Published 17 August 2021
အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂန်နီဟာ နိုင်ငံကထွက်ပြေးစဉ်မှာ ငွေတွေကို ကားလေးစီးနှင့် ရဟတ်ယာဉ် အပြည့်ယူဆောင်သွားပြီး ထပ်ထည့်မရလို့ အချို့ငွေတွေ ဒီအတိုင်းကျန်ရစ်ခဲ့တယ်လို့ ကာဘူးမှာရှိတဲ့ ရုရှားသံရုံးက ပြောတယ် လို့ RIA သတင်းအေဂျင်စီရဲ့သတင်းကို ကိုးကားပြီးရိုက်တာကရေးသားလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ တာလီဘန်တွေ ကာဘူကို ဝင်လာစဉ် အာဖဂန်ကထွက်သွားတဲ့ ဂန်နီ ယခုဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မသိပါဘူး။ သူကတော့ သွေးထွက်သံယိုဖြစ်မှာကို သူရှောင်ရှားလိုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
တာလီဘန်တွေကို ခပ်မြန်မြန်အသိအမှတ်ပြုမှာမဟုတ်ပေမယ့် ရုရှားအနေနှင့် ကာဘူးမှာ သံရုံးဆက်ရှိနေပြီး သူတို့ရဲ့ အပြုအမူတွေကို အနီးကပ်စောင့်ကြည့်နေမယ်လို့ ရုရှားကပြောပါတယ်။
“ ကားလေးစီးမှာငွေတွေအပြည့်ပဲ။ ရဟတ်ယာဉ်ထဲ ကျန်တဲ့ ပိုက်ဆံတွေထပ်တည့်တယ်။ ဒါပေမယ့် အကုန်မဆံ့ဘူး။အဲဒါကြောင့် အချို့ပိုက်ဆံတွေဆို ကတ္တရာလမ်းပေါ် ဒီအတိုင်းကျန်ခဲ့တယ်” လို့ ကဘူးက ရုရှားသံရုံးပြောရေးဆိုခွင့်ရသူ နစ်ကစ်တာ အိုင်ချင်ကို ကပြောပါတယ်။
သူအဲသလိုပြောခဲ့တာဟုတ်ပါတယ်လို့ သူက ရိုက်တာကို အတည်ပြုပါတယ်။
သူက သူ့ရဲ့ သတင်းပေးတွေဆီက မျက်မြင်သတင်းလို့ပြောပါတယ်။ သူ့သတင်းမှန်မမှန်ကိုတော့ ရိုက်တာအနေနှင့် သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။
ထွက်ပြေးသွားတဲ့ အစိုးရ ပိုက်ဆံဘယ်လောက်များများ ချန်ထားခဲ့သလဲဆိုတာကို မသိရဘူးလို့ အာဖဂန်နစ္စတန်က သမ္မတဗလက်ဒီမီယာပူတင်ရဲ့ အထူးကိုယ်စားလှယ် ဇမ်မီးယား ကာဘူလော့ဗ်က ခပ်စောစောပိုင်းက ပြောခဲ့ပါတယ်။
“ အစိုးရကထွက်ပြေးပြီး နိုင်ငံတော်ဘတ်ဂျက်က ပိုက်ဆံအားလုံးယူမသွားခဲ့ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်။တစ်ခုခု ကျန်ခဲ့ရင် ဘတ်ဂျက်ရဲ့ အောက်ခံလောက်တော့ ဖြစ်လိမ့်မယ်” လို့ သူက မော်စကိုရဲ့ အက်ဟိုမော်စ်ဗီရေဒီယိုကို ပြောပါတယ်။