#Local_News
Published 3 February 2025
▪️ အသဲရောင်အသားဝါ စီပိုးအပါအဝင် အသဲရောဂါခံစားနေရသည့် ဝေဒနာရှင်များအတွက် ဆေးဝါးများကို ယခုလမှ စတင်၍ နိုင်ငံတော်မှအခမဲ့ပေးအပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
▪️ ထိုသို့အခမဲ့ ပေးအပ်ရာတွင် အသဲအဆီဖုံးရောဂါအပါအဝင် အသဲခြောက်ရောဂါ၊ အသဲကင်ဆာရောဂါဖြစ်စေနိုင်သည့် အသဲရောင်အသားဝါ စီပိုး (hepatitis-C) ရောဂါခံစားနေရသူများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရောဂါရှင်များ အနေဖြင့် အခမဲ့ဆေးဝါးထောက်ပံ့မှုအား သုံးလ သို့မဟုတ် ခြောက်လအထိ သောက်သုံးသွားရမည်ဖြစ်သောကြောင့် ဆေးဝါးကုသမှုအခမဲ့ရယူလိုသူ ဝေဒနာရှင်များအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ နီးစပ်ရာ ဆေးရုံ၊ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်သတင်းပေးပို့ကြရန် နှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်သတ်မှတ်နိုင်ဖို့ အဆိုပြုတင်သွင်းတဲ့ လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 3 February 2025
#မိုးယွန်းကြီးအင်း #အာဆီယံအမွေအနှစ်ဥယျာဉ်
#YMG/NN #Yangon_Times
ပြည်တွင်းထုတ် ပရိဘောဂနဲ့ ကြမ်းခင်းတွေကို စင်ကာပူနဲ့ အိန္ဒိယနိုင်ငံတွေကို အဓိကထားတင်ပို့နေတယ်လို့ မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 3 February 2025
#ပရိဘောဂနှင့်ကြမ်းခင်း #အခြေခံပရိဘောဂလုပ်ငန်း
#YMG/SW #Yangon_Times
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ စားအုန်းဆီရည်ညွန်းဈေးတွေကျဆင်းလာပေမယ့် ပြင်ပမှာရောင်းချနေတဲ့ ဈေးနှုန်းတွေကျဆင်းခြင်းမရှိဘူးလို့ ဈေးကွက်အတွင်းကသိရှိရပါတယ်။
#Local_News
Published 3 February 2025
#စားအုန်းဆီရည်ညွန်းဈေး #စားအုန်းဆီဈေးကျဆင်း
#YMG/SW #Yangon_Times
ရွှေဈေးကွက်အတွင်း လေပတ်ကား ရောင်းဝယ်တာတွေ ပပျောက်ရေးအပြင် မြန်မာ့ရွှေကို နိုင်ငံတကာသို့ရောင်းချနိုင်ရေးတွေကိုပါဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 3 February 2025
#ရွှေဈေးကွက် #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
#Local_News
Published_3 Feb 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဆောက်အဦးတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီက စတင်၍ ဆေးကုမ္ပဏီများက အများပြည်သူထံဆေးဝါးများ တိုက်ရိုက် ရောင်းချနေကြောင်း သိရသည်။
▪️ ယင်းကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ယနေ့မှစ၍ ဖေဖော်ဝါရီလ ၇ ရက်ထိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအရောင်းပွဲတော်တွင် ဆေးကုမ္ပဏီ (၆၁)မှ ဆေးဝါးမျိုးစုံပါဝင်ပြီး ဆေးဝါးဝယ်ယူမရရှိခြင်း အပါအဝင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသောအလားတူ ဆေးဝါးများကိုစိတ်ချစွာ ဝယ် ယူနိုင် ရန်အတွက် ဆွေးနွေးတိုင်ပင်၊လမ်းညွန်မှုပြုပေးနိုင်ရန် ဆရာဝန်နှင့်ဆေးဝါးနားလည် ကျွမ်းကျင်သူများထား ရှိဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
