Published-17 August 2021

တာလီဘန်တွေက သူတို့ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ရက် အင်္ဂါနေ့က ကာဘူးမှာကျင်းပခဲ့ပါတယ်။ သူတို့က အခြားနိုင်ငံတွေနှင့် ငြိမ်းချမ်းတဲ့ဆက်ဆံရေးလိုချင်တယ်၊ပြီးတော့ အစ္စလမ်ဥပဒေရဲ့မူဘောင်အတွင်းကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားမယ်လို့ပြောပါတယ်။သတင်းစာရှင်းလင်းပွဲမှာ သူတို့ရဲ့ အဓိကပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဇက်ဘီဟူလားမူဂျာဟစ်က ပြောဆိုခဲ့တဲ့ အချက်တွေကို ကောက်နှုတ်ရရင်

-အမျိုးသမီးတွေကို အလုပ်လုပ်ခွင့် ပညာဆည်းပူးခွင့်ပေးမယ်၊အလွန်တက်ကြွတဲ့ လူမှုအဖွဲ့အစည်းဖြစ်လိမ့်မယ်။ ဒါပေမယ့် အစ္စလမ်ရဲ့မူဘောင်အတွင်းကပဲဖြစ်ရမယ်။

-စစ်သားဟောင်းတွေနှင့် အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပြုပေးထားတဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို ဒဏ်မခတ်ဘူး။  

-အာဖဂန်အစိုးရစစ်သားတွေနှင့် နိုင်ငံတကာတပ်ဖွဲ့တွေမှာ အလုပ်လုပ်ကြတဲ့ ကန်ထရိုက်တာတွေနှင့် ဘာသာပြန်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် အာမခံတယ်

-ဘယ်သူကမှ ခင်ဗျားတို့ကို အန္တရာယ်မပေးဘူး။ ဘယ်သူကမှ ခင်ဗျားတို့ကို တံခါးလာမခေါက်ဘူး

-ပုံနှိပ်မီဒီယာတွေ လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်းလုပ်နိုင်တယ်။ တာလီဘန်တွေဟာ ယဉ်ကျေးမှုမူဘောင်အတွင်းကနေ မီဒီယာလွတ်လပ်ခွင့်ပေးမယ်

Source: Reuters