Published 19 August 2021

ကာဘူးလေဆိပ်ကသူတွေကို ကယ်ထုတ်လို့ရနိုင်သမျှ ကယ်ထုတ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ တာလီဘန်တွေက အာဖဂန်ကို သိမ်းလိုက်ပြီးနောက် လူထောင်ပေါင်းများစွာဟာ နိုင်ငံကထွက်ခွာဖို့ လေဆိပ်မှာ  ပြုံတိုးနေတာဖြစ်ပါတယ်။