▪️ ယင်းအပြင် ယခုလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း အရောင်းစင်တာများကိုလည်း ထပ်မံဖွင့်လှစ်၍ ဆေး ကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့တိုက် ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#Yangon_Times/PP
#Local_News
Published 2 February 2025
▪️ နေပြည်တော်ရှိ ချယ်ရီဈေးရှိ ဆိုင်ခန်းများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူ နိုင်ရန် ရောင်းချပေးနေကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။
▪️ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ချယ်ရီဈေးတွင် တည်ဆောက်လျက်ရှိသည့် ကုန်စိမ်း/ကုန်စုံ ဆိုင်ခန်း များအား မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
▪️ ထိုသို့ရောင်းချပေးရာတွင် (၁)ခန်းလျှင် (၁၂'×၈')အကျယ်ရှိသောကုန်စိမ်း/ကုန်စုံဆိုင်ခန်းများအား မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း၊ ဝယ်ယူလိုသူများ အနေဖြင့် ဖေဖော်ဝါရီ ၁၃ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထား၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနသို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 03 February 2025
▪️ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ ထိပ်သီးလုံခြုံရေးအရာရှိ နှစ်ဦးက အီလွန်မက်စ်ရဲ့ ထိရောက်စီမံရေး အစိုးရဌာန(DOGE)မှ ကိုယ်စားလှယ်တွေ အဆောက်အဦရဲ့ ကန့်သတ်နေရာများသို့ ဝင်ရောက်ရန် ကြိုးပမ်းခြင်းကို တားဆီးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ထိုပုဂ္ဂိုလ်နှစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သတင်းရင်းမြစ် ၃ ခုက တနင်္ဂနွေနေ့မှာ ပြောသွားပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဖွဲ့က USAIDရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို ဖျက်သိမ်းဖို့လုပ်နေပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ထိန်းချုပ်မှုလက်အောက်သို့ ထားချင်နေကာ ဒီမတိုင်ခင်ကလည်း USAIDမှ ဝန်ထမ်းဒါဇင်ခန့် အလုပ်ထုတ်ပယ်ခံထားရပါတယ်။
▪️ USAIDမှ ဥပဒေရေးရာနဲ့ ပြည်သူ့ရေးရာဗျူရိုမှ ဝန်ထမ်း ၃၀ နီးပါးဟာ ညတွင်းချင်းမှာပဲ အီးမေးလ်ဝင်ရောက်ခွင့် မရတော့ဘဲ ရာထူးမှ အနားပေးခံရတဲ့ USAID အကြီးတန်းဝန်ထမ်းပေါင်း ၁၀၀ နီးပါးရှိလာတယ်လို့ သတင်းရင်းမြစ် ၅ ခုက ဆိုပါတယ်။
▪️ လုံခြုံရေးခွင့်ပြုချက်မရှိတဲ့ DOGEဝန်ထမ်းတွေကို USAID လုံခြုံရေးအရာရှိများက ဝင်ရောက်ခွင့်မပေးဖို့ လုပ်နေခဲ့ကာ ယမန်နေ့က DOGEဟာ အဆောက်အဦသို့ ဝင်ခွင့်ရခဲ့ပြီလို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။
▪️ လုံခြုံရေးအမှုထမ်းတွေကို ဖက်ဒရယ်ဥပဒေ စိုးမိုးရေးအေဂျင်စီဌာနဖြင့် ခြိမ်းခြောက်ခဲ့ကြပြီးနောက် USAID လုံခြုံရေးညွှန်ကြားရေးမှူး ဂျွန်ဗော်ဟီးစ်နဲ့ လက်ထောက်တို့ကို ရာထူးကနေ ဖယ်ရှားပြီး အနားယူခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
▪️ ဒီအေဂျင်စီမှာ အစွန်းရောက်တစ်သိုက် ကြီးစိုးနေတာကြောင့် ဖယ်ရှားနေတယ်လို့ ထရမ့်က ပြောသွားပါတယ်။
▪️ USAIDဟာ ကမ္ဘာတဝှမ်းက အသက်ကယ်တင်ရေး အစီအစဉ်တွေမှာ ဒေါ်လာဘီလီယံချီ ထောက်ပံ့နေတာ ဖြစ်ပါတယ်။
