ပြည်ပမှဝင်လာသူတွေထဲမှ မျောက်ကျောက်ရောဂါသံသယလူနာ မတွေ့ရသေးသလို မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားဖို့ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 27 August 2024
#မျောက်ကျောက်ရောဂါ #ဝေဘာဂီဆေးရုံ
#YMG/tthl #Yangon_Times
#World_News
Published 27 August 2024
▪️ ရုရှားတို့က တနင်္လာနေ့မှာ ယူကရိန်းဘက်ကို ဒုံးကျည်နဲ့ ဒရုန်း ၂၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ပြီး စွမ်းအင်အဆောက်အအုံများ ထိမှန်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။
▪️ ဒါ့အပြင် နေတိုး(NATO)အဖွဲ့ဝင် ပိုလန်နိုင်ငံက ယင်းလေကြောင်းပိုင်နက်ထဲသို့ ဒရုန်းတစ်စင်း ဝင်ရောက်ခဲ့တယ်လို့လည်း တင်ပြထားပါတယ်။
▪️ ရုရှားတို့က ယူကရိန်းနိုင်ငံတဝှမ်းရှိ စွမ်းအင်နဲ့ အခြားအရေးကြီး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကာ မြို့တော်ကိဗ်အပါအဝင် နေရာအများအပြားမှာ ဓာတ်အားနဲ့ ရေရရှိမှု ပြတ်တောက်သွားတယ်လို့ အရာရှိများက ဆိုပါတယ်။
▪️ ရုရှားဟာ မတ်လကတည်းက ဓာတ်အားလိုင်းတွေကို တိုက်ခိုက်လာခဲ့ရာ လာမယ့်ဆောင်းရာသီ လူတွေ လျှပ်စစ်ဓာတ်အားနဲ့ အပူပေးစနစ်များ အလိုအပ်ဆုံးအချိန် မရောက်မီ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
▪️ ဝင်လာတဲ့ ဒုံးကျည် ၁၂၇ စင်းထဲက ၁၀၂ စင်းနဲ့ ဒရုန်း ၁၀၉ စင်းထဲက ၉၉ စင်းကို လေတပ်က ပစ်ချနိုင်ခဲ့ကြောင်း လေတပ်ဗိုလ်မှူး မစ်ကိုလာအိုလက်ရှ်ချုက တယ်လီဂရမ်မှာ ဖော်ပြခဲ့ကာ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းတို့ကနေ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ဒေသ ၁၅ ခုထိခိုက်ပျက်စီးခံရပြီး စွမ်းအင်ပိုင်းမှာ ပျက်စီးမှုများတယ်လို့ ဝန်ကြီးချုပ်နဲ့ သမ္မတ ဇယ်လန်စကီတို့က ဆိုပါတယ်။
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားတိုက်ခိုက်မှုကို ရှုတ်ချလိုက်ကာ ယူကရိန်း ဓာတ်အားလိုင်းစနစ်များ ပြုပြင်ရေးအတွက် စွမ်းအင်ထောက်ပံ့ပစ္စည်းများဖြင့် ဆက်လက်ကူညီသွားမယ်လို့ ကြေညာလိုက်ပါတယ်။
▪️ ဇယ်လန်စကီက တိုက်ခိုက်ခံရမှုအတွက် သူ့ရဲ့ထိပ်သီးဗိုလ်မှူးနဲ့ ဆွေးနွေးပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
▪️ ရုရှားကာကွယ်ရေးဌာနက ယူကရိန်းဘက်မှ စစ်ရေးလုပ်ငန်းတွေကို ထောက်ပံ့နေတဲ့ စွမ်းအင် အဆောက်အအုံတွေကို ပစ်ခတ်ဖို့ တိကျမှုနှုန်းမြင့်မားတဲ့ လက်နက်များ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
▪️ ထိုထဲမှာ ဓာတ်အားလိုင်းခွဲဌာနများ၊ ဓာတ်ငွေ့စခန်းများ၊ လေတပ်လက်နက် သိုလှောင်ခန်းများ ပါဝင်ပါတယ်။
