#Local_News
Published 7 February 2025
▪️ ဖေဖော်ဝါရီလ၈ရက်(မနက်ဖြန်) နံနက် ၁၀ နာရီမှ နေ့လည်၂နာရီအထိ မြို့နယ်တချို့တွင် ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။
▪️ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၏ 66kV ကျိုက္ကဆံ (၂) ဓာတ်အားလိုင်းသစ်အား ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ Insulator များအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်းနှင့် မြေအောက်ဓာတ်ကြိုးများ ဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ - ကျိုက္ကဆံ ၊ 66kV သာကေတ - ပုသိမ်ညွန့်၊ 66kV သာကေတ - တာမွေဈေး၊ 66kV သာကေတ - ဒဂုံအရှေ့(၂) ဖီဒါများအား (၈.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဉက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက် နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်စဉ် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သဘာဝ ဝါးတောတွေကနေ ဝါးထုတ်လုပ်တာအပြင် ပုဂ္ဂလိကဝါးစိုက်ခင်းများလည်း ခွင့်ပြုပေးနေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 7 February 2025
#သဘာဝဝါးတော #ပုဂ္ဂလိကဝါးစိုက်ခင်း
#YMG/NN #Yangon_Times
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီဈေးကနှစ်ပတ်ဆက်တိုက်မြင့်တက်နေပြီး သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့တဲ့ ဒီဇယ်ဈေးတွေကတော့ ပြန်လည်ကျဆင်းခဲ့တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 7 February 2025
#ဒီဇယ်ဈေးပြန်ကျ #ဓာတ်ဆီဈေးတက်
#YMG/NN #Yangon_Times
ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့်Smart Farm Korea 2025 ကို တက်ရောက်မယ့် မြန်မာလုပ်ငန်းရှင်Buyers တွေ အတွက် အသွား/အပြန် လေယာဉ်လက်မှတ်နဲ့ (၂) ရက်တာ တည်းခိုစရိတ်တို့ကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 7 February 2025
#Smart_Farm_Korea_2025 #မြန်မာလုပ်ငန်းရှင်များ
#YMG/SW #Yangon_Times
ယခုဖေဖော်ဝါရီလအတွင်းမှာ ပြည်တွင်းကို စုစုပေါင်းစက်သုံးဆီတင်သင်္ဘော ၂၉စီးဝင်ရောက်မှာဖြစ်တာကြောင့် စက်သုံးဆီဈေးနှုန်းတွေ ဆက်လက်ကျဆင်းမှာဖြစ်တယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရပါတယ်။
#Local_News
Published 7 February 2025
#စက်သုံးဆီတင်သင်္ဘော #စက်သုံးဆီဈေးနှုန်းကျဆင်း
#YMG/SW #Yangon_Times
#Local_News
Published 7 February 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်ငွေသုံးသိန်း ကျော်ကို ယမန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၅၉၃ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၅၀,၂၆၅ နှင့် ငွေလဲနှုန်း ၅၄၂ ကျပ်ဖြင့် တရုတ်ယွမ် ၂၁၄,၈၃၀ တို့ကိုလည်းဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ရောင်းခဲ့ ခြင်းဖြစ်သည်။
▪️ ထိုနေ့တစ်ရက်တည်းတွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၁၁.၅၉၆ သန်း၊ တရုတ်ယွမ် ၂၀.၆၃၉ သန်းနှင့် ထိုင်းဘတ် ၅၇.၃၅၈ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 07 February 2025