▪️ ထရမ့်က နိုင်ငံခြားထောက်ပံ့ရေးတွေအားလုံးနီးပါး ရပ်ဆိုင်းထားရန် ညွှန်ကြားထားကာ ငွေကြေးဖြန့်ဝေကူညီမှုတွေက သူ့ရဲ့ 'အမေရိကားသာလျှင်ပထမ'ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီမှုရှိမရှိ သုံးသပ်သွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
▪️ DOGEမှ အဖွဲ့ဝင်များ ကန့်သတ်နေရာများသို့ ဝင်ရောက်ခွင့်ရသွားကာ ဘယ်လိုမျိုး အချက်အလက်တွေ ရရှိသွားလဲဆိုတာ မသိရပါဘူး။
▪️ ဒါပေမဲ့ အဲဒီထဲမှာ နိုင်ငံ့လျှို့ဝှက်ဖိုင်တွေနဲ့ USAIDမှ အမေရိကန်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေ ဆိုပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့မှ ခန့်အပ်ထားတဲ့ USAIDဦးစီးချုပ် မတ်ဟော့ပ်ဆန်က ဒီဖြစ်ရပ်ပြီးနောက် နုတ်ထွက်သွားပါတယ်။
#Source: Reuters
#Local_News
Published 3 January 2025
▪️ နေပြည်တော်ဇဗ္ဗူသီရိမြို့အနီး ၂ရက်ဆက်တိုက် ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်မြေငလျင်သတင်းများအရ သိရသည်။
▪️ မြေငလျင်များလှုပ်ခတ်ရာ၌ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၇)မိနစ်၊ (၀၄) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ဇမ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၉၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၅)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂) နာရီ၊ (၁၄) မိနစ်၊ (၀၁) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၁၉.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု တစ်ကြိမ်စီ လှုပ်ခတ်ခဲ့ခ့င်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 03 February 2025
▪️ ယူရစ်အက်ဆစ်ဆိုတာက ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားကြီး၊ ပင်လယ်စာ၊ အယ်လ်ကိုဟောတို့လို အစားအစာတွေမှာ တွေ့ရတဲ့ ပျူရင်းတွေကို ဖြိုခွဲတဲ့အခါ ဖြစ်ပေါ်လာပါတယ်။
▪️ ပုံမှန်ဆိုရင် ယူရစ်အက်ဆစ်က သွေးထဲမှာ ပျော်ဝင်ပြီး ကျောက်ကပ်ကနေ စစ်ထုတ်ပေမယ့် ယူရစ်အက်ဆစ် များလွန်းခြင်း၊ ကျောက်ကပ်ကနေ အလုံအလောက် မစွန့်ပစ်နိုင်ခြင်းတို့ ဖြစ်တဲ့အခါ သွေးထဲမှာ ယူရစ်အက်ဆစ်များခြင်းလက္ခဏာ ဖြစ်လာပါတယ်။
▪️ ဒါကြောင့် ယူရစ်အက်ဆစ်များခြင်းက ကျန်းမာရေးကို ဘယ်လောက်သက်ရောက်စေလဲဆိုတာ ဖော်ပြသွားပါမယ်။
▪️ (၁) ဂေါက်ရောဂါ - အဆစ်နေရာတွေမှာ ယူရစ်အက်ဆစ်စုပြုံလာပြီး ရောင်ရမ်းကိုက်ခဲခြင်း၊ ဖောရောင်ခြင်း၊ နီမြန်းခြင်းတို့ ဖြစ်လာပါတယ်။
▪️ (၂) ကျောက်ကပ်ကျောက်တည်ခြင်း - ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေက ကျောက်ကပ်ထဲမှာ ခဲလာကာ ကျောက်ဖြစ်သွားပြီး မကုသဘဲထားပါက ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။
▪️ (၃) နာတာရှည်ကျောက်ကပ်ရောဂါ - သွေးထဲမှာ ယူရစ်အက်ဆစ် ကြာမြင့်စွာများနေရင် ကျောက်ကပ်တစ်ရှူးတွေပါ ထိခိုက်လာပြီး ကျောက်ကပ်ရောဂါ ဖြစ်စေပါတယ်။
▪️ (၄) သွေးတိုး - ယူရစ်အက်ဆစ် မြင့်မားလာရင် သွေးဖိအားများလာပြီး သွေးကြောတွေ ထိခိုက်ကာ သွေးတိုးဖြစ်စေနိုင်ပါတယ်။
▪️ (၅) နှလုံးသွေးကြောရောဂါ - နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များလာစေကာ သွေးကြောတွေ ထိခိုက်စေပြီး အညစ်အကြေး စုပြုံလာစေပါတယ်။