▪️ ပိုလန်လေပိုင်နက်ထဲသို့ ဒရုန်းဖြစ်နိုင်ဖွယ်ရှိတဲ့ အရာတစ်ခု ဝင်ရောက်လာကာ ပိုလန်နယ်မြေထဲ ကျရောက်ခဲ့ဖွယ်ရှိတာကြောင့် ရှာဖွေစစ်ဆေးနေတယ်လို့ ပိုလန်တပ်မတော်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
▪️ အဆိုပါ တိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်မှ အနည်းဆုံးလူ ၇ ဦးသေဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
▪️ နှစ်ဖက်စလုံးကတော့ အရပ်သားတွေကို ပစ်မှတ်ထားခြင်းမရှိဘဲ စစ်ရေးအတွက် အရေးပါမယ့် အခြေခံ အဆောက်အအုံတွေကိုသာ ဖျက်ဆီးရန် ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
#Source: Reuters
#Local_News
Published 27 August 2024
▪️ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း) ပထမနှစ်ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
▪️ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)၏ သိပ္ပံဘွဲ့(သစ်တောပညာ) B.Sc Forestry (၄)နှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိရန် အောက်တိုဘာလ ၄ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ STEAMS-1(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ)ဘာသာတွဲဖြင့် အောင်မြင်ခဲ့သူ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၃၅၀ မှတ်နှင့်အထက်ရရှိရသူ၊ ဝင်ခွင့်ရရှိပါက သက်ဆိုင်ရာဘာသာရပ်များနှင့်ပတ်သက်၍ တောတွင်းလက်တွေ့ကွင်းဆင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး(က)အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါပြည့်စုံသူ၊ တက္ကသိုလ်မှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သတ်မှတ်ထားသည့် အချက်အလက်များပြည့်စုံပါက လျှောက်လွှာနှင့်အတူ ဖော်ပြထားရှိသည့် စာရွက်စာတမ်းများကို အောက်တိုဘာလ ၄ ရက်(သောကြာနေ့) သင်တန်းရေးရာဌာနခွဲ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁(သို့မဟုတ်) Email လိပ်စာ
▪️ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခံရသူများနှင့် ကျောင်းဖွင့်ချိန်ကို ထပ်မံကြေညာပေးသွားမည် ဖြစ်ပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက် လျှောက်ထား သူများအနေနဲ့ ကြေညာသတ်မှတ်ထားတဲ့ နည်းလမ်းများအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာဖြင့် အခြားတက္ကသိုလ် များသို့လည်း လျှောက်ထားရန်လိုအပ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃၄၁၆၆၈၁(သို့မဟုတ်) ၀၆၇ ၃၄၁၆ ၅၁၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Website ဖြစ်တဲ့ https://www. monrec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 27 August 2024
