အမေရိကန်မှာ ခိုလှုခွင့်ရရန် မျှော်လင့်နေတဲ့ ထောင်ပေါင်းများစွာသော စာရင်းမရှိ ရွှေ့ပြောင်းသူတွေဟာ အခုဆိုရင် မက္ကဆီကိုမှာ သောင်တင်နေကြပြီ ဖြစ်ပါတယ်။
#World_News
Published 5 February 2025
#အမေရိကန်၌ခိုလှုံခွင့်ရယူရန်မျှော်လင့် #မက္ကဆီကိုနယ်စပ်ခိုလှုံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 5 February 2025
၁။ ရွှေတိဂုံစေတီတော်သို့တစ်လကျော်အတွင်း ကျပ်သိန်းပေါင်း ၃၆,၀၀၀ ကျော် လှူဒါန်းထား
၂။ ပြည်ပပို့ဆန်ကြမ်းအုပ်စုဝင်ဆန်များ၏ ရည်ညွန်းစျေးကျ
၃။ နိုင်ငံတကာအဆင့်မီ ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်းအတွက် အစုရှယ်ယာများ ခေါ်ယူမည်
၄။ အမေရိကန်၌ခိုလှုံခွင့်ရယူရန် မျှော်လင့်ခဲ့သူအများအပြား မက္ကဆီကိုနယ်စပ်ခိုလှုံရေးစခန်းတွင်သောင်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 5 February 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၏ ထောက်ပံ့မှုဖြင့် မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) နှင့် အခြားလူငယ်အဖွဲ့အစည်းများ ပူးပေါင်းကာ “YC25 (Youth Conference 2025): Share Your Voice with the EU” အမည်ရ Conference ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ YC25 ကို မြန်မာနိုင်ငံက လူငယ်များအနေဖြင့်အသိပညာ၊ ဗဟုသုတနှင့်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် ၎င်းတို့ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ပူးပေါင်းအဖြေရှာနိုင်ရန် ရည်ရွယ်ပြီးယခုလ၈ရက်တွင် ရန်ကုန်မြို့၊ စက်ဆန်းရှိ Studio Canvas တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ YC25 တွင် ပါဝင်မည့် အစီအစဉ်များမှာ
၁။ မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ၏ အများပြည်သူနှင့်သက်ဆိုင်သောနေရာများကို အသင်းအဖွဲ့နှင့် ဖန်တီးမှုစွမ်းအားများကတစ်ဆင့် မြှင့်တင်နည်းကို လေ့လာနိုင်မည့် "The Place Game Workshop"
၂။ For The Future Myanmar က ဦးဆောင်ဆွေးနွေးသွားမည့် "How Gender Affects Access to Education and Vocational Training"
၃။ allyours က ဦးဆောင်ကာ အနုပညာ ဆန်းသစ်ဖန်တီးမှုများကို နေ့စဉ်ဘဝထဲသို့ ပေါင်းစပ်နိုင်ပုံများကို ရှာဖွေသွားမည့် "Integration of Art & Design Panels & Workshops"
၄။ YEAH - Youth for Environmental Action and Hope ၏ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်များအပေါ် စိတ်ကူးစိတ်သန်းများနှင့် အကြံပြုချက်များကို မျှဝေသွားမည့် "Youth Environment Echo Workshop"
၅။ Purple - ပါပယ် နှင့် Untitled Space က ဦးဆောင်ပြီး ပြုလုပ်သွားမည့် "Caps to Pins: Crafting Creativity from Waste Workshop" နှင့်"Our Journey Brought to You: Stories of Resilience, Innovation, and Growth Panel Discussion" တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုအစီအစဉ်များထဲမှ တက်ရောက်လိုသည့် အစီအစဉ်ကို ရွေးချယ်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 February 2025
