၂၉ မေ ၂၀၂၄

ထိုင်းနိုင်ငံရှေ့နေချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာအပေါ် ၂၀၁၉ခုနှစ်တုန်းက တေင်ကိုရီးယားမှာ အင်တာ   ဗျုးတစ်ခုကနေထိုင်းဘုရင်စနစ်ကိုစော်ကားမှု၊ ကွန်ပျူတာ ရာဇဝတ်မှုတွေနှင့် စွဲချင်တင်လိမ့်မယ်လို့ ဘန်ကောက်ပို့စ်က  သတင်းရေးပါတယ်။

ရှေ့နေချုပ်အမ်နက်ချက်ချာရိုအင်ရက်ဟာ ရဲတပ်ဖွဲ့ကအဆိုပြုထားတဲ့ အဆိုပါအမှုနှစ်ခုနှင့် သက်ဆင်အပေါ်စွဲချက်တင်ဖို့ ဆုံး    ဖြတ်ခဲ့တာလို့ ရှေ့နေချုပ်ရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပရာရွတ်ဖက်ချာရက်ခွန်က ယနေ့မေလ၂၉ရက်မနက်က ပြောကြားပါ   တယ်။

ဆုံးဖြတ်ချက်ဟာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်မှာ သက်ဆင်ပေးခဲ့တဲ့ အင်တာဗျူးကို ကိုးကားထားပါတယ်။ သက်ဆင်ဟာ  အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်သွင်းခဲ့တဲ့အတွက်လည်း ကွန်ပျူတာရာဇဝတ်မှုနှင့်သူ့ကိုစွဲချက်တင်တာဖြစ်ပါတယ်။

ဒါပေမယ့် အမှုစွဲရှေ့နေတွေက သက်ဆင်ကို တရားရုံး ချက်ခြင်းဆင့်ခေါ်ခြင်းတော့မပြုခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ရှေ့နေက သက်ဆင်ဟာ ကိုဗစ်ဖြစ်နေလို့ လာမယ့် တနင်္လာနေ့အထိ အနားယူဖို့လိုအပ်တယ်ဆိုပြီး ဆေးစာရွက် တင်သွင်းခဲ့ လို့ဖြစ်ပါတယ်။ သူဟာ ကြားနာမှုကို ဇွန် ၁၅ ရက်အထိရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒါကြောင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဇွန်လ ၁၈ ရက်နေ့ မနက်၉နာရီမှာ ရှေ့နေချုပ်ရုံးကို လာရောက်ဖို့  အစိုးရ ရှေ့နေတွေက သူ့ကို ဆင့်ခေါ်ထားတယ်လို့ မစ္စတာ ပရာရွတ်ကပြောပါတယ်။

ဧပြီ ၁၀ရက်နေ့တုန်းက မစ္စတာအမ်နက်ဟာ ဆုံးဖြတ်ချက်ကို ယခုဗုဒ္ဓဟူးနေ့ကို ရွှေ့ဆိုင်းပေးခဲ့တာဖြစ်ပါတယ်။

သက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ရက်မှာ ခံဝန်ဖြင့်လွတ်လာပြီးနောက် နည်းပညာမှုခင်းရဲဌာနခွဲက အဲဒီအမှုနှစ်ခုကို လွှဲယူခဲ့ပြီး သူ့ကို ယာယီလွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

ရှေ့နေချုပ်ရဲ့ကြေညာချက်နောက်မှာ သက်ဆင်ရဲ့ရှေ့နေ ဝင်ယတ်ချတ်မွန်ထရီက သူ့အမှုထည်ဟာ စွဲချက်တွေကို ရင်ဆိုင်ဖြေ ရှင်းလိမ့်မယ်လို့ပြောခဲ့ပါတယ်။

“ သက်ဆင်ဟာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အဆင်သင့်ပဲ” လို့သူကပြောပါတယ်။

အင်တာဗျူးမှာသက်ဆင်ပြောထားခဲ့တာတွေဟာ ဘုရင်စနစ်ကိုစော်ကားပြီး ကွန်ပျူတာရာဇတ်ဝတ်မှုဥပဒေနှင့်ညိစွန်းထား တယ်လို့ ရဲတပ်ဖွဲ့ကစွပ်စွဲထားပါတယ်။

Source: Bangkok Post

@ymg/knl