▪️ မျောက်ကျောက်ရောဂါကို WHO ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် ကြေညာလိုက်ကာ နိုင်ငံအများအပြားမှာ အတော်လေး သတိပေးလာကြပါတယ်။
▪️ မျောက်ကျောက်ရောဂါဟာ နိုင်ငံပေါင်း ၁၁၆ နိုင်ငံကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆင်တူတဲ့ပုံ ရှိပါတယ်။
▪️ ဒါပေမဲ့ ကိုဗစ်လိုမျိုး ကပ်ရောဂါဘေးတော့ ဖြစ်လာနိုင်ခြေ သိပ်မရှိဘူးလို့ WHO အရာရှိတစ်ဦးက ဆိုပါတယ်။
▪️ မျောက်ကျောက်နဲ့ ကိုဗစ်-၁၉ တို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ ကွဲပြားကြသလို ဗိုင်းရပ်စ်မျိုးနွယ်တွေကလည်း သူ့ဟာနဲ့သူ ရှိကြပါတယ်။
▪️ မျောက်ကျောက်ဗိုင်းရပ်စ်က အော်သိုပေါက်စ်ဗိုင်းရပ်စ်မျိုး အဖွဲ့ဝင်ဖြစ်ပြီး ကျောက်ရောဂါဖြစ်စေတဲ့ ဗေရီယိုလာ ဗိုင်းရပ်စ်မျိုးဝင်ဖြစ်ကာ ဒီအင်န်အေအမျိုးအစား ဗိုင်းရပ်စ်ဖြစ်ပါတယ်။
▪️ မျောက်ကျောက်ဗိုင်းရပ်စ်က ဆင့်ကဲပြောင်းလဲမှုနှုန်း နှေးတာကြောင့် မျိုးဗီဇပြောင်းလဲမှု နှေးနိုင်ပါတယ်။
▪️ မျောက်ကျောက်ဗိုင်းရပ်စ်မှာ အဓိကမျိုးဗီဇကွဲနှစ်မျိုးက အာဖရိကအလယ်ပိုင်းက clade 1b နဲ့ အနောက်အာဖရိကမှ clade 2 တို့ ဖြစ်ပါတယ်။
▪️ ကိုဗစ်-၁၉ ကတော့ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင် ဖြစ်ပါတယ်။
▪️ အာရ်အင်န်အေဗိုင်းရပ်စ် အမျိုးအစားဖြစ်ပြီး ဆင့်ကဲပြောင်းလဲမှုနှုန်း မြန်တာကြောင့် မျိုးဗီဇကွဲအများအပြား ထွက်ပေါ်ခဲ့ပါတယ်။
▪️ ဒါကြောင့်ပဲ ကာကွယ်ဆေးထုတ်လုပ်ရာမှာ စောင့်ကြည့်ပြုပြင်မှုများ အဆက်မပြတ် ပြုလုပ်နေရပါတယ်။
▪️ ယင်းဗိုင်းရပ်စ်ကြီး ၂ ခုရဲ့ အဓိကကွာခြားချက်က ဆင့်ကဲပြောင်းလဲမှုနှုန်းနဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။
▪️ မျောက်ကျောက်ရဲ့ လက္ခဏာတွေထဲမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခါးကိုက်ခြင်း၊ အဖုအကျိတ်များ ရောင်ရမ်းခြင်း၊ ချမ်းတုန်ခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်တတ်ကာ အဓိကအားဖြင့် အရေပြားမှာ အဖုအပိမ့်တွေ ထွက်တာပါပဲ။
▪️ ကိုဗစ်လက္ခဏာတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပြီး အဓိကအားဖြင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ မျောက်ကျောက်ရောဂါက ရောဂါကူးစက်ထားတဲ့ လူသားနဲ့ တိရိစ္ဆာန်တို့ရဲ့ အရည်၊ အဖု၊ အနာတို့ကို တိုက်ရိုက်ထိတွေ့ခြင်းကြောင်း ဖြစ်နိုင်သလို မျက်နှာချင်းဆိုင် စကားပြောရင်း အသက်ရှူလမ်းကြောင်းမှ ထွက်လာတဲ့ အမှုန်အမွှားများကနေလည်း ကူးစက်နိုင်ပါတယ်။