▪️ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးမျိုးစိတ် ပန်ဒါနီစုံတွဲ ပြကွက်အသစ်များ ပြင်ဆင်ထားသည့် အတွက် လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့မှ
သိရသည်။
▪️ နေပြည်တော်ရှိ ရှားပါးမျိုးစိတ် ပန်ဒါနီငါးကောင်မှ မီးမီးနှင့်မောင်မောင်ပန်ဒါစုံတွဲအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၁၉)နှစ်အတွက် ပြကွက်အသစ်တိုးပြသနိုင်ရန် နှင့် မျိုးဆက်ပွားနိုင်ရန် ရန်ကုန်သို့ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီမလေး မီးမီးသည်အသက် လေးနှစ် ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီး လတ်တလောတွင် အသက်၁၃ နှစ်ဖြစ်ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ မောင်မောင်မှာမူ အသက်နှစ်နှစ်ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှနေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီးလတ်တလောတွင် အသက်၁၂နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီများသည်မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ တရုတ်နယ်စပ်နှင့် အိန္ဒိယနယ်စပ်များတွင် ကျက်စားနေထိုင်လေ့ရှိကြပြီး ကမ္ဘာ့အဆင့် ရှားပါးစာရင်းဝင်ဖြစ်ကြောင်း၊ ၎င်းတို့သည် အဓိကအားဖြင့် ဝါးရွက်များကိုစားသုံးကြပြီး အင်းဆက်အကောင်များကိုလည်း ဖမ်းယူစားသောက်လေ့ရှိကြောင်း သိရသည်။
▪️ ထို့အပြင် ဥယျာဉ်အနေဖြင့်လည်း သဘာဝနှင့် လိုက်လျောညီထွေစေရန် ဝါးရွက်များကို ခုတ်ယူ ကျွေးမွေးလေ့ရှိကာ အာဟာရဖြစ်စေရန် ငုံးဥ၊ ခါကြက်ဥ၊ စပျစ်သီး၊ ပန်းသီး၊ ငှက်ပျောသီးများနှင့် ဗီတာမင်အားဆေးများကိုလည်းကျွေးမွေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်အတွင်းမှာ အားပျော့တဲ့လာနီညာဖြစ်စဉ်ကြောင့် ဆောင်းရာသီရက်ရှည်ပြီး မိုးရာသီမှာတော့ မိုးရေချိန် ပိုများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးခန့်မှန်းထားပါတယ်။
#Local_News
Published 5 February 2025
#လာနီညာ #ဆောင်းရက်ရှည်၍မိုးပိုနိုင်
#YMG/NN #Yangon_Times
#Local_News
Published 5 February 2025
▪️ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှ ခြံအမှတ် ၅၄ ဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမွေဆိုင်အိမ်အား ယနေ့ဖေဖော်ဝါရီ ၅ ရက်၊ မနက်ပိုင်းတွင် တတိယအကြိမ်လေလံတင်ရောင်းချသော်လည်း လေလံဆွဲဝယ်ယူသူမရှိ ကြောင်းသိရသည်။
▪️ အဆိုပါ ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေးကျပ် ၂၉၇ ဘီလီယံဖြင့် တတိယအကြိမ်မြောက်အဖြစ် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
