တရုတ်ပြည်ထုတ် ARJ21 အရပ်ဖက်သုံးလေယာဉ်အား ကုန်းပြင်အမြင့်ပိုင်းဒေသများ၌ စမ်းသပ်ပျံသန်း
တရုတ်ပြည်မှ အရပ်ဖက်သုံးလေယာဉ် ARJ21 ဟာ စီချွမ်ပြည်နယ်မှ ဗုဒ္ဓဟူးနေ့က ကနဦးသရုပ်ပြပျံသန်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း တရုတ်အရပ်ဖက်လေယာဉ်ကော်ပိုရေးရှင်း (COMAC)က ဖော်ပြလိုက်ပါတယ်။
#Asia_Aviation
Published 23 August 2024
#အရပ်ဖက်သုံးလေယာဉ် #စမ်းသပ်ပျံသန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 August 2024
၁။ ရန်ကုန်၊ မန္တလေးလေဆိပ်များအပါအဝင် နယ်စပ်ဝင်ထွက်ပေါက်(၅)နေရာတွင် မျောက်ကျောက်ရောဂါစောင့်ကြပ်စစ်ဆေးခြင်းများ စတင်နေ
၂။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ စက်တင်ဘာ(၁)ရက်မှ စတင်လျှောက်ထားနိုင်
၃။ ဓာတ်ဆီနှင့်ဒီဇယ်ဈေးအနည်းငယ်ပြန်ကျ
၄။ တရုတ်ပြည်ထုတ် ARJ21 အရပ်ဖက်သုံးလေယာဉ်အား ကုန်းပြင်အမြင့်ပိုင်းဒေသများ၌ စမ်းသပ်ပျံသန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 August 2024
▪️ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်ရှိလမ်းဘေးစားသောက်ဆိုင်များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးဝန် ထမ်းများတာဝန်ရှိသူများပူးပေါင်း၍အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ စက်ရုံလမ်းရှိလမ်းဘေးစားသောက်ဆိုင်များအားဝမ်း ပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများရောင်းချနိုင်ရေးကျန်းမာ ရေးအသိ ပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်ပေးဝေခြင်း၊ ရေသန့်ဆေးပြားများပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဝန် ထမ်းများတာဝန်ရှိသူများပူးပေါင်း၍ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စိန်စီဂုဏ် ရောင်လမ်းရှိလမ်းဘေးစားသောက်ဆိုင်များအားဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာ ကွယ်ရေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများရောင်းချနိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခု ၂၀၂၄ ခုနှစ် ၇ လတာကာလအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသွား ၇သိန်းနီးပါး လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 23 August 2024
#ပြည်ပခရီးသွား #ဟိုတယ်နှင့်ခရီးသွားလာရေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမန်နေ့က ဒေါ်လာ၃၁သန်းထပ်မံထုတ်ရောင်းလာပြီး အခုရက်ပိုင်း အတွင်းသန်းပေါင်း ၁၃၀ကျော်အထိ ရောင်းချပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#Local_News