▪️ ကိုဗစ်ရောဂါကတော့ ကူးစက်သူ ချောင်းဆိုးနှာချေတဲ့အခါ အသက်ရှူထုတ်တဲ့အခါ ပျံ့ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အဓိကကူးစက်သလို ဗိုင်းရပ်စ်ထိတွေ့ထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ပါတယ်။
▪️ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ပြီးနောက် ၅ ရက်မှ ၂၁ ရက်အတွင်း ရောဂါဖြစ်နိုင်ကာ ကိုဗစ်ကတော့ ဗိုင်းရပ်စ်ကူးစက်ပြီး ၂ ရက်မှ ၁၄ ရက်အတွင်း ရောဂါစတင်ဖြစ်ပွားတတ်ပါတယ်။
▪️ မျောက်ကျောက်ရောဂါက မျိုးကွဲပေါ်မူတည်ပြီး သေဆုံးမှုနှုန်း ၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ရှိကာ အများစုက အတော်အသင့်သာ ရောဂါခံစားရပြီး သက်သာသွားတတ်ပါတယ်။
▪️ ကိုဗစ်ရဲ့ ရောဂါအခြေအနေကတော့ အမျိုးမျိုး ဖြစ်နိုင်ကာ အသက်အရွယ်၊ ရောဂါအခံ၊ ကျန်းမာရေး စောင့်ရှောက်မှုတို့အပေါ် မူတည်ပြီး အသက်အန္တရာယ် ကွဲပြားနိုင်ပါတယ်။
▪️ မျောက်ကျောက်ရောဂါအတွက် အဓိကကာကွယ်ဆေးအနေဖြင့် JYNNEOS နဲ့ ACAM2000 တို့အသုံးပြုနေပြီး ကျန်းမာရေးအာဏာပိုင်များမှ အသိအမှတ်ပြုထားပါတယ်။
▪️ ကိုဗစ်အတွက် ကာကွယ်ဆေးတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ထားကာ ကိုဗီရှီးလ်၊ ကိုဗက်ဆင်း၊ နိုဗာဗက်စ်၊ ဖိုင်ဇာ၊ မိုဒိုနာစသဖြင့် အမှတ်တံဆိပ်တွေ ရှိနေပါတယ်။
▪️ မျောက်ကျောက်ဗိုင်းရပ်စ်ကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သလို မကြာခဏ လက်ဆေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိခြင်း၊ လူတွေနဲ့ မထိမတွေ့ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
ကိုဗစ်ရောဂါက သီးခြားနေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။
#Source: India Today
#World_Science
Published 27 August 2024
▪️ ၁၁၀ ပေရှိတဲ့ 2020 RL ဧရာမဂြိုဟ်သိမ်ကြီးဟာ ဩဂုတ် ၂၇ ရက်နေ့မှာ ကမ္ဘာမြေကို ချဉ်းကပ်လာမှာ ဖြစ်တယ်လို့ နာဆာ(NASA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
▪️ ခရီးသည်တင် လေယာဉ်တစ်စီးစာ အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်သိမ်ဟာ ကမ္ဘာမြေနဲ့ ၂.၉၁ သန်းမိုင် အကွာအဝေးကနေ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။
▪️ ဒါဟာ နီးစပ်တဲ့ အနေအထားဖြစ်ပေမယ့် ကမ္ဘာမြေနဲ့ လကမ္ဘာကြား အကွာအဝေးရဲ့ ၁၂ ဆကျော်လောက် ရှိနေတာကြောင့် သိပ်ပြီးအန္တရာယ်မရှိဘဲ အာကာသစံနှုန်းများအရ စိတ်ချရတဲ့ အကွာအဝေး ဖြစ်ပါတယ်။
▪️ ထိုဂြိုဟ်သိမ်ဟာ တစ်နာရီကို မိုင် ၂ သောင်းနှုန်းဖြင့် ကမ္ဘာမြေဆီသို့ ချဉ်းကပ်နေပါတယ်။
