မြန်မာ့သနပ်ခါးလိမ်းခြယ် ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီးမှာလာမယ့် မတ်လ(၈)ရက်ကနေ (၁၄)ရက်အထိ ကျင်းပသွားမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။
#Local_News
Published 27 February 2025
#မြန်မာ့သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲ #ပဲခူးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
အခုလာမယ့် မတ်လဆန်းကစတင်ပြီး များစွာအပူမပြင်းနိုင်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နွေရာသီစတင်တော့မယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားပါတယ်။
#Local_News
Published 27 February 2025
#နွေရာသီအပူချိန်လျော့ကျနိုင် #ပြင်ပမိုးလေဝသပညာရှင်
#YMG/NN #Yangon_Times
ပွင့်လင်းရာသီအတွင်း ကရင်ပြည်နယ်မှာ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာရေးဆွဲဆောင်နိုင်ဖို့အတွက် မဟာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်အပြင် သဲသောင်ပြင်သင်္ကြန်ကိုပါ ထည့်သွင်းကျင်းပသွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောပါတယ်။
#Local_News
Published 27 February 2025
#သဲသောင်ပြင်သင်္ကြန် #ကရင်ပြည်နယ်
#YMG/SW #Yangon_Times
#Local_News
Published 27 February 2025
▪️ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
▪️ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကိုမတ်လ ၇ ရက်မှ ၁၃ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မတ်လ ၇ ရက်မှ ၉ ရက် အထိကို ဖျော်ဖြေရေးပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် ရေကျော်ဂီတဖျော်ဖြေရေးအဖွဲ့၊ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖျော်ဖြေ ရေးအဖွဲ့၊ မတ် ၁၂ ရက်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဖျော်ဖြေရေးအဖွဲ့၊ မတ်လ ၁၃ ရက်တွင် မြဝတီရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့တို့မှ အခမဲ့ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပွဲတော်အတွင်း ချား၊ ရဟတ်၊ ပျော့ပျော့အိအိ ကလေးကစားကွင်းများလည်းပါဝင်မည်ဖြစ်သော ကြောင့် အနယ်နယ် အရပ်ရပ်ရှိ ဘုရားဖူးများအနေဖြင့် လာရောက် ဆင်နွှဲရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 February 2025
▪️ မလေးရှားနိုင်ငံ၊ ပီနန်တွင်ကျင်းပမည့်Malaysia Gold & Jewellery Trade Exhibition သို့ တက်ရောက်ရန် ပြည်တွင်းမှ ရွှေနှင့်ကျောက်မျက်ရတနာကုန်သည်များကို ဖိတ်ကြားထားကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ အဆိုပါပြပွဲကို ပီနန်ပြည်နယ်ရှိ SPICE Convention Center ၌ မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ရွှေနှင့်ကျောက်မျက်အဖွဲ့အစည်းများနှင့် ရွှေကုန်သည်ကြီးများအသင်းတို့မှ စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
▪️ ထိုရွှေအရောင်းပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက Email:
#YMG/SW #Yangon_Times
#World_News
Published 27 February 2025
▪️ အမေရိကန် တရားရုံးချုပ်မှ တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ကနေ ကန်ထရိုက်တာများနဲ့ ထောက်ပံ့မှုလက်ခံသူများကို နိုင်ငံခြားအကူအညီပေးရမယ်ဆိုတဲ့ ဖက်ဒရယ်တရားသူကြီးအမိန့်ကို ဗုဒ္ဓဟူးနေ့က ဆိုင်းငံ့လိုက်ပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ည ၁၁ နာရီ ၅၉ မိနစ်ကို နောက်ဆုံးသတ်မှတ်ထားတဲ့ ဝါရှင်တန်အခြေစိုက် အမေရိကန်ခရိုင်တရားသူကြီး အေမီရာအယ်လီရဲ့ သတ်မှတ်ချက်ကို ရောဘတ်စ်က ဆိုင်းငံ့ထားဖို့ ကြားဖြတ်အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