Published 23 August 2024
#ဗဟိုဘဏ် #ဒေါ်လာ၃၁သန်းထပ်မံထုတ်ရောင်း
#YMG/NN #Yangon_Times
ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေဖြစ်တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးတွေ ယမန်နေ့ကထက်အနည်းငယ်ပြန်ကျလာပြီး တစ်ပတ်တာအတွင်းနှိုင်းယှဉ်ရင်တော့ ဈေးဆက်တက်နေဆဲဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 23 August 2024
#ဓာတ်ဆီနှင့်ဒီဇယ်ဈေး #အနည်းငယ်ပြန်ကျ
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတွေကို စက်တင်ဘာလ(၁) ရက်နေ့ကနေစတင်ပြီး လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 23 August 2024
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် #စတင်လျှောက်ထားနိုင်
#YMG/tthl #Yangon_Times
မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့ ရန်ကုန်၊ မန္တလေးလေဆိပ်တွေနဲ့ နယ်စပ်ဝင်ထွက်ပေါက် (၅)နေရာမှာရောဂါစောင့်ကြပ်စစ်ဆေးရေးတွေဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 23 August 2024
#မျောက်ကျောက်ရောဂါ #ရောဂါစောင့်ကြပ်စစ်ဆေးရေး
#YMG/tthl #Yangon_Times
၂၃ ဩဂုတ် ၂၀၂၄
ယမန်နေ့ကပျက်ကျခဲ့တဲ့ ထိုင်းစင်းလုံးငှားလေယာဉ်တွင်လိုက်ပါသွားသူ အားလုံး သေဆုံးကုန်ပြီလို့ မှတ်ယူရလိမ့်မယ်လို့ ကယ် ဆယ်ရေး သမားတွေကပြောပါတယ်။
Cessna Caravan C208B အမျိုးအစား စင်းလုံးငှားလေယာဉ်ဟာ ယမန်နေ့ကြာသပတေးနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘူမိ လေဆိပ်မှ ပျံတက်ခဲ့ပြီး ၁၁မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ လူ (၉)ဦးလိုက်ပါသွားပြီး ထိုသူတို့မှာ တရုတ်နိုင်ငံမှ ခရီးသွား (၅)ဦးနှင့် လေယာဉ်မှူးများအပါအဝင် ထိုင်းနိုင်ငံသား (၄) ဦးတို့ဖြစ်ကြပါတယ်။
လေယာဉ်ဟာ ဘန်ကောက်မြို့ အရှေ့တောင်ဖက် ၆၂မိုင်ခန့်အကွာမှာ ထိုးစိုက်ပျက်ကျသွားခဲ့တာပါ။
“ ရုပ်အလောင်းတွေအများကြီးတွေ့ရတယ်” လို့ ချချိုအင်ဆောင်ပြယ်နယ်အုပ်ချုပ်ရေးမှူး ချွန်လက်တီယွန်တရောင်းက ပြောပါတယ်။ လေယာဉ်ဟာ ဒေါင်လောက်စောက်ထိုးဆင်းသွားတာဖြစ်လို့ မြေကြီးကို ၃၃ပေလောက်တူးဖော်ရမယ် လို့လည်း သူကပြောပါတယ်။
Thai Flying Service ကုမ္ပဏီမှာ မှတ်ပုံတင်ထားတဲ့ အဆိုပါ လေယာဉ်ဟာ ဘန်ကောက်မှ အရှေ့ပိုင်း တရက်ပြည်နယ်ကို ဦးတည် ပျံသန်းရင်းပျက်ကျခဲ့တာဖြစ်ပါတယ်။
Source: Reuters
၂၃ ဩဂုတ် ၂၀၂၄
နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မြန်မာအာဏာပိုင်တွေက တရုတ်နိုင်ငံသို့ ဩဂုတ် ၂၁ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။