နာဆာမှ ကမ္ဘာဂြိုဟ်အနီး စောင့်ကြည့်ရေးအစီအစဉ်အရ 2020 RL ဟာ ကမ္ဘာမြေအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။
▪️ ဒါပေမဲ့ သူ့ရဲ့ အရွယ်အစားအရတော့ သိသာထင်ရှားနေတဲ့ သဘောသဘာဝ ရှိပါတယ်။
▪️ ဒီလိုဂြိုဟ်သိမ်မျိုးဟာ မရှားပါးသလို သိပ္ပံပညာရှင်တွေအတွက်တော့ ထိုကဲ့သို့ အရာဝတ္ထုတွေရဲ့ ဘေးအန္တရာယ်တွေအကြောင်း၊ ဖွဲ့စည်းပုံတွေအကြောင်း လေ့လာခွင့် ရရှိနိုင်ပါတယ်။
▪️ ယင်းတို့ရဲ့ ပတ်လမ်းကြောင်းများ ပုံစံကိုသိရှိပြီး ကမ္ဘာမြေနဲ့ နီးကပ်တဲ့အခါ ဂြိုဟ်သိမ်တွေရဲ့ အနေအထားတွေကို ထုတ်ဖော်စေနိုင်မှာ ဖြစ်ပါတယ်။
▪️ နာဆာနဲ့ အခြားအာကာသအဖွဲ့အစည်းတွေကလည်း ဒီလိုအရာတွေက ခြိမ်းခြောက်မှု ပေးလာနိုင်တာတွေကို သိရှိနိုင်အောင် စောင့်ကြည့်နေကြပါတယ်။
ဩဂုတ် ၂၈ ရက်နေ့မှာ ၉၂ ပေရှိတဲ့ 2021 RA10 ဂြိုဟ်သိမ်ဟာ ကမ္ဘာမြေနားကနေ ဖြတ်သန်းမှာဖြစ်ပြီး ၁၁၀ ပေရှိတဲ့ 2012 SX49 ကတော့ ဩဂုတ် ၂၉ ရက်နေ့မှာ နီးကပ်လာမှာ ဖြစ်ပါတယ်။
#Source: WION
ပေကျင်းမှာပြုလုပ်တဲ့ ကမ္ဘာ့စက်ရုပ်ကွန်ဖရန့် ၂၀၂၄(WRC)ပွဲမှာ လူသားပုံသဏ္ဍာန်စက်ရုပ်များ ထူးခြားစွမ်းရည် ပြသနေကြပြီး အချက်အပြုတ်ကစလို့ တူရိယာအသုံးပြုခြင်းအထိ အခြေအနေအမျိုးမျိုးမှာ အံ့အားသင့်ဖွယ် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
#World_Development
Published 26 August 2024
#လူသားသဏ္ဍာန်စက်ရုပ် #ကမ္ဘာ့စက်ရုပ်ပြပွဲကြီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 August 2024
၁။ ယခုမျောက်ကျောက်ရောဂါသည် မျိုးကွဲဖြစ်၍ ပိုကူးစက်နိုင်၊ ပြည်ပပြန်လုပ်သားများမှ မကူးစက်အောင်ကာကွယ်ရန်လို
၂။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရုံးပိတ်ရက်များ၌ ခရီးသွားဧည့်သည် ၁၀၀ကျော်ဝင်ရောက်လေ့လာ
၃။ ယခုအပတ်စားအုန်းဆီဈေး ရာဂဏန်းတက်၊ တစ်ပိဿာကျပ်(၆၃၇၅)ဖြင့် ရောင်းချရန်သတ်မှတ်
၄။ နည်းပညာမြင့် လူသားသဏ္ဍာန် စက်ရုပ်များအား ကမ္ဘာ့စက်ရုပ်ပြပွဲကြီးတွင် အစုံအလင်ပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုတစ်ပတ်ကမ္ဘာ့ရွှေဈေး(၇)ဒေါ်လာတက်ခဲ့ပြီး မြန်မာ့ရွှေဈေးလည်းသောင်းဂဏန်းတက်လာခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 26 August 2024
#ကမ္ဘာ့ရွှေဈေး(၇)ဒေါ်လာတက် #မြန်မာ့ရွှေဈေးသောင်းဂဏန်းတက်
#YMG/tthl #Yangon_Times
ရန်ကုန်မြို့မှာ စားအုန်းဆီဝယ်ယူရာမှာ သမဝါယမစနစ်ပုံစံဆီစာအုပ်နဲ့ ဝယ်ယူဖို့ စတင်လုပ်ဆောင်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 26 August 2024
#သမဝါယမစနစ်ပုံစံ #ဆီစာအုပ်ဖြင့်ဝယ်ယူရန်