▪️ (၆) ဆီးချို - အင်ဆူလင်တုံ့ပြန်မှု လျော့နည်းလာစေသဖြင့် ဆီးချိုဖြစ်လာနိုင်ပြီး ဇီဝဖြစ်ပျက်မှုများ ပျက်ယွင်းလာစေပါတယ်။
▪️ (၇) အဆစ်အမြစ်ထိခိုက်ခြင်း - အဆစ်နာခြင်း ကြာမြင့်လာတဲ့အခါ အဆစ်ထိခိုက်လာပြီး အရွတ်တွေ အရိုးတွေ တိုက်စားသွားကာ ချို့ယွင်းလာပါတယ်။
▪️ (၈) ဇီဝဖြစ်ပျက်မှုလက္ခဏာများ - အဝလွန်ခြင်း၊ သွေးဖိအားများခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်မားခြင်း၊ ကိုလက်စ်ထရောလ်များခြင်းတို့ ဖြစ်စေပါတယ်။
▪️ (၉) နွမ်းနယ်အားနည်းခြင်း - ခန္ဓာကိုယ်မှာ ရေရှည်ရောင်ရမ်းလာသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ အားအင်ယုတ်လျော့ခြင်းတို့ ခံစားရစေပါတယ်။
▪️ (၁၀) အရေပြားပြဿနာများ - အရေပြားမှာ ယူရစ်အက်ဆစ်အခဲများ စုပြုံလာတဲ့အခါ အဖုလေးတွေ ဖြစ်လာပြီး ဂေါက်ရောဂါ ဖြစ်စေပါတယ်။
#Source: DoctorNDTV
#World_Health
Published 03 February 2025
▪️ ရေလုံလောက်စွာ သောက်ခြင်းနဲ့ စိတ်အခြေအနေတို့ကြား ဆက်စပ်နေတယ်လို့ ဒေါက်တာ ဇက်တာနာက ပြောပါတယ်။
▪️ ရေဓာတ်ဖြည့်ဖို့နဲ့ ပတ်သက်လာရင် တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက် မတူညီနိုင်ပါဘူး။
▪️ အမျိုးသားတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ရေ ၃.၇ လီတာခန့်၊ အမျိုးသမီးတွေက ၂.၇ လီတာခန့် သောက်သုံးသင့်ပါတယ်။
▪️ ရေသပ်သပ်သောက်သုံးရုံ မဟုတ်ဘဲ ရေနွေးကြမ်း၊ ဖျော်ရည်၊ အစားအစာများမှ အရည်ဓာတ်တို့ကိုလည်း ထည့်သွင်းရပါမယ်။
▪️ တခြားအကြောင်းအရာ မရှိဘဲ တစ်နေကုန် ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် ဒါဟာ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာ ဖြစ်တယ်လို့ ဒေါက်တာ တာနာကဆိုပါတယ်။
▪️ အနည်းငယ်လောက် ရေဓာတ်ခန်းခြောက်ရုံဖြင့် စိုးရိမ်ပူပန်ခြင်း၊ နေမထိ ထိုင်မသာဖြစ်ခြင်း၊ ဖိစီးခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
▪️ ရေဓာတ်ခန်းခြောက်တဲ့အခါ ဦးနှောက်ကနေ စိတ်တည်ငြိမ်မှု၊ စူးစိုက်မှုတို့ ထိန်းသိမ်းခြင်းကို ထိခိုက်လာစေပါတယ်။
▪️ ပင်ပန်းလေးလံခြင်း ကြာရှည်ခံစားနေရတာ ရေဓာတ်မလုံလောက်ခြင်းနဲ့ သက်ဆိုင်နေနိုင်ပါတယ်။
▪️ ခန္ဓာကိုယ်က လုပ်ဆောင်ချက်တွေ ပုံမှန်လုပ်ဆောင်ဖို့ အရည်ဓာတ် လုံလောက်စွာမရှိတဲ့အခါ အားအင်လျော့နည်းလာပြီး နွမ်းနယ်လာစေပါတယ်။
▪️ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁-၂ ရာခိုင်နှုန်းလောက် ရေဓာတ်ဆုံးရှုံးရုံဖြင့် ပင်ပန်းနွမ်းနယ်မှု ခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။
▪️ ရေဓာတ်ပြည့်ဝအောင် ထိန်းသိမ်းခြင်းဖြင့် ဟော်မုန်းတွေ ညီညွတ်မျှတစေတာကြောင့် ရေဗူးတစ်ဗူး အမြဲတမ်းဆောင်ထားသင့်ပါတယ်။
▪️ ရေဓာတ်ပြန်ဖြည့်ဖို့ အကောင်းဆုံးနည်းလမ်းက သစ်ပင်ကို ရေလောင်းသလိုမျိုး ဖြည်းဖြည်းချင်း ရေသောက်ပေးသင့်တယ်လို့ အကြံပြုသွားပါတယ်။
#Source: New York Post
နယူးယောက်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ (ရိုက်တာ) - အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် လိုလားကြောင်း၊ အထူးသဖြင့် လာမည့်လများအတွင်း ကိဗ္သည် ရုရှားနှင့် စစ်ပြေငြိမ်းရေး သဘောတူညီမှုရရှိပါက ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် ဖြစ်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းနှင့် ရုရှားဆိုင်ရာ အထူးသံမန် Keith Kellogg က ရိုက်တာသို့ ပြောကြားခဲ့သည်။