အဆိုပါ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မကြာသေးမီက မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွေနှိမ်နှင်းရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Source CCTV
#World_News
Published 23 August 2024
▪️ ၂၄၉၂ ကာရက်ရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးစိန်တုံးကို ဘော့စ်ဝါနာမှာ တွေ့ရှိခဲ့ကြောင်း ကနေဒါကျောက်တူးဖော်ရေး ကုမ္ပဏီက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
▪️ ဘော့စ်ဝါနာအရှေ့မြောက်ပိုင်းရှိ ခရိုဝီစိန်သတ္တုမိုင်းနေရာမှာ အိတ်စ်ရေးရှာဖွေရေး နည်းပညာကို အသုံးပြုပြီး ထိုစိန်ကို ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ လူကာရာစိန်ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။
▪️ စိန်ရဲ့တန်ဖိုးကို ဘယ်လောက်ရှိနိုင်မလဲဆိုတာကို လူကာရာက မဖော်ပြထားပါဘူး။
▪️ ကာရက်နဲ့ တိုင်းတာမယ်ဆိုရင် ၁၉၀၅ ခုနှစ် တောင်အာဖရိကမှာ တွေ့ခဲ့တဲ့ ၃၀၁၆ ကာရက်ရှိ ကာလီနန်စိန်ပြီးရင် ဒုတိယအကြီးဆုံးစိန် ဖြစ်လာပါတယ်။
▪️ ဒီလိုမျိုး ဧရာမစိန်တုံးကြီးကို တွေ့ရှိတဲ့အတွက် အလွန်ဝမ်းသာကျေနပ်နေကြတယ်လို့ လူကာရာဥက္ကဌ ဝီလျံလမ့်ဘ်က ပြောထားပါတယ်။
▪️ ဒီတွေ့ရှိမှုက ကမ္ဘာပေါ်က တူးဖော်ရရှိခဲ့တဲ့ အကြီးဆုံးစိန်ရိုင်းတွေထဲက တစ်ခုဖြစ်ပြီး အရည်အသွေးမြင့် စိန်တုံးများ ရှာဖွေရန် ၂၀၁၇ ခုနှစ်က စတင်အသုံးပြုခဲ့တဲ့ မဂ္ဂါဒိုင်းမွန်းရီကာဗာရီ အိတ်စ်ရေးနည်းပညာကို အသုံးပြုကာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ လူကာရာဘော့စ်ဝါနာရဲ့ ကြီးကြပ်ညွှန်ကြားရေးမှူး နာဆင်းမ်လာရီက ဥက္ကဌ မော့ဂ်ဝီဆီမာဆီဆီကို လက်ဖဝါးအရွယ်လောက်ရှိတဲ့ စိန်တုံးပြသခဲ့ကာ တွေ့ရှိခဲ့တဲ့ကုမ္ပဏီအတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။
▪️ ဘော့စ်ဝါနာဟာ ကမ္ဘာပေါ်မှာ စိန်အများဆုံးထွက်ရှိရာ နေရာတွေထဲက တစ်ခုဖြစ်ပြီး စိန်တွေက ယင်းရဲ့အဓိက ဝင်ငွေရပေါက်ဖြစ်နေကာ ဂျီဒီပီ ၃၀ ရာခိုင်နှုန်းနဲ့ တင်ပို့မှု ၈၀ ရာခိုင်နှုန်းအထိ ပတ်သက်နေပါတယ်။
▪️ ခရိုဝီမှထွက်ရှိရောင်းချတဲ့ စိန်ရိုင်း စိန်ချောတွေရဲ့ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းကို အစိုးရသို့ ပေးအပ်တယ်လို့ လူကာရာက ဆိုပါတယ်။
▪️ နည်းပညာသစ်ဖြင့် တွေ့ရှိနိုင်ခဲ့တာဖြစ်ပြီး စိန်တုံးကြီးတွေကို မကျိုးမပဲ့ဘဲ ထုတ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ 77 Diamonds မှ တိုဘီယက်စ်ကော်မိုင်းက ဆိုပါတယ်။
