#Local_News
Published_28 March 2025
▪️ ငလျင်ကြောင့် လမ်းတံတား၊ အဆောက်အဦများပျက်စီးခဲ့ကာ ပြည်သူအချို့ သေဆုံးဒဏ်ရာရသည်များလည်းရှိနေကြောင်း သိရသည်။
▪️ ယနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်း မှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလို မီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေင လျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲက သိရသည်။
▪️ အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည် တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ငလျင် ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
▪️ နေပြည်တော်တွင် ထိခိုက်ဒဏ်ရာရသူများအား (ခုတင်-၁၀၀၀)တွင် ကုသမှုများ ပေးနေကြောင်း၊၎င်းအပြင် နေပြည် တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာ များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
#Yangon_Times/PP
အခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန် ဒေါ်လာ၂၆သန်းကျော်ပုစွန်မက်ထရစ်တန် ၈,၀၀၀ နီးပါး တင်ပို့ထားနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 28 March 2025
#ပုစွန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 28 March 2025
▪️ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်၊ ရှမ်းပြည်နယ်များ၌ ပျက်စီးမှုများအပြင်မန္တလေးမစိုးရိမ်တိုက်ဟောင်း၊ မန္တလေးသွားဆေးတက္ကသိုလ် ကျောင်း အုတ်ပြိုကျခြင်း၊ နန်းမြို့ရိုးအပါအဝင် အထက်မြင့်တိုက်အချို့ပြို့ကျပြီး လူေ-သဆုံးမှုများရှိနေကြောင်း ဒေသခံများ နှင့်လူမှုကူညီ ရေးအသင်းများမှ သိရသည်။
▪️ ယနေ့ မတ်လ (၂၈) ရက် နေ့လယ်ပိုင်းတွင် ပြင်းအား ရစ်ခ်ျတာစကေး (၇) အဆင့်ကျော် ငလျင်လှုပ်ခတ်ခဲ့ရာ စစ်ကိုင်းတံတားဟောင်းကျိုးကျခဲ့သည့်အပြင် မန္တလေးတွင် အထပ်မြင့်တိုက်များပါ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် စစ်ကိုင်းမင်းကွန်းတိနိကျောင်း ရွှေရတုငွေရတုငါးထပ်ဆောင်ပြိုကျတည်းခိုလူများ ပိနေ၍ ကူညီကယ်ထုတ်နေရကြောင်း သိရသည်။
▪️ 'ငလျင်ကအင်အား တော်တော်ပြင်းတော့ တိုက်တွေပြိုကျပြီး ေ-သဆုံးတာတွေရှိနေပါတယ်၊ အခုပဲ DB သွားပို့တာနှစ်ခါရှိပြီ၊ အရေးပေါ်ဌာနမှာလည်းဆူညံနေတာပဲ၊ ပြိုကျတဲ့တိုက်ကလူတွေကိုလည်း ကယ်ထုတ်တာတွေလုပ်ဆောင်နေကြပါတယ်'ဟု မန္တလေးမြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
▪️ ထို့အပြင် တောင်ငူမြို့ရှိ ခပေါင်းတံတား အက်သွားသည့်အတွက် ယာဉ်များဖြတ်သန်းခွင့်ကိုယာယီရပ်ဆိုင်းထားသည့်အပြင် တောင်ငူ မြို့ ၊ ဝေဠု၀န်ကျောင်း၌ စစ်ဘေးရှောင်ကလေး ၂၀ ပိတ်မိနေရာ ခရိုင်မီးသတ်နှင့် ပရဟိတအသင်းများ ပူးပေါင်းကူညီ ကယ်ထုတ်ခဲ့ရာ ကိုရင်လေးတပါးအပါအဝင် DB ခြောက်လောင်းရရှိခဲ့ကြောင်း သိရသည်။
▪️ နေပြည်တော်ရှိ ကျောက်မျက်ရတနာ ပြတိုက်လည်း ပြိုကျပျက်စီးခဲ့ရပြီး ဝန်ကြီးဌာန အဆောက်အုံနှင့် ဝန်ထမ်းအိမ်ရာ ၊သာသနိက အဆောက်အအုံများ ပြိုကျခဲ့ရကြောင်း သိရသည်။
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဖောင်တော်ဦးဘုရားနှင့်အဆောက်အဦးများပြိုကျပျက်စီးခြင်း၊ တောင်ကြီး ငလျင်ကြောင့် တောင်ပေါ်ကကျောက်တုံးတွေပြိုကျပြီး အဆောက်ဦးများ ပြိုကျပျက်စီးခဲ့သည့်အပြင် အောင်ပန်းမြို့ရှိ ဟိုတယ် အောင်ပန်း ပြိုကျပျက်စီးသွားပြီး အပျက်အစီးများအောက်၌ လူများပိတ်မိနေ၍ ကယ်ထုတ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