▪️ ထိုကဲ့သို့တတိယအကြိမ် လေလံတင်ရောင်းချနိုင်ရန် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်း၌ ကမာရွတ်ခရိုင်တရားရုံးက လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံအထိ လျှော့ချ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းခြံကို ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်ကပြုလုပ်သည့် လေလံပွဲ၌ ငွေကျပ် ၃၁၅ ဘီလီယံဖြင့် စတင်ရောင်းချခဲ့ရာ ဝယ်ယူသူမရှိဘဲ လေလံပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဒုတိယအကြိမ် လေလံတင်ရောင်းချမှုကို ဩဂုတ် ၁၅ ရက်၌ ကျပ်ဘီလီယံ ၃၀၀ ဖြင့် ရောင်းချခဲ့သော်လည်းဝယ်တဲ့သူမရှိခဲ့ကြောင်း၊ ယခုတတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်သည့်အတွက် အဆိုပါလေလံပွဲနှင့်တ်သက်၍ ကမာရွတ်ခရိုင်တရားရုံးသို့ဖေဖော်ဝါရီ ၆ ရက်တွင် အစီရင်ခံစာ ပြန်လည်တင်သွင်းသွားနည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
နိုင်ငံတကာအဆင့်မီ ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်းအတွက်အစုရှယ်ယာတွေ ခေါ်ယူသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 5 February 2025
#ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်း #အစုရှယ်ယာများခေါ်ယူ
#YMG/SW #Yangon_Times
ယခုလအတွက် ဆန်ရည်ညွန်းစျေးတွေ ထုတ်ပြန်ရာမှာ ပြည်ပပို့ဆန်ကြမ်းအုပ်စုဝင်ဆန်တွေ စျေးကျဆင်းလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွက် သင့်တင့်မျှတသောဈေးကွက်စျေးနှုန်း ထုတ်ပြန်ချက် ဆန် ရည်ညွှန်းစျေးနှုန်းတွေ အရသိရပါတယ်။
#Local_News
Published 5 February 2025
#ပြည်ပပို့ဆန်ကြမ်းအုပ်စု #စားသုံးသူရေးရာဦးစီးဌာန
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ၊ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တစ်လကျော်အတွင်း အလှူရှင်အသီးသီးက ကျပ်သိန်းပေါင်း၃၆,၀၀၀ကျော်အထိ လှူဒါန်းထားတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 5 February 2025
#ရွှေတိဂုံစေတီတော် #ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
#YMG/NN #Yangon_Times
#World_News
Published 05 February 2025
▪️ အမေရိကန်က စစ်ဘေးကြောင့်ပျက်စီးနေတဲ့ ဂါဇာကမ်းမြောင်ကို လွှဲယူပြီး ပါလက်စ်တိုင်းသားတွေ တစ်နေရာရာမှာ ပြန်လည်နေရာချပြီးနောက် စီးပွားရေးနည်းလမ်းအရ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
▪️ ဒါဟာ အစ္စရေးလ်-ပါလက်စ်တိုင်း ပဋိပက္ခအပေါ် ဆယ်စုနှစ်တွေကြာထားလာတဲ့ အမေရိကန်မူဝါဒကနေ ကွဲထွက်လာတဲ့သဘော မြင်နေရပါတယ်။
▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ တက်ရောက်ခဲ့တဲ့ မီဒီယာကွန်ဖရင့်မှာ ထရမ့်က အံ့အားသင့်ဖွယ်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