▪️ ဒီမတိုင်ခင်က ဘော့စ်ဝါနာမှာ တွေ့ရှိထားတဲ့ အကြီးဆုံးစိန်က ၁၇၅၈ ကာရက်ရှိကာ ၂၀၁၉ ခုနှစ် လူကာရာကနေ ခရိုဝီသတ္တုမိုင်းမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဓာတ်ခွဲခန်းထုတ် စိန်တွေကြောင့် စိန်တူးဖော်ရေးလုပ်ငန်းတွေ ထိပါးလာကာ ဝယ်ယူမှု လျော့ကျလာကြောင်း၊ တူးဖော်ရရှိသမျှ စိန်တိုင်းက တန်ဖိုးရှိပြီး အကောင်းဆုံး အရည်အသွေးဖြင့် အသင့်လျော်ဆုံးဈေးရအောင် ပြုလုပ်ကြောင်း လူကာရာဘော့စ်ဝါနာဥက္ကဌ မော့ဂ်ဝီဆီမာဆီဆီက ဆိုပါတယ်။
▪️ လူကာရာနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ ထိုစိန်ဟာ ဒေါ်လာသန်း ၄၀ ခန့်အထိ တန်ကြေးရှိနိုင်တယ်လို့ သိရပါတယ်။
#Source: AFP
#World_Science
Published 23 August 2024
▪️ ကမ္ဘာပေါ်က သက်ရှိအားလုံးရဲ့ ဘုံတူညီတဲ့ မူလမျိုးရိုး(LUCA)သက်တမ်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်များ ထပ်မံလေ့လာပြုစုခဲ့ကြပါတယ်။
▪️ LUCA ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၂ ဘီလီယံခန့်မှာ ရှင်သန်နေခဲ့ကာ ယခင်ထင်ထားတဲ့ ကမ္ဘာမြေမူလအစအချိန်ကနဲ့ ပိုမိုနီးကပ်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
▪️ သက်ရှိအားလုံးရဲ့ မူလမျိုးရိုး LUCA ဟာ သက်ရှိသတ္တဝါပုံစံ ဟုတ်မဟုတ်ဆိုတာကို ရာစုနှစ်တွေကြာအောင် သိပ္ပံပညာရှင်တွေ အငြင်းပွားနေခဲ့ကြပါတယ်။
▪️ LUCA က ကမ္ဘာမြေကြီးရဲ့ သက်တမ်းနဲ့ တူတူနီးပါးလောက်ရှိတယ်လို့ လေ့လာချက်မှာ ခန့်မှန်းရပါတယ်။
▪️ ကမ္ဘာဂြိုဟ်ဖြစ်ပေါ်ပြီးတာနဲ့ ဇီဝဖြစ်စဉ်တွေရဲ့ အရေးကြီးအစိတ်အပိုင်းတွေ ဖြစ်တဲ့ မျိုးဗီဇအချက်အလက်နဲ့ ဒီအင်န်အေပွားခြင်းတို့ ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။
▪️ ဘက်တီးရီးယား၊ ပိုးမွှား၊ မှိုနဲ့ LUCA တို့ရဲ့ မျိုးဗီဇပစ္စည်း ၇၀၀ လောက်ကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ထိုထဲက မျိုးဗီဇပစ္စည်း ၅၇ မျိုးက ထိုသတ္တဝါများ ဆင့်ကဲပြောင်းလဲရာမှာ ပါဝင်ခဲ့တာကို တွေ့ခဲ့ကြပါတယ်။
▪️ တွေ့ရှိချက်များအရ LUCA ဟာ အလွန်ရှုပ်ထွေးတဲ့ ဘက်တီးရီးယားမျိုးဖြစ်ကာ အလင်းဖြင့် အစာချက်လုပ်နိုင်စွမ်း မရှိပါဘူး။
▪️ ဒီလေ့လာချက်ကနေ LUCA ရဲ့ သက်တမ်းကို တွက်ချက်ဖြေရှင်းနိုင်ဖွယ် ရှိပါတယ်။
▪️ LUCA ရဲ့ ပြန်လည်တည်ဆောက်ပုံကို လေ့လာခြင်းဖြင့် ကမ္ဘာပေါ်က သက်ရှိတွေ ဆင့်ကဲပြောင်းလဲလာပုံကို ပိုမိုသိရှိလာနိုင်ပါတယ်။
▪️ ဒီသုတေသနက နောက်ဆုံးမဟုတ်သလို သတ္တဝါအသစ်တွေ ပိုမိုတွေ့ရှိလာပြီး နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ LUCA ပြောင်းလဲလာပုံကို ပိုမိုသိရှိလာနိုင်ပြီး သက်ရှိများရဲ့ သဘာဝအစကို ပိုမိုနားလည်လာနိုင်မှာ ဖြစ်ပါတယ်။
#Source: NDTV
Page 81 of 1456