▪️ ကမ္ဘာတဝှမ်းမှာရှိတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID)ရဲ့ ဝန်ထမ်းပေါင်းတစ်သောင်းကျော်ထဲမှာမှ ၃၀၀ အောက်သာ ထားရှိဖို့ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ သတင်းရင်းမြစ် ၄ ခုက ကြာသပတေးနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
▪️ ဒေါ်နယ်ထရမ့် သမ္မတပြန်ဖြစ်လာကတည်းက စီးပွားရေးသမား အီလွန်မက်စ်ဦးဆောင်ပုံဖော်နေတဲ့ အစိုးရပြန်လည်ဖွဲ့စည်းရေး အစီအစဉ်မှာ ဝါရှင်တန်မှ လူသားချင်းစာနာမှုကူညီရေး အဓိကအေဂျင်စီကြီးကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
▪️ ထိုအေဂျင်စီထဲမှာ ဝန်ထမ်း ၂၉၄ ဦးကိုသာ အလုပ်မှာ ဆက်လက်လုပ်ကိုင်ခွင့် ပေးသွားဖို့ စီစဉ်နေပြီး အာဖရိကဗျူရိုမှာ ၁၂ ဦးနဲ့ အာရှဗျူရိုမှာ ၈ ဦးတို့သာ ပါဝင်မယ်လို့ ဆိုပါတယ်။
▪️ ဒီလိုမျိုး ဝန်ထမ်းအများအပြားကို အလုပ်ရပ်နားလိုက်ရင် ကမ္ဘာပေါ်က သန်းပေါင်းများစွာသောလူတွေ အသက်ဆက်ရှင်အောင် ကူညီပေးနေတဲ့ အေဂျင်စီကြီး ရပ်ဆိုင်းသိလိုဖြစ်သွားမယ်လို့ USAID အကြီးအကဲ ဘရိုင်ယန်အက်ဝုဒ်က ပြောပါတယ်။
▪️ ထရမ့်နဲ့ မက်စ်တို့က USAID ဝန်ထမ်းတွေဟာ ရာဇဝတ်သားတွေလို့ မှားယွင်းစွပ်စွဲတာတွေကို ဖြေရှင်းနေရကာ USAIDဝန်ထမ်းဒါဇင်ခန့် အလုပ်ရပ်နားသွားပြီး အတွင်းရေးကန်ထရိုက် ရာနဲ့ချီရပ်ဆိုင်းသွားကာ ကမ္ဘာတဝှမ်းမှ အသက်ကယ်အစီအစဉ်တွေ မရေမရာ ဖြစ်နေပါတယ်။
▪️ အစိုးရအုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတဝှမ်းမှ USAIDဝန်ထမ်းအားလုံးကို အလုပ်ရပ်ဆိုင်းသွားမှာဖြစ်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းထောင်ချီကို ပြန်ခေါ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
▪️ အလုပ်ရပ်ဆိုင်းသွားခြင်းကနေ ကင်းလွတ်စေမယ့် အစီအစဉ်တွေကို အစိုးရအဖွဲ့က ရှာဖွေပုံဖော်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်က USAIDကို နိုင်ငံခြားရေးဌာနနဲ့ ပူးပေါင်းသွားစေချင်တာ ဖြစ်ပါတယ်။
▪️ အချို့ဝန်ထမ်းတွေဆိုရင် အလုပ်ရပ်ဆိုင်းခြင်း အသိပေးစာရရှိထားပြီလို့ သတင်းနီးစပ်သူများက ဆိုပါတယ်။
▪️ မရှိမဖြစ်လိုအပ်တဲ့ ဝန်ထမ်းတွေကိုတော့ ဆက်လက်အလုပ်လုပ်စေဖို့ အသိပေးသွားဖို့ ရှိပါတယ်။
▪️ USAID ဟာ ၂၀၂၃ အတွင်း နိုင်ငံပေါင်း ၁၃၀ ခန့်ကို အကူအညီများ ထောက်ပံ့ခဲ့ပြီး အများစုက စစ်ရေးပဋိပက္ခနဲ့ အလွန်အမင်း နွမ်းပါးတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။
#Source: Reuters
#Local_News
Published 7 February 2025
▪️ နိုင်ငံကျော်တေးရေးနိုင်မြန်မာ ယနေ့မနက်ပိုင်းက ကွယ်လွန်သွားကြောင်း ဂီတအသိုင်းအဝိုင်းမှ သိရသည်။
▪️ တေးရေးနိုင်မြန်မာ ကွယ်လွန်သည့်အကြောင်းကို ဂစ်တာနိုင်ဇော်က‘‘တေးရေးနိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတစ်ခုလုံး ဆုံးရှုံးရသလိုခံစားရပါတယ်’’ဟု ရေးသားထားသည်။
▪️ တေးရေးနိုင်မြန်မာသည်ကွယ်လွန်ချိန်တွင် (၆၈) နှစ်ရှိပြီကာ မြန်မာ့ဂီတလောကတွင် ကျော်ကြားခဲ့သော တေးသီချင်းများကို ရေးသားခဲ့သူ ဖြစ်သည်။
▪️ ၎င်းရေးသားခဲ့သောသီချင်းများအနက် ဝါဆိုမိုး၊ တခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ၊ အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ ရင်တွင်းမေ၊ ဒုံးယိမ်းညသီချင်းများအပြင် ထင်ရှားကျော်ကြားသည့် သီချင်းများစွာကို ရေးသားခဲ့သူ ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 February 2025