▪️ ပျက်စီးနေတဲ့ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စ်တိုင်းသားတွေကို အိမ်နီးချင်းနိုင်ငံများသို့ အမြဲတမ်းအခြေချရေး အစီအစဉ်အကြောင်း ထရမ့်က အင်္ဂါနေ့အစောပိုင်းမှာ အကြံပြုခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်က ဂါဇာကို လွှဲယူသွားမှာဖြစ်ပြီး ထိုနေရာမှ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ အခြားလက်နက်တွေအားလုံး ရှင်းလင်းသွားရမယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ထိုနေရာကို ဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးသွားမှာဖြစ်ကာ အရှေ့အလယ်ပိုင်းတစ်ခုလုံးမှာ ဂုဏ်ယူစရာ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
▪️ ထရမ့်ဟာ ဘောင်အပြင်ဘက်ကနေ စိတ်ကူးအသစ်များ စဉ်းစားနေပြီး သမားရိုးကျကနေ ဖောက်ထွင်းသွားချင်တဲ့ ဆန္ဒရှိနေတယ်လို့ နေတန်ညာဟူက ပြောပါတယ်။
▪️ အမေရိကန်အနေနဲ့ ဘယ်လိုဩဇာအာဏာသုံးပြီး ဂါဇာကို တာဝန်ယူမလဲဆိုတဲ့အပေါ် ထရမ့်တိုက်ရိုက်ဖြေကြားခြင်း မရှိပါဘူး။
▪️ ရေရှည်ထိန်းသိမ်းလုပ်ဆောင်သွားမယ့် အခြေအနေ မြင်တွေ့နေပြီး အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်အေးချမ်းမှု ယူဆောင်လာနိုင်မှာကို မြင်တွေ့နေရတယ်လို့ ထရမ့်က ဆိုပါတယ်။
▪️ ဂါဇာဒေသခံတွေကို ဂျော်ဒန်၊ အီဂျစ်၊ အခြားအာရပ်နိုင်ငံတွေက လက်ခံပေးဖို့ ထရမ့်က အကြိမ်ကြိမ် တောင်းဆိုထားပြီး ပါလက်စ်တိုင်းသားတွေအနေနဲ့ ဂါဇာကမ်းမြောင်ကို စွန့်ခွာဖို့ကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ဆိုပါတယ်။
▪️ ဂါဇာဒေသခံတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းတာဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်ရာကျသလို အတိုက်အခံ ပေါ်ပေါက်လာနိုင်ပေမယ့် အချို့သော လူ့အခွင့်အရေးထောက်ခံသူတွေကတော့ သဘောကျနိုင်ပါတယ်။
▪️ ထရမ့်က အနာဂတ် ဂါဇာအပစ်အခတ်ရပ်စဲရေး၊ အီရန်တန်ပြန်ရေး ဗျူဟာများ၊ အစ္စရေးလ်-ဆော်ဒီ ပုံမှန်ဆက်ဆံရေး သဘောတူညီချက် မျှော်လင့်ချက်များအတွက် နေတန်ညာဟူကို အိမ်ဖြူတော်မှာ လက်ခံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
#Source: Reuters
#World_Science
Published 05 February 2025
▪️ ကမ္ဘာပေါ်က အကြီးဆုံး ရေခဲစိုင်တုံးကြီးဟာ အတ္တလန္တိတ်တောင်ပိုင်း သမုဒ္ဒရာ ဂျော်ဂျီယာတောင်ပိုင်းသို့ အန္တရာယ်ကြီးစွာ မျောပါလာနေသဖြင့် စောင့်ကြည့်နေကြပါတယ်။
▪️ A23a လို့အမည်ပေးထားတဲ့ ရေခဲစိုင်ကြီးဟာ မွမ်ဘိုင်းမြို့ထက် စတုရန်းကီလိုမီတာ ၃၇၀၀ လောက် ပိုမိုကြီးမားပြီး ၁၉၈၆ မှာ Filchner–Ronne ရေခဲကျောက်ဆောင်ကြီးကနေ ခွဲထွက်လာတဲ့ ဧရာမရေခဲစိုင်ကြီး ဖြစ်ပါတယ်။
▪️ ဝက်ဒဲလ်ပင်လယ်မှာ ဆယ်စုနှစ်တွေကြာအောင် ပိတ်မိနေခဲ့ပြီးနောက် ၂၀၂၀ မှာ မြောက်ပိုင်းသို့ စတင်ရွေ့လျားလာပါတယ်။
▪️ စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့က မျောနေတဲ့ရေခဲစိုင်ကြီးကနေ ၂၀ မီတာလောက်သာဝေးတဲ့ နေရာမှာ သင်္ဘောပေါ်ကနေ ဗီဒီယိုရိုက်ကူးခဲ့ကြပါတယ်။
▪️ သိပ္ပံပညာရှင်များနဲ့ ဒေသတွင်းအာဏာပိုင်များ စိုးရိမ်လာကြပြီး A23aဟာ လက်ရှိမှာ ဂျော်ဂျီယာတောင်ပိုင်း အနောက်တောင်ဘက် ပင်လယ်ရေပြင် ၁၄၅ မိုင်ခန့်မှာ တည်ရှိနေပါတယ်။
