Published- 15 August 2021
တာလီဘန်တွေဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ အာဖဂန်နစ္စတန်ရဲ့ မြို့တော် ကဘူးကို စတင်ဝင်ရောက်လာပြီလို့ ပြည်ထဲရေး ဝန်ကြီးဌာနကိုကြေညာပါတယ်။ အဲဒီအချိန်မှာပဲ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့သံတမန်တွေကို ရဟတ်ယာဉ်တွေနှင့် ကယ်ထုတ်နေရပါတယ်။
 
တာလီဘန်တွေဟာ ဘက်အသီးသီးကနေ လာနေတယ်လို့သာ အကြီးတန်းအရာရှိက ရိုက်တာကိုပြောပြီး အသေးစိတ်ကိုတော့ သူက မပြောဘူးလို့ ရိုက်တာကရေးပါတယ်။
ကဘူးမြို့တော်ရဲ့ အချို့နေရာတွေမှာ သေနတ်သံတွေကြားရပေမယ့် နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကတော့ မြို့ကို ထိန်းသိမ်းထားပါတယ်လို့ အာဖဂန်သမ္မတအိမ်တော်က တွစ်တာမှာရေးပါတယ်။
 
အမေရိကန်သံတမန်တွေကို ခံစစ်ပြင်ထားတဲ့ ဝါဇီယာအက်ဘာခန်းဒေသမှာရှိတဲ့ သူတို့သံရုံးကနေ လေဆိပ်ကို ရဟတ်ယာဉ်တွေနှင့်အသွားအပြန် ကယ်ထုတ်ပေးနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
 
အစ္စလမ်မစ်အုပ်စုဖြစ်တဲ့ တာလီဘန်တွေက ကဘူးကို ရက်ပိုင်းအတွင်းသိမ်းလာနိုင်တဲ့အတွက် အမေရိကန်ဟာ သူ့လူတွေကယ်ထုတ်ဖို့ တပ်တွေထပ်စေလွှတ်ပေးနေရပါတယ်။
အမေရိကန်အတွင်းစည်းလူတွေဟာ ကဘူးလေဆိပ်မှာ အလုပ်လုပ်နေကြတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။ ဥရောပသမဂ္ဂက ဝန်ထမ်းတွေကိုလည်း မြို့တော်က ဘေးကင်းရာနေရာတစ်ခုကို ရွှေ့ပြောင်းထားတယ်လို့ နေတိုးအရာရှိတစ်ဦးက ရိုက်တာကိုပြောပါတယ်။
 
တာလီဘန်တွေက သူတို့အနေနဲ့ သွေးထွက်သံယိုဘာတစ်ခုမှမဖြစ်ချင်ဘူး။ဒါပေမယ့်လည်း အပစ်အခတ်ရပ်စဲရေးလည်း ကြေညာမှာ မဟုတ်ဘူးလို့ ရိုက်တာကို ပြောပါတယ်။
Source: Reuters & Agencies