Published - 18 August 2021
ပြီးခဲ့တဲ့နှစ်ရက်က လှုပ်ရှားခဲ့တဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဟေတီနိုင်ငံမှာ အဆောက်အဦတွေရဲ့အောက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိလိုရှိငြား ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုကလည်း ချည်းကပ်နေတဲ့အချိန်ဖြစ်တာမို့ ပိုပြီးဆိုးရွားလာမယ့် အရေးလည်းဖြစ်နေပါတယ်လို့ အေအက်ဖ်ပီက သတင်း ပေးပို့ပါတယ်။