#YMG/NN #Yangon_Times
အင်းလေးကန်တစ်လျှောက်ရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို မြန်မာ- တရုတ် ပူးပေါင်းမှုနဲ့ ပိုမိုတိုးမြင့်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 28 March 2025
#ဇီဝမျိုးစုံမျိုးကွဲ #အင်းလေးကန်တစ်လျှောက်
#YMG/SW #Yangon_Times
#Local_News
Published 28 March 2025
▪️ ယနေ့ (၂၈.၃.၂၀၂၅) ရက်နေ့၊ (၁၂:၅၀) နာရီ အချိန်ခန့်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေကြောင်း သိရသည်။
▪️ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်မှုနှင့် ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းမှ မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်ချိုယွင်းမှုဖြစ်ပေါ်သွားသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာယီဓာတ်အားပြတ်တောက်နေကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။
▪️ ထို့ပြင် ဖုန်းလိုင်းတချို့နှင့် အင်တာနက်လိုင်းတချို့လည်း ပြတ်တောက်နေပြီး မန္တလေးမြို့တွင်လည်း အော်ရီဒူးဖုန်းလိုင်းတစ်မျိုးသာ အသုံးပြုနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 March 2025
▪️ ယနေ့မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေးကျုံးမြို့ရိုး အဝင်မုဒ်ဦးနှင့် မဟာမြတ်မုနိဘုရား စောင်းတန်းများ ပြိုကျပျက်စီးခဲ့ပြီး အခြားသာသနာ့ အဆောက်အအုံများ၊ ဗလီများ၊ ဟိုတယ်များနှင့် လူနေအဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ ထို့ပြင် မန္တလေးတက္ကသိုလ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း ပြိုကျပျက်စီးမှုများရှိခဲ့ကြောင်း၊ ဗလီပြိုကျမှုတွင်လည်း ဝတ်ပြုချိန်ဖြစ်သောကြောင့် လူအသေအပျောက်ရှိများရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါငလျင်လှုပ်ခတ်မှုမှာ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့တွင် လှုပ်ခတ်ခဲ့ပြီး အပျက်အစီးများရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ ပြင်ပရွှေဈေးတစ်ကျပ်သားကို ကျပ်သိန်း ၇၀ခန့်ရှိလာပြီး ရွှေဆိုင်အများစုကတော့ ရောင်းဈေးနဲ့ ဘောင်ချာဈေးမတူဘဲ ဝယ်ယူသူ တွေကို ဆက်လက်ရောင်းချနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 28 March 2025
#ရွှေပြင်ပဈေးသိန်း၇၀ #ရောင်းဈေးနှင့်ဘောင်ချာဈေးမတူ
#YMG/NN #Yangon_Times
မြို့ပြအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းတွေထဲမှာ အကြီးဆုံးတစ်ခုဖြစ်တဲ့ Eco Green City စီမံကိန်းမှ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်းတစ်ထောင်ကျော် တည်ဆောက်ပြီးစီးပြီဖြစ်တယ်လို့ Alliance Stars Group of Companies မှ သိရပါတယ်။
#Local_News
Published 28 March 2025
#Eco_Green_City #တန်ဖိုးနည်းအိမ်ရာ
#YMG/SW #Yangon_Times
#Local_News
Published 28 March 2025
▪️ ယနေ့နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တောင်ငူ မြိုရှိ စစ်ဘေးရှောင်များနားခိုနေသည့် ဝေဠု၀န်ကျောင်းမှာ ပြိုကျပြီး စစ်ဘေးရှောင်ကလေး ၂၀ ကျော်ပိတ်မိနေကြောင်း သိရသည်။
▪️ အဆိုပါ ပိတ်မိနေသောကလေးငယ်များကို ပရဟိတအသင်းများ အရေးပေါ်ကယ်ဆယ်နေရကြောင်း သိရသည်။
▪️ အင်အားအလွန်ပြင်းထန်သည့် ပြင်းအားအဆင့် ၇.၇ ရှိသည့် ငလျင်ကြီးတစ်ခုသည် မြန်မာနိုင်ငံစစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၌ ယနေ့မတ် ