Published 16 August 2021
အာဖဂန်နစ္စတန်ကိစ္စမှာ အမေရိကန်ပြည်ထောင်စုကို ထောက်ခံအားပေးခဲ့တဲ့ နေတိုးအဖွဲ့ကြီးရဲ့ စစ်ရေးပါဝင်ပတ်သက်မှု အချက်အလက်တွေကို ရိုက်တာ သတင်းဌာနက ပြစုထားတာ အောက်ပါအတိုင်းဖြစ်ပါတယ်။
 
#၂၀၀၁ စက်တင်ဘာ ၁၂- ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ရက်တွင် အယ်ကေးဒါး စစ်သွေးကြွတွေက အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးမဟာမိတ်အဖွဲ့ကြီးက ယင်းတို့ရဲ့ အပြန်အလှန် ကာကွယ်ရေးအပိုဒ်ကို ဆယ်စုနှစ်ခုနှစ်စု သမိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်မှီငြမ်း ကိုးကားပါတယ်။
 
#စက်တင်ဘာ ၁၁ရက်တိုက်ခိုက်မှုမှာ စီစဉ်ညွှန်ကြားခဲ့သူ အယ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို လက်သင့်ခံထားတဲ့ တီလီဘန်ခေါင်းဆောင်တွေကို အမေရိကန်ခေါင်းဆောင်တဲ့ တပ်ဖွဲ့တွေက အနိုင်ရပြီးတဲ့နောက် ၂၀၀၃ခုနှစ်မှာ နေတိုးဟာ နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အာဖဂန်မှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ပြီး အာဖဂန်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အဆင့်မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ISAF လို့သိထားကြတဲ့ မစ်ရှင်ကို Resolute Supportဆိုတဲ့ လေ့ကျင့်ရေးစစ်ဆင်ရေး နှင့် အစားထိုးခဲ့ပါတယ်။ ဧပြီလအထိ အဲဒီစစ်ဆင်ရေးမှာ နိုင်ငံပေါင်း ၃၆နိုင်ငံက တပ်အင်အား တစ်သောင်းဝန်းကျင်ထားရှိခဲ့ပါတယ်။
 
#၂၀၀၁ခုနှစ်ကတည်းက နိုင်ငံတကာစစ်ရေးမဟာမိတ်အဖွဲ့ဟာ အသေအပျောက် ၃၅၀၀ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်နိုင်ငံသားက ၂၄၀၀ ဦးပါဝင်တယ်လို့ အမေရိကန်ကွန်ဂရက် စာရင်းဇယားတွေအရ သိရပါတယ်။ တိုက်ပွဲတွေမှာ အမေရိကန်တပ်သား နှစ်သောင်းကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ www.icasulaties.org ဝက်ဘ်ဆိုက်က အသေအပျောက် ၃၅၇၇ ဦးလို့ထည့်သွင်းထားပါတယ်။အာဖဂန်ရဲတွေနှင့်စစ်သားတွေ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ကြရပါတယ်။
 
#နေတိုးတပ်ဖွဲ့တွေဟာ ၂၀၁၁မှာ အများဆုံးရှိခဲ့ကြတာပါ။ အာဖဂန်မှာ မဟာမိတ်နှင့်မိတ်ဖက်၅၅နိုင်ငံက နိုင်ငံခြားတပ်သား ၁၃၀၀၀၀ ကျော်ရှိခဲ့ပါတယ်။ ၂၀၀၃ခုနှစ်အိ နေတိုးဟာ အာဖဂန်စစ်တပ် နှင့်ရဲအရာရှိ သောင်းပေါင်းထောင်ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့ပါတယ်။အဲဒီအထဲမှာ အာဖဂန်လေတပ်လည်းပါဝင်ပါတယ်။
 
#အမေရိကန်ပြီးရင် ဂျာမဏီက အာဖဂန်မှာ ဒုတိယမြောက် တပ်ဖွဲ့အများဆုံးချထားတဲ့ နိုင်ငံပါ။ တာလီဘန်တွေရဲ့ ခြေကုပ်ယူရာနေရာဖြစ်တဲ့ အာဖဂန်မြောက်ပိုင်း ကန်ဒတ်စ်ပြည်နယ်မှာ ဂျာမဏီဟာ သူ့စစ်သားတွေ ဆုံးရှုံးရတာဟာ ဒုတိယကမ္ဘာစစ်အပြီးကတည်းက ကမ္ဘာပေါ်က ဘယ်နေရာက တိုက်ပွဲမှာမဆို သူ့စစ်သားးတွေကျဆုံးခဲ့ရတာတွေထက် များခဲ့ပါတယ်။
 
#အမေရိကန်တစ်နိုင်ငံတည်းတင် ၂၀၀၂ခုနှစ်ကတည်းက အာဖဂန်ကို အကူအညီပေးခဲ့တာတွေ စုစုပေါင်းဟာ အမေရိကန် ဒေါ်လာ ၁၄၀ ဘီလျံရှိခဲ့ပါတယ်လို့ အမေရိကန်ကွန်ဂရက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အာဖဂန်တပ်တွေကို ထောက်ပံ့ကူညီတာတွေအပါအဝင် အမေရိကန်တိုက်ပွဲစစ်ဆင်ရေးတွေရဲ့ ကုန်ကျစရိတ်ဟာ အဲဒီကာလတူ အတွင်းမှာ အမေရိကန်ဒေါ်လာ ၈၂၀ ဘီလျံရှိခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ခန့်မှန်းထားပါတယ်။
 
#အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲပါ။ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ်ရဲ့ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းထဲမှာ နိုင်ငံပေါင်း၁၈၉နိုင်ငံမှာ အာဖဂန်က အဆင့် ၁၆၉မှာရှိနေပါတယ်။ အာဖဂန်ရဲ့ ပျှမ်းမျှလူ့သက်တမ်းဟာ ၆၄နှစ်ဖြစ်ပြီး တစ်ဦးချင်းစီတစ်နှစ်တာဝင်‌ငွေ GNI per capita ဟာ အမေရိကန်ဒေါ်လာ၂၂၀၀ပဲရှိပါတယ်။
 
Sources: Report by Reuters: Factbox: Blood and billions of dollars: NATO's long war in Afghanistan
with sources from NATO, U.S. Congressional Research Service, U.S. Special Inspector General for Afghanistan Reconstruction (SIGAR), United Nations Development Programme, www.icasualties.org