Published 15 August 2021
ကူးစက်မြန်ဒယ်လ်တာကြောင့် တောင်ပိုင်းအနှံ့က ဆေးရုံတွေမှာ လူနာတွေပြည့်နေပြီး ကူးစက်ရောဂါဖြစ်ပွားမှုကို ရင်ဆိုင်တိုက်ခိုက်နေရချိန်မှာ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသည့် ကလေးငယ်များ အမေရိကန်ပြည်ထောင်စုတွင် စံချိန်တင်မြင့်တက်လာနေပြီး စနေနေ့အထိ ၁၉၀၀ ကျော်သွားပြီဖြစ်ပါတယ်။
 
အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ဆေးမထိုးရသေးသူ အများစုကို ပျံ့နှံ့ကူးစက်နေတဲ့ ဒယ်လ်တာမျိုးဗီဇကွဲကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆေးရုံတက်ရတဲ့သူတွေ များလာခဲ့ရာမှာ ဒီတစ်ပတ်စနေနေ့အထိ ကလေးငယ်တွေ ၁၉၀၂ ဦးရှိလာတယ်လို့ အမေရိကန်ကျန်းမာရေးနှင့်လူသားဝန်ဆောင်မှု ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
ကိုဗစ်ကြောင့် ဆေးရုံတက်ရသူတွေရဲ့ ၂၄ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေ ဖြစ်နေပါပြီ။ အသက်၁၂နှစ်အောက် ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်မပြုလို့ ကူးစက်မှုမြင့်မားတဲ့ မျိုးဗီကွဲအသစ်ရဲ့ ကူးစက်မှုတွေမှာ သူတို့ဟာ ခုံခံနိုင်စွမ်းမဲ့နေကြရတာဖြစ်ပါတယ်။
 
“ ဒီဟာက မနှစ်က ကိုဗစ်မဟုတ်ဘူး။ ဒီတစ်ခုက ဆိုးရွားတယ်။ ကျွန်မတို့ရဲ့ ကလေးသူယ်တွေဟာ ကူးစက်မှုကို အများဆုံးခံရမယ့်သူတွေ ဖြစ်လာနေကြပြီ” လို့ အမေရိကန်ကလေးဆေးပညာအကယ်ဒမီရဲ့ ဥက္ကဋ္ဌဟောင်း ဆယ်လီဂိုဇာက စီအင်န်အင်န်ကို ပြောပါတယ်။
 
အသက်၁၈က၂၉၊ ၃၀က၃၉၊ ၄၀က၄၉ ကြား ဆေးရုံတက်ရတဲ့ ကိုဗစ်လူနာတွေလည်း ဒီတစ်ပတ်ထဲ စံချိန်တင် မြင့်တက်လာတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ- စီဒီစီကပြောပါတယ်။
 
ကူးစက်မှုအသစ်တွေမြင့်တက်လာတဲ့အတွက် ကလေးတွေ ဒီလထဲ ကျောင်းပြန်တက်ကြရတဲ့အခါ Mask တပ်သင့် မသင့် ကွန်ဆာဗေးတစ်ပြည်နယ်ခေါင်းဆောင်တွေနှင့် ဒိစတြစ်တွေအကြား သဘောထား တင်းမာမှုတွေ ရှိလာနေပါတယ်။
 
ဖလော်ရီဒါ၊တက္ကဆပ်နှင့် အရီဇုံနာဒိစတြိတ်တွေဟာ သူတို့ရဲ့ ရီပတ်ဘလီကင်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ အမိန့်ကို အာခံပြီး သူတို့ရဲ့ ကျောင်းတွေမှာ mask တွေ မဖြစ်မနေတပ်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
 
Mask တပ်ဖို့စည်းကမ်းထုတ်ထားတဲ့ ဒိစတြိတ်တွေရဲ့ရန်ပုံငွေတွေကို ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်မပေးဘဲထားဖို့ ခြိမ်းခြောက်ထားပါတယ်။အဲဒီလိုပဲ ဒဲလတ်စ် စီရင်စုရဲ့ mask တပ်ရမယ့် စည်းကမ်းကိုလည်း ပြန်ပြင်ပေးဖို့ တက္ကဆပ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့တ်က ပြည်နယ်တရားရုံးချုပ်ကို အယူခံတင်ထားပါတယ်။
 
အမေရိကန်နဲ့ အကြီးဆုံး ကျောင်းဆရာသမဂ္ဂဖြစ်တဲ့ အမျိုးသားပညာရေးအသင်းက သူ့ရဲ့အဖွဲ့ဝင်တွေ ကာကွယ်ဆေးမထိုးမဖြစ် ထိုးရမှာကို ဒီတစ်ပတ်ထဲ ထောက်ခံထားပါတယ်။ ကျောင်းတွေဟာ ကျောင်းသူကျောင်းသားတွေ ဘေးကင်းကင်းနဲ့ ဒီနှစ်ထဲ ကျောင်းတွေပြန်တက်နေိုင်ဖို့ ကာကွယ်ဆေးကနေ mask အထိ သက်သာလျော့ပါးစေမယ့် မဟာဗျူဟာအားလုံးကို ကျင့်သုံးသင့်တယ်လို့ အဲဒီသမဂ္ဂဥက္ကဋ္ဌ ဘက်ကီပရင်ဂယ်လ်က ပြောပါတယ်။
 
“ ကျွန်မတို့ရဲ့ အသက်၁၂နှစ်အောက် ကျောင်းသားကျောင်းသူတွေ ကာကွယ်ဆေးမထိုးနိုင်ဘူး။ သူတို့ကို ဘေးကင်းအောင် ထားပေးဖို့က ကျွန်မတို့ရဲ့တာဝန်ပဲ။ ဘေးကင်းအောင်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်က ကာကွယ်ဆေးခွင့်ရှိသူတွေ အားလုံး ကာကွယ်ဆေးထိုးထားကြဖို့ပဲ” လို့ သူမက စီအင်န်အင်န်ကိုပြောပါတယ်။
 
အမေရိကန်မှာ ယခု နေ့စဉ် ကိုဗစ်ကူးစက်ခံရသူပေါင်း ပျှမ်းမျှအားဖြင့် ၁၂၉၀၀၀ ခန့်ရှိနေပါတယ်။ နှစ်ပတ်အတွင်း နှစ်ဆ လောက်တိုးလာတာဖြစ်ပါတယ်။ ဆေးရုံတက်ရသူတွေဟာ ခြောက်လအတွင်း အမြင့်ဆုံးဖြစ်လာပြီး တစ်ရက် တစ်ရက်ကို လူ ၆၀၀လောက်သေလုဆဲဆဲ အခြေအနေမှာ ရှိနေကြရတယ်။ ဇူလိုင်လကုန်နှင့်ယှဉ်ရင် သေဆုံးနှုန်းကလည်း နှစ်ဆတက်လာနေ တယ်လို့ ရိုက်တာက ရေးသားပါတယ်။
 
Source: Reuters