16 August 2021
- တာလီဘန်တို့ သမ္မတအိမ်တော်အတွင်းဝင်ရောက်ပြီးထိန်းချုပ်လိုက်ပြီလို့ တာလီဘန်တပ်မှူးနှစ်ဦးက ပြောကြား။ထို့နောက် အယ်လ်ဂျာဇီးယားရုပ်သံတွင် တာလီဘန်တပ်မှူးများနှင့် လက်နက်ကိုင်တိုက်ခိုက်ရေး သမားများကို သမ္မတအိမ်တော်အတွင်းရှိနေပုံများလွှင့်ထုတ်ပြသ
- တာလီဘန်တွေက စစ်ပွဲပြီးဆုံးပြီဟုကြေညာ
- သူနိုင်ငံကထွက်ခွာရသည်မှာ သွေးထွက်သံယိုမှုနှင့် တာလီဘန်တို့နှင့် ရင်ဆိုင်တိုက်ခိုက်မှုကြောင့် ကဘူးရှိ သန်းပေါင်းများစွာသော ပြည်သူများ ဒုက္ခဖြစ်မည့်ဘေးကိုရှောင်ရှားလိုသောကြောင့်ဟု အာဖဂန်သမ္မတပြောကြား။
- ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တာလီဘန်နှင့်အခြားအဖွဲ့များအားလုံး အစွမ်းကုန် ချုပ်တည်းထားကြဖို့နှင့် အာဖဂန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အနာဂတ်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြား
- တနင်္ဂနွေညနေခင်းအထိ လူပေါင်း၅၀၀ခန့်ကို ကယ်ထုတ်ပြီးဖြစ်ပြီး အများစုမှာ အမေရိကန်နိုင်ငံသားများ ဖြစ်သည်ဟု အမေရိကန် အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ရိုက်တာ ကိုပြော။
- အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမ္မတ ဘိုင်ဒင် နှုတ်ထွက်ပေးရန် ကြေညာချက်ထုတ်ပြန်
- ပြင်သစ်၊ဂျာမနီနှင့်နယ်သာလန်တို့အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများကလည်း သူတို့နိုင်ငံသားများနှင့် အာဖဂန်ဝန်ထမ်းများကို ကယ်ထုတ်နေဟုကြေညာ
- ရုရှားက သူ့သံရုံးဝန်ထမ်းများကို ကယ်ထုတ်ရမည့် အချိန်မဟုတ်ဟုပြော။
- တူရကီက သူ့သံရုံးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဟုပြော
Source: Agencies