▪️ တရားရုံးယာယီအမိန့်အတွက် ရောဘတ်စ်က ကျိုးကြောင်းပြောသွားခြင်းမရှိဘဲ အယ်လီရဲ့ စီရင်ချက်ကို ပိတ်ဆို့ဖို့အတွက် အစိုးရအဖွဲ့ရဲ့ တရားဝင်တောင်းဆိုချက်ကို စဉ်းစားသွားဖို့ တရားရုံးအနေနဲ့ အချိန်ပိုရသွားမှာဖြစ်ပါတယ်။
▪️ ရောဘတ်စ်က နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီနဲ့ နိုင်ငံခြားရေးဌာနတို့နဲ့ ကန်ထရိုက်ယူထားသူတွေ ဒါမှမဟုတ် လက်ခံရယူတဲ့ အဖွဲ့အစည်းတရားလိုတွေကို သောကြာမွန်းလွဲအချိန်မှာ တုံ့ပြန်ပြောကြားခိုင်းထားပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့က အမေရိကန် နိုင်ငံခြားရေး အကူအညီ ကန်ထရိုက်များနဲ့ ထောက်ပံ့မှုအများစုကို အဆုံးသတ်သွားမယ့် နောက်ဆုံးဆုံးဖြတ်ချက် ချလိုက်ပြီလို့ ဗုဒ္ဓဟူးနေ့က ရုံးတင်လျှောက်ထားခဲ့ပြီး အယ်လီရဲ့ တရားရုံးအမိန့်ချ နောက်ဆုံးသတ်မှတ်ချိန်ကို မမီဘူးလို့ ပြောကြားပြီးနောက်မှာ အခုလိုအမိန့်ထွက်လာတာ ဖြစ်ပါတယ်။
▪️ အစိုးရအဖွဲ့ဟာ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ နိုင်ငံခြားအကူအညီ ကန်ထရိုက် ၉၀ ရာခိုင်နှုန်းကျော်၊ ကမ္ဘာတဝှမ်းရှိ အမေရိကန် အထောက်အပံ့အားလုံးထဲက ဒေါ်လာ ၅၈ ဘီလီယံကျော်ကို ဖြတ်တောက်နေတယ်လို့ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
▪️ တရားစွဲဆိုချက်တွေ လျှောက်တင်လာတဲ့ ထောက်ပံ့ရေးအဖွဲ့အစည်းတွေက အေဂျင်စီတွေဟာ နိုင်ငံခြား ထောက်ပံ့ပေးချေမှုအားလုံးကို တရားမဝင် ရပ်ဆိုင်းလိုက်တယ်လို့ စွပ်စွဲထားပါတယ်။
▪️ အစိုးရသဘောတူညီချက်တွေက မူဝါဒနဲ့ ကိုက်ညီခြင်းရှိမရှိ ဆုံးဖြတ်ဖို့ သုံးသပ်နေချိန်မှာ ဆိုင်းငံ့ထားပိုင်ခွင့်ရှိတယ်လို့ အမေရိကန် တရားစီရင်ရေးဌာနရဲ့ ရှေ့နေတွေက ပြောပါတယ်။
▪️ ထရမ့်ဟာ ပြည်ထောင်စုဥပဒေနဲ့ အမေရိကန် အခြေခံဖွဲ့စည်းပုံလက်အောက် သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လွတ်လပ်တဲ့ အေဂျင်စီ ဖျက်သိမ်းခြင်း၊ လွှတ်တော်မှ ခွင့်ပြုထားတဲ့ သုံးစွဲမှုတွေကို ပယ်ဖျက်ခြင်းတို့ ပြုလုပ်တာဖြစ်တယ်လို့ တရားလိုများက စွပ်စွဲထားပါတယ်။
#Source: Reuters
#Local_News
Published 26 February 2025
▪️ နီပေါနိုင်ငံတွင် ကျင်းပသည့်လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဖလားရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲကိုနီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ ဒါရှာရတ်ကွင်းတွင် ဖေဖော်ဝါရီ ၁၇ရက် မှ ၂၆ ရက်အထိ ကျင်းပခြင်းဖြစ်ပြီးအိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာယနေ့ကျင်းပသည့် ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ေကြာင်း သိရသည်။
▪️ မြန်မာအသင်းအတွက် အနိုင်ဂိုးများကိုပွဲကစားချိန် (၆၂) မိနစ်တွင် ရူပါခိုင်နှင့် ပွဲကစားချိန် (၆၄) မိနစ်တွင် ဝင်းသိင်္ဂီထွန်းတို့က သွင်းယူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲကို ၄ သင်း ပတ်လည်စနစ်ဖြင့် ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက နှစ်ပွဲနိုင်၊တစ်ပွဲသရေ ရလာဒ်ဖြင့် အမှတ်အများဆုံးရရှိကာအိမ်ရှင် နီပေါ အသင်းနှင့် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 27 February 2025
▪️ နှလုံးရောဂါက ကမ္ဘာတဝှမ်းမှာ အသက်ဆုံးပါးမှုနှုန်း မြင့်မားနေသလို ရုတ်တရက်နှလုံးဖောက်ခြင်းကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။
▪️ နှလုံးသွေးကြောကျန်းမာရေးအတွက် မျှတတဲ့အစားအစာ၊ ပုံမှန်လေ့ကျင့်ခန်းတို့က အရေးပါတဲ့အပြင် သဘာဝဖြည့်စွက်အားဆေးကလည်း ရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်ပါတယ်။
▪️ ဒီထဲမှာမှ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ကိုအင်ဇိုင်းQ10၊ မဂ္ဂနီဆီယံတို့က နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။
(၁) အိုမီဂါ-၃ ဖက်တီးအက်ဆစ်
