သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို သက်သာတဲ့စျေးနှုန်းတွေနဲ့ ရောင်းချပေးမယ့်စျေးပွဲတော်ကို နေပြည်တော်မှာ ယနေ့စတင် ကျင်းပနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 12 May 2025
#ဈေးရောင်းပွဲတော်စတင် #ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်း ၉၈မိုင်၊ နဂါးညီနောင်ကျောင်းတိုက်ရှိသဒ္ဓိအောင် နဂါးမင်းစေတီတော်ဌာပနာပိတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၇ ခု ကဆုန်လပြည့်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော်ဒေါက်တာဘဒ္ဒန္တ အာဒိစ္စဝံသ (ဘတ်ဒန်ဒအာဒိတ်စဝန်သ) ဆရာတော်ကြီးကိုယ်တိုင် ဌာပနာပိတ်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 May 2025
#သဒ္ဓိအောင်နဂါးမင်းစေတီတော် #ရေဆူဆရာတော်
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက် ထုတ်ပြန်တဲ့ စားအုန်းဆီရည်ညွှန်းဈေးမှာ တစ်ပိသာကို ၈၀ကျပ်အထိကျဆင်းလာတယ်လို့ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။
#Local_News
Published 12 May 2025
#စားအုန်းဆီရည်ညွှန်းကျဆင်း #စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း
#YMG/SW #Yangon_Times
မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် ပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင် ကိုပြီးခဲ့တဲ့ရက်က ပြန်လည်ဖွင့်နိုင်ပြီလို့ ဧရာဝတီဖောင်ဒေးရှင်း က သိရပါတယ်။
#Local_News
Published 12 May 2025
#မန္တလေးပြည်သူ့ဆေးရုံကြီး #(၉)ထပ်ဆောင်ပြန်လည်ဖွင့်
#YMG/NN #Yangon_Times
#Local_News
Published 12 May 2025
▪️ ယနေ့နံနက်စောပိုင်းက တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းပေါ်ရှိ ကားအလှဆင်ပစ္စည်းဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
▪️ ဖြစ်စဥ်မှာ ယနေ့ မေလ၁၂ရက် နံနက်၀၀ ၂၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ အမှတ်( ၄) ရပ်ကွက်၊ ပါရမီလမ်း ကားအလှဆင်ပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ No.3မီးသတ်အထောက်ကူပြုယာဉ်တစ်စီးနှင့်စေတနာ့ဝန်ထမ်း(၅)ဦးထွက်ခွါ၍ မီးလောင်ပြင်တွင်အသင်းပိုင်မီးသတ်ရေစုပ်စက်ဖြင့် မီးလောင်ပြင်အရှေ့ရှိ ရေမြောင်းတွင်ရေအထိုင်ချကာမီးသတ်ယာဉ်များရေဖြည့်တင်းပေးခြင်းနှင့်မီးငြိမ်းသတ်ရေးလုပ်ငန်းများအားမီးသတ်တပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများ၊နယ်မြေခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကို နံနက် ၀၀ ၄၄ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 12 May 2025
▪️ မန္တလေးငလျင်ကြီးဒဏ်သင့်ပြည်သူများအတွက် စစ်ကိုင်းမြို့၊နှစ်(၇၀၀) ဘောလုံးကွင်းအတွင်းတွင် ကျင်းပနေသည့် အိမ်ဆောက်ပစ္စည်းဈေးရောင်းပွဲတော်၌ တန်ဖိုးသင့်နေအိမ်များကိုလည်း ပြသထားကြောင်း ပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော်ကိုစစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် မေလ (၁၂)ရက်မှ(၁၆)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၂၂)ခန်းနှင့် ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာဆက်စပ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်းများပါဝင်ကြောင်း သိရသည်။
▪️ ထို့အပြင် ဈေးရောင်းပွဲတော်၌ ငွေကျပ် (၅၉)သိန်း တန်ဖိုးရှိ အလျား ပေ(၂၀)ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲရှိသည့် တန်ဖိုးသင့်နေအိမ်များကိုလည်း ပြသထားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ တန်ဖိုးသင့်နေအိမ်များကို ဝယ်ယူလှူဒါန်းလိုပါက ဈေးရောင်းပွဲတော်တွင် ပြသပေးထားသည့် နေအိမ်ဒီဇိုင်းအတိုင်း အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ ခရိုင်သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီမှဖြစ်စေ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 May 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧရိယာ ဧက သုံးထောင်ကျော်ရှိသောနယ်မြေကို' ရမန်းချောင်း ကြိုးပြင်ကာကွယ်တော ' အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၇၇၁) ဧကရှိသောနယ်မြေကို "ရမန်းချောင်း ကြိုးပြင်ကာကွယ်တော" အဖြစ် ဧပြီလ (၃၀)ရက်မှစတင်၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ သတ်မှတ်ခြင်းဖြင့် ယင်း ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ရော်၊ ပိုးမဲဇာ၊ ပိုးမဲဇာ၊ သစ်စေး၊ ဆီးဖြူ စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါ စသည့် တိရစ္ဆာန်ငယ်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 1 of 2015