Kellogg က ရုရှားနှင့် စစ်ဖြစ်နေစဉ်အတွင်း ရွေးကောက်ပွဲများ ဆိုင်းငံ့ထားရသည့် ယူကရိန်း၏ သမ္မတနှင့် ပါလီမန်ရွေးကောက်ပွဲများကို "ကျင်းပဖို့လိုသည်" ဟု ပြောကြားခဲ့သည်။
"ဒီမိုကရေစီနိုင်ငံအများစုသည် စစ်ကာလအတွင်း ရွေးကောက်ပွဲများ ကျင်းပကြပါတယ်။အဲဒါကြောင့် သူတို့အနေနှင့်လည်း ကျင်းပသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု Kellogg က ပြောကြားခဲ့သည်။ "ဒါဟာ ဒီမိုကရေစီအတွက် ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ခိုင်မာတဲ့ ဒီမိုကရေစီရဲ့ အလှတရားပါပဲ၊ ခင်ဗျားတို့ဆီမှာ သမ္မတလောင်း တစ်ယောက်ထက် ပိုများပါတယ်” ဟုသူကပြောသည်။
ထရမ့်နှင့် Kellogg တို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် သမ္မတသစ်၏ ပထမလများအတွင်း သဘောတူညီမှုရရှိရေး စီစဉ်နေကြောင်း နှစ်ဦးစလုံးက ပြောကြားခဲ့သည်။
သူတို့က ဒုတိယကမ္ဘာစစ်အပြီး ဥရောပတွင် အသေအပျောက်အများဆုံး ပဋိပက္ခကို အဆုံးသတ်ရန် ယင်းတို့၏ မဟာဗျူဟာအကြောင်း အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့သလို၊ မည်သည့်အချိန်တွင် ထိုအစီအစဉ်ကို ထုတ်ပြန်မည်ကိုလည်း မပြောကြားခဲ့ပါ။
ထရမ့်အစီအစဉ်သည် လက်ရှိတွင် ပြောင်းလဲနေဆဲဖြစ်ပြီး မူဝါဒဆိုင်ရာ မဆုံးဖြတ်ရသေးသော်လည်း Kellogg နှင့် အခြားအိမ်ဖြူတော်အရာရှိများသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရုရှားနှင့် စစ်ပြေငြိမ်းရေးသဘောတူညီမှု၏ အစိတ်အပိုင်းအဖြစ် ရွေးကောက်ပွဲများ ကျင်းပရေး ယူကရိန်း အနေနှင့်သဘောတူဖို့ တွန်းအားပေးရန် ဆွေးနွေးခဲ့ကြောင်း ထိုဆွေးနွေးပွဲများကို သိရှိသူ နှစ်ဦးနှင့် ရွေးကောက်ပွဲအဆိုပြုချက်နှင့် ပတ်သက်၍ အကျဉ်းရုံးသိထားသည့် အမေရိကန် အရာရှိ ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။
ထရမ့်အစိုးရ ပတ်သက်သည့် ဆွေးနွေးပွဲများနှင့်နီးစပ်သူ နှစ်ဦးက ထရမ့် အရာရှိများသည် ပိုမိုတည်တံ့သည့် သဘောတူညီမှုမရရှိခင် ပထမဆုံး စစ်ပြေငြိမ်းရေးကို တွန်းအားပေးရန် သင့်မသင့် ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းတွင် သမ္မတရွေးကောက်ပွဲ ကျင်းပပါက၊ အနိုင်ရသူသည် မော်စကိုနှင့် ရေရှည်သဘောတူညီမှုများ ညှိနှိုင်းရန် တာဝန်ရှိလာမည်ဟုလည်း သူတို့က ဆိုသည်။
ထရမ့်အဆိုပြုချက်ကို ကိဗ်တွင် မည်သို့လက်ခံမည်ကို မသိရသေးပါ။ သမ္မတ Volodymyr Zelenskiy က ယခုနှစ်အတွင်း စစ်ပွဲပြီးဆုံးပြီး ရုရှား၏ ပြန်လည်တိုက်ခိုက်မှုများကို တားဆီးရန် ခိုင်မာသည့် လုံခြုံရေး အာမခံချက်များ ရှိပါက ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ကြောင်း ပြောကြားခဲ့သည်။
ကိဗ်၏ အကြီးတန်းအကြံပေးနှင့် ယူကရိန်းအစိုးရမှ သတင်းအရင်းအမြစ်တစ်ဦးက ထရမ့်အုပ်ချုပ်ရေးသည် ယခုနှစ်ကုန်ပိုင်းတွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ယူကရိန်းအား တရားဝင်တောင်းဆိုမှု မပြုရသေးကြောင်း ပြောကြားခဲ့သည်။
Source Reuters
Page 79 of 1617