▪️ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ဆောင်းပါးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။
▪️ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၆၅) ကြိမ်မြောက်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် မတ်လ (၂၃)ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားအတွက် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို "သဘာ၀ဘေးကြိုတင်သတိပေးချက် ပြည့်စုံ ကောင်းမွန်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှု ရှိစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ပထမဆု ကျပ် (၅) သိန်း၊ ဒုတိယဆုကျပ် (၃) သိန်း၊ တတိယဆု ကျပ် (၂) သိန်း စုစုပေါင်း (၃)ဆုကို ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြာင်း သိရသည်။
▪️ ပြိုင်ပွဲဝင်ဆောင်းပါးများကို (Hard/ Soft-copy) တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပတ်စပို့ အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ ဥက္ကဌ၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၅၀၉၅၄၆၅၉ နှင့် အတွင်းရေးမှူး၊ ဆောင်းပါး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉- ၂၅၀၉၅၄၆၅၆ သို့ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ ညနေ(၄)နာရီ နောက်ဆုံးထား၍ ဆက်သွယ် ပေးပို့နိုင်ကြောင်း၊စည်းကမ်းချက်များနှင့်မကိုက်ညီသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ ဆုရရှိသူများအားမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ Website နှင့် Facebook တို့တွင် ကြေညာပေးမည်ဖြစ်ပြီး ဆုများကို မတ်လ (၂၃)ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့မိုးလေ၀သနေ့အခမ်းအနား၌ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 07 February 2025
▪️ လတ်တလောနှစ်တွေမှာ အယ်လ်ကာလိုင်းရေက ကျန်းမာရေးအကျိုးကျေးဇူး ရှိတယ်ဆိုပြီး လူပြောများလာကာ ခန္ဓာကိုယ်ထဲက အက်ဆစ်ဓာတ်ကို ချေဖျက်ပေးခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်း၊ အိုမင်းရင့်ရော်မှု နှောင့်နှေးခြင်းတို့ ပြုလုပ်ပေးနိုင်တယ်လို့ ယူဆနေကြပါတယ်။
▪️ အယ်လ်ကာလိုင်းရေက ပုံမှန်ရေထက် pH ပိုမိုမြင့်မားပြီး သာမန်ရေက pH 7 ရှိကာ အယ်လ်ကာလိုင်းရေက pH 8 သို့မဟုတ် 9 ရှိပါတယ်။
▪️ သတ္တုဓာတ် ကြွယ်ဝတဲ့ရေ၊ အီလက်ထရိုလိုက်နဲ့ ကယ်လ်စီယံ ပိုတက်ဆီယံ မဂ္ဂနီဆီယံစတဲ့ သတ္တုဓာတ်များ ထည့်ခြင်းဖြင့် pH မြင့်တက်နိုင်ပါတယ်။
▪️ အယ်လ်ကာလိုင်းရေရဲ့ အကျိုးကျေးဇူးတွေမှာဆိုရင်..
- အီလက်ထရိုလိုက် မျှခြေထိန်းပေးတာကြောင့် လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ သာမန်ရေထက်ပိုပြီး ရေဓာတ်ဖြည့်ပေးပါတယ်။
- ကယ်လ်စီယံနဲ့ မဂ္ဂနီဆီယံတို့လို သတ္တုဓာတ် ကြွယ်ဝတာကြောင့် အရိုးကျန်းမာရေးကို ထောက်ကူပေးပါတယ်။
- pH 8 ကျော်လွန်တာကြောင့် အက်ဆစ်လျှံတက်ခြင်း ဖြစ်စေတဲ့ ပက်ပ်ဆင်အင်မ်ဇိုင်းကို ချေဖျက်ပေးပါတယ်။
- အယ်လ်ကာလိုင်းရေက သွေးပြစ်ခြင်းကို လျှော့ချပေးတာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး အောက်ဆီဂျင် သယ်ပို့ပေးပါတယ်။
- ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတဲ့ ဟိုက်ဒရိုဂျင်မော်လီကျူး ပါဝင်တာကြောင့် ဆဲလ်များ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ဒါပေမဲ့ အယ်လ်ကာလိုင်းရေမှာ ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။
- အစာအိမ်အက်ဆစ်ဓာတ် လျှော့ချပေးတာကြောင့် အစာမကြေဖြစ်တတ်ပါတယ်။
- အဆုတ်နဲ့ ကျောက်ကပ်တို့ ပုံမှန်ထိန်းညှိနေတဲ့ pHက အယ်လ်ကာလိုင်းကြောင့် မျှခြေပျက်စီးတတ်ပါတယ်။
- ကယ်လ်စီယံနဲ့ မဂ္ဂနီဆီယံတို့လို သတ္တုဓာတ်များ ပါဝင်ပေမယ့် အခြားအာဟာရဓာတ်တွေရဲ့ စုပ်ယူနိုင်စွမ်းကိုတော့ လျှော့ချပေးပါတယ်။
- ထုတ်လုပ်ထားတဲ့ အယ်လ်ကာလိုင်းရေတွေမှာ ဓာတုပစ္စည်းများ ပါဝင်နိုင်ပါတယ်။
▪️ အယ်လ်ကာလိုင်းရေကို ရံဖန်ရံခါ သောက်နိုင်ပေမယ့် ပုံမှန်ရေနေရာမှာတော့ အစားမထိုးသင့်ပါဘူး။
#Source: DoctorNDTV
#World_Health
Published 07 February 2025
▪️ သားယောက်ျားလေး သေချာပေါက်ရရှိနိုင်မယ့် နည်းလမ်းမျိုးမရှိပေမယ့် လူတွေကတော့ ဘယ်လိုနည်းပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ချင်ကြပါတယ်။
▪️ ပုံစံနည်းလမ်းအမျိုးမျိုး ပြုလုပ်တဲ့သူတွေ ရှိပြီး ဗြိတိသျှသင်္ချာပညာရှင် ဟာနာဖရိုင်းက သမိုင်းအကြောင်း အကြံပြုပါတယ်။
▪️ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အင်္ဂလန်နဲ့ ဝေးလ်စ်တို့မှာ မွေးဖွားတဲ့ ယောက်ျားလေးအရေအတွက် မြင့်တက်လာတာကို ထောက်ပြပါတယ်။
▪️ ယူဆချက်တွေကို ရှင်းပြရာမှာ တစ်ချက်က ကျန်းမာသန်စွမ်းတဲ့ စစ်သားတွေဟာ စစ်ပွဲမှာ အသက်ရှင်နိုင်ခြေ ပိုများပြီး ဇနီးမယားဆီ ပြန်လာရာမှာ ယောက်ျားလေးသန္ဓေ ရနိုင်ခြေ ပိုများပါတယ်။
▪️ ဒီအတွက် အကျိုးအကြောင်းအနေနဲ့ တိုက်ပွဲမှာ ယောက်ျားတွေ ဆုံးရှုံးသွားတာကို ပြန်လည်ဖြည့်တင်းတဲ့ သဘာဝ သဘောတရား ဖြစ်နိုင်ပါတယ်။
▪️ နောက်တစ်ချက်က အိမ်ပြန်လာတဲ့ စစ်သားတွေဟာ ဇနီးမယားနဲ့ လိင်မှုပြုတဲ့အခါ အမျိုးသမီးတွေရဲ့ စက်ဝန်းစောစီးချိန်မှာ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
▪️ ကိုယ်ဝန်တည်တဲ့ စက်ဝန်းအချိန်အခါပေါ် မူတည်ပြီး ယောက်ျားလေး မိန်းကလေး အပြောင်းအလဲများကာ စက်ဝန်းစောတဲ့အချိန်မှာ ယောက်ျားလေးရနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။
▪️ ဒီလိုဖြစ်နိုင်ခြေတွေက အလွန်နည်းပါးပေမယ့် လူဦးရေတစ်ခုလုံးနဲ့ ကြည့်ရင်တော့ စစ်ပွဲပြီးရင် ပုံမှန်ထက် လိင်မှုကိစ္စပိုပြုကြပြီး စက်ဝန်းစောစီးချိန်မှာ ကိုယ်ဝန်ရတတ်ကြတာကြောင့် ယောကျ်ာလေးမွေးဖွားသူ မြင့်တက်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
▪️ လတ်တလောမှာတော့ အမေရိကန်မှာ ယောက်ျားလေးမွေးဖွားနှုန်းက အနည်းငယ်မြင့်တက်နေပြီး ၂၀၂၂ မှာဆိုရင် မိန်းကလေး ၁ ယောက်မွေးဖွားတိုင်း ယောက်ျားလေးက ၁.၀၄၈ ယောက်နှုန်း ရှိခဲ့ပါတယ်။
#Source: New York Post
၂၀၂၅ နွေဦးပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံရဲ့ Box-Office ဝင်ငွေဟာ ကြိုတင်ရောင်းချခြင်း အပါအဝင် ယွမ် ၈.၁ ဘီလီယံ (ဒေါ်လာ ၁.၁၃ ဘီလီယံ)ဖြင့် စံချိန်ချိုးသွားခဲ့ပြီး တနင်္လာနေ့မှာ ယွမ် ၁၀ ဘီလီယံရောက်ရှိဖို အားထုတ်နေကြတယ်လို ရုပ်ရှင်အချက်အလက်ပလက်ဖောင်း Beaconက ဖော်ပြထားပါတယ်။
#World_Entertainment
Published 6 February 2025
#နွေဦးပွဲတော်ကာလ #မြောက်အမေရိကား
#YMG #Yangon_Times #Yangon_Media_Group
Page 74 of 1617