▪️ ရေခဲစိုင်ကြီးက ကျွန်းဆီသို့ တိုက်ရိုက်လမ်းကြောင်းမှာ မရှိပေမယ့် သမုဒ္ဒရာရေစီးကြောင်းတွေကြောင့် ရောက်လာနိုင်ပါတယ်။
▪️ ဂျော်ဂျီယာတောင်ပိုင်းမှာ ပင်လယ်ရေမှော်များ ရှိနေတာကြောင့် ပင်ဂွင်းများ ဖျံများ မှီခိုစားသောက်နေတဲ့ ဂေဟစနစ် ထိခိုက်လာနိုင်ပါတယ်။
▪️ ရေခဲစိုင်ကြီးကို မြင်ရတာ ဆန်းကျယ်လှပေမယ့် ဘေးအန္တရာယ်တွေကလည်း ပါလာနိုင်ပါတယ်။
▪️ ရက်သတ္တပတ်များအတွင်း ဂျော်ဂျီယာတောင်ပိုင်းသို့ ရောက်ရှိနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပြီး ဂေဟဟစနစ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြင်ဆင်မှုများ ပြုလုပ်လာရပါတယ်။
▪️ သိပ္ပံပညာရှင်တွေက ရွေ့လျားမှုကို စောင့်ကြည့်နေပြီး ရေခဲပြင်တွေပေါ်မှာ ရာသီဥတု ပြောင်းလဲသက်ရောက်မှုအကြောင်းတွေ လေ့လာနေကြပါတယ်။
▪️ ဒီရေခဲစိုင်ကြီးက အနာဂတ်မှာ ပင်လယ်ဂေဟစနစ်ရော ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင်ကိုပါ ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာကို နားလည်ဖို့ ကြိုးပမ်းနေကြပါတယ်။
#Source: India Today
#World_Technology
Published 05 February 2025
▪️ လူလုပ်အသိဉာဏ်(AI)ဖြင့် လူတစ်ဦးချင်းအတွက် အထူးပြုလုပ်တဲ့ ကင်ဆာကာကွယ်ဆေးကို ၄၈ နာရီအတွင်း ထုတ်လုပ်ပေးနိုင်တယ်လို့ Oracle ဥက္ကဌ လယ်ရီအယ်လီဆန်က ပြောပါတယ်။
▪️ အိမ်ဖြူတော်မှ Stargate Projectစတင်ကျင်းပပွဲမှာ အယ်လီဆန်က AIတိုးတက်လာခြင်းက ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးတက်ပြောင်းလဲစေနိုင်ပြီး တစ်ဦးချင်းစီမှာ ကင်ဆာတိုက်ဖျက်နိုင်ဖို့ အထူးပြုလုပ်ချက် mRNAကာကွယ်ဆေးများကို စက်ရုပ်စနစ်များအသုံးပြုပြီး AIက ဖန်တီးပေးနိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။
▪️ သွေးထဲမှာ အကျိတ်အပိုင်းအစငယ်များ ပေါ်ထွက်လာတည်းက သွေးစစ်ဆေးချက် ပြုလုပ်ခြင်းဖြင့် AIက တွေ့ရှိနိုင်မှာဖြစ်ပြီး ကင်ဆာအကျိတ်ရဲ့ မျိုးဗီဇအချက်အလက်အကြောင်း သိရပြီဆိုရင် တစ်ဦးချင်းစီအတွက် ကင်ဆာကာကွယ်ဆေး ဖော်ထုတ်နိုင်ပါမယ်လို့ ရှင်းပြပါတယ်။
▪️ mRNA ကာကွယ်ဆေးကို စက်ရုပ်တွေနဲ့ AIအသုံးပြုပြီး ၄၈ နာရီအတွင်း ပြုလုပ်နိုင်မှာဖြစ်ကြောင်း၊ ကင်ဆာကို စောစီးစွာတွေ့ရှိပြီး တစ်ဦးချင်းစီရဲ့ ကင်ဆာအလိုက် ကာကွယ်ဆေးရရှိနိုင်မှာ ဖြစ်ကြောင်း၊ ဒါဟာ AIဘက်က အာမခံချက်ဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရှိ AIကဏ္ဍအတွက် ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကြေညာထားပါတယ်။
▪️ mRNA ကာကွယ်ဆေးဆိုတာက messenger RNA အပိုင်းအစငယ်တစ်ခု အသုံးပြုပြီး ခန္ဓာကိုယ်ဆဲလ်တွေကနေ ပရိုတိန်းတစ်မျိုး ထုတ်လုပ်ပေးကာ ရောဂါခုခံအား လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
▪️ ခုခံအားစနစ်ကနေ ကင်ဆာဆဲလ်တွေကို သိရှိတိုက်ခိုက်နိုင်အောင် ကူညီပေးပါတယ်။
▪️ ဒီလိုကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချရပြီး အလျင်အမြန် ထုတ်လုပ်နိုင်ပါတယ်။
#Source: India Today
Page 76 of 1617