#YMG/NN #Yangon_Times
အခုအပတ်စားအုန်းဆီဈေးရာဂဏန်းတက်လာပြီး ဩဂုတ်(၂၆)ရက်မှ စက်တင်ဘာလ(၁)ရက်အထိတစ်ပိဿာကျပ် ၆၃၇၅ဖြင့် ရောင်းချရန်သတ်မှတ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 26 August 2024
#စားအုန်းဆီဈေးရာဂဏန်းတက် #တစ်ပိဿာကျပ်၆၃၇၅ဖြင့်ရောင်းချ
#YMG/tthl #Yangon_Times
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ အခုဩဂုတ်လအတွင်း ရုံးပိတ်ရက်တွေမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်၁၀၀ကျော်အထိ ဝင်ရောက်လေ့လာနေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 26 August 2024
#ပုဂံရှေးဟောင်းသုတေသနပြတိုက် #ခရီးသွား၁၀၀ကျော်ဝင်ရောက်
#YMG/NN #Yangon_Times
၂၆ ဩဂုတ် ၂၀၂၄
ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွ ဘလော့ချ်လွတ်မြောက်ရေးတပ်(ဘီအယ်အေ)အဖွဲ့က အမြန်လမ်းမကြီးတစ်ခုပေါ်မှာ ကားများကိုရပ်တန့်ပြီး ခရီးသည်များတစ်ဦးချင်းစစ်ဆေးကာ အနည်းဆုံး လူ ၂၂ဦးကိုပစ်သတ်ခဲ့ကြပါတယ်။
အဆိုပါဖြစ်ရပ်မှာ ဩဂုတ် ၂၆ ရက် တနင်္လာနေ့စောစောပိုင်းမှာ ပါကစ္စတန်နိုင်ငံ ဘလော့ချ်ချစ်စတန်ပြည်နယ် မူဆာဟေးလ် ခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီ ဆင်းရဲမွဲတေလှတဲ့ ပြည်နယ်ဟာ ပါကစ္စတန်စစ်တပ်နှင့် ဂိုဏ်းဂဏစွဲကြီးတဲ့ လူမျိုးစုတွေနှင့်ခွဲထွက်ရေးအကြမ်းဖက်တွေ နှင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။
ဘတ်စ်ကားတွေ၊ဗန်ကားတွေနှင့် ထရပ်ကားတွေဟာ ပန်ဂျပ်နှင့် အဲဒီပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမ တစ်နေရာမှာ တန်းစီရပ်ခဲ့ကြရပါတယ်။
စစ်သွေးကြွတွေအရေအတွက်က ၃၀ နှင့် ၄၀ ဦးအကြားရှိပြီး သူတို့က ကား ၂၂စီးကိုရပ်တန့်ခဲ့ကြတယ် လို့ အကြီးတန်းအရာရှိ နာဂျစ်ဘူလာကာကာ က အေအက်ဖ်ပီကိုပြောပါတယ်။
ကားတွေပေါ်ပါလာတဲ့ ပန်ဂျပ်က သူတွေကို ပစ်သခတ်ခဲ့တာလို့ သူကဖြည့်ပြောပါတယ်။
သေဆုံးသူ ၂၂ဦးရှိပြီး အများစုဟာ ပန်ဂျပ်က အလုပ်ကြမ်းသမားတွေနှင့် ပြည်သူ့စစ် နှစ်ဦးတို့ဖြစ်ကြတယ်လို့ သူကပြော ပါတယ်။
သူတို့ဟာ လူတွေကိုပစ်သတ်ပြီးတဲ့အခါ ကား အနည်းဆုံး ၁၀စီးကို မီးရှို့ပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။
ဘီအယ်လ်အေကတော့ သူတို့ဟာ အရပ်သားလိုဝတ်ဆင်ထားတဲ့ စစ်သားတွေကို သတ်ပစ်လိုက်တာဖြစ်တယ်လို့ ကြေညာထားပြီး ဘာအထောက်အထားတစ်ခုကိုမှ ထုတ်ပြန်ပေးထားခြင်းမရှိပါဘူး။
ဘလော့ချ်ချစ်စတန်ပြည်နယ်ဟာ ထုတ်မသုံးရသေးတဲ့ သဘာဝ အရင်းအမြစ်တွေ အလျံပယ်ရှိနေပေမယ့် ပါကစ္စတန်မှာ အကြီးဆုံးနှင့် အဆင်းရဲဆုံးပြည်နယ်ဖြစ်နေပါတယ်။
Page 78 of 1456