT ကိုပြောခဲ့ပါတယ်။
 
အဲသလိုလေ့လာတဲ့အခါ အယ်လ်ဖာနှင့် ဒယ်လ်တာအပေါ် ပဋိပစ္စည်းရဲ့ ကာကွယ်နိုင်စွမ်းက ကောင်းမွန်ကြောင်းတွေ့ရတာပါ။ ဒါပေမယ့် တောင်အာဖရိကနှင့်ဘရာဇီးမျိုးဗီဇကွဲလို့ ယခင်ကခေါ်ခဲ့ပြီး ယခုဘီတာနှင့်ဂမ်မာလို့သိကြတဲ့ မျိုးဗီဇကွဲတွေအပေါ်တော့ ကာကွယ်မှုနိမ့်တယ်လို့သိရပါတယ်။
 
“ ဘီတာနှင့် ဂမ်မာအပေါ် ကာကွယ်နိုင်တဲ့အတိုင်းအတာက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းကြားပဲ ရှိပါတယ်” လို့ ဆီဘက်ရှန်း ဟာဗာဗယ်လ် ကပြောပါတယ်။
ဒန်ဒတ်ဆေးရုံက သုတေသနအဖွဲ့ဟာ အရင်က ကူးစက်ခံထားရပြီးသူတွေအတွက် ကာကွယ်ဆေး ဘယ်နှစ်လုံးလိုအပ်မလဲ ဆိုတာကိုပါ သုတေသနပြုလုပ်ခဲ့ကြပါတယ်။
 
တွေ့ရှိချက်အရ သူတို့အတွက် ဖိုက်ဇာ တစ်လုံးနှင့် လုံလောက်တယ်လို့ ဆိုပါတယ်။ အက်စထရာဇင်နီကာ ဆိုလည်း တစ်လုံးပဲလိုတယ်လို့ သူတို့ကပြောပါတယ်။
“ သူတို့ဟာ ကူးစက်တာကာကွယ်ဖို့ တစ်လုံးနှင့် အားမြှင့်ဖို့ နောက်ထပ်တစ်လုံးပေါ့။ သူတို့ဟာ ဖိုက်ဇာဆေးနှစ်လုံး ထိုးထားပြီး ကူးစက်မခံထားရတဲ့သူတွေနှင့် ယှဉ်ရင် ကာကွယ်မှုကောင်းကောင်း ဒါမှမဟုတ် အနည်းငယ်ကောင်း တာတွေ့ရတယ်” လို့ ဆီဘက်ရှန်းက အဆုံးသတ်ပြောကြားပါတယ်။ 
 
ဒီကနေ့အထိ ဆွီဒင်နိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူပေါင်း ၁.၁၁ သန်းရှိနေပြီး လူပေါင်း ၁၄၆၀၀ သေဆုံးခဲ့ရပါတယ်။ ကျန်တဲ့ စကင်ဒီနေဗီးယားနိုင်ငံတွေအားလုံးပေါင်းထက်တောင် များနေတာဖြစ်ပါတယ်။ 

Source: SPN