▪️ မကောင်းတဲ့အဆီ၊ သွေးပေါင်ချိန်တို့ကို လျှော့ချပေးပြီး သွေးကြောပိတ်ဆို့ခြင်းမှ ကာကွယ်ပေးသလို ရောင်ရမ်းခြင်းကိုလည်း ဆန့်ကျင်ပေးပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ သဘာဝရင်းမြစ်တွေက ဆော်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာ၊ တူနာငါးလိုမျိုး အဆီပါသောငါးများ၊ ချီယာစေ့၊ လျှော်စေ့၊ သစ်ကြားသီးနဲ့ ဗာဒံသီး၊ ပဲပုပ်နဲ့ တိုဖူးတို့ ဖြစ်ပါတယ်။
(၂) ကိုအင်ဇိုင်းQ10 (CoQ10)
▪️ နှလုံးဆဲလ် စွမ်းအင်ထုတ်လုပ်မှုကို ထောက်ပံ့ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ကာ သွေးကြောတွေ အကျုံ့အဆံ့ ပြုလုပ်ပေးခြင်း၊ သွေးပေါင်ချိန် လျော့ကျစေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
▪️ ကိုအင်ဇိုင်းQ10ကိုတော့ အဆီပါသောငါးများ၊ ကိုယ်တွင်းအင်္ဂါသားများဖြစ်တဲ့ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ ဂျုံ၊ ဆန်ညို၊ အခွံမာသီးနဲ့ အစေ့များမှာ ပါဝင်ပါတယ်။
(၃) မဂ္ဂနီဆီယံ
▪️ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းတို့ ထိန်းသိမ်းရာမှာ အရေးပါပြီး သွေးကြောတောင့်တင်းခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ မဂ္ဂနီဆီယံ နည်းပါးပါက နှလုံးခုန်မမှန်ခြင်း၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေ များပါတယ်။
▪️ မဂ္ဂနီဆီယံကို ဟင်းနုနွယ်၊ ကိုက်လံ၊ မုန်ညင်းစတဲ့ အစိမ်းရောင်ဟင်းရွက်များ၊ အစေ့နဲ့ အခွံမာသီးများ၊ ဆန်ညို၊ ဂျုံ၊ ချောကလက်မည်း၊ ငှက်ပျောသီးတို့မှာ တွေ့ရပါတယ်။
▪️ ဖြည့်စွက်အားဆေးတွေ အသုံးပြုခြင်းက အာဟာရဓာတ်မျှတမှုနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။
#Source: DoctorNDTV
DEEP Robotics လို့ခေါ်တဲ့ ဟန်ကျိုးယွန်ရှင်ချူ နည်းပညာကုမ္ပဏီက ပတ်ဝန်းကျင် အနေအထားအလိုက် လမ်းညွှန်လှုပ်ရှားနိုင်မယ့် နည်းပညာဆန်းသစ် စက်ရုပ်ခွေးများဖြင့် ကမ္ဘာ့အာရုံစိုက်ခြင်းခံနေရပါတယ်။
#World_Technology
Published 26 February 2025
#စက်ရုပ်ခွေး #ကမ္ဘာ့အာရုံစူးစိုက်မှုဖမ်းယူ
#YMG #Yangon_Times #Yangon_Media_Group
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
#Daily_News
Published 26 February 2025
၁။ အခြေခံပညာကျောင်းများတွင် ဘောလုံးပညာသင်ရပ်ကို စီမံကိန်းတစ်ရပ်အနေဖြင့်သင်ကြားပေးမည်
၂။ ရွေ့လျားဆေးကုခန်းဖွင့်ကာ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေ
၃။ ရန်ကုန်တိုင်း၌ ဆီထွက်သီးနှံ ဧက တစ်သောင်းကျော်စိုက်ပျိုးပြီးစီး
၄။ တရုတ်နည်းပညာကုမ္ပဏီတစ်ခုက ဆန်းသစ်တီထွင်စက်ရုပ်ခွေးများဖြင့် ကမ္ဘာ့အာရုံစူးစိုက်မှုဖမ်းယူထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 February 2025
▪️ မြန်မာလုပ်သားများအား ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရန်အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း နှင့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက" ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေ အနေနဲ့ ပြည်ပနိုင်ငံတွေကို လုပ်သားတွေ စေလွှတ်ရာမှာ မိမိရဲ့ သားသမီးတွေသဖွယ် သဘောထားပြီး ဖြစ်ပေါ်လာ နိုင်တဲ့ အခြေအနေ အရပ်ရပ်ကို မြော်တွေးစဉ်းစားကာ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
▪️ လက်ရှိတွင် ရုရှားနိုင်ငံက မြန်မာအလုပ်သမားများကို ခေါ်ယူရန်အလုပ်ခေါ်စာများ ရရှိထားသော်လည်း ရုရှားဘာသာစကား စာမေးပွဲများ ပြုလုပ်အောင်မြင်ပြီးမှသာ စိစစ်ခွင့်ပြုသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှတည်ေဆာက် ရောင်းချပေးနေတဲ့ ရိုးမရိပ်သာ တန်ဘိုးနည်း အိမ်ရာက အခန်းေတွဝယ်ယူဖို့လျှောက်လွှာတင်သူ သုံးသောင်းခန့်ရှိတယ်လို့ မြိုပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 26 February 2025
#တန်ဘိုးနည်းအိမ်ရာ #လျှောက်လွှာတင်သူသုံးသောင်းခန့်ရှိ
#YMG/SW #Yangon_Times
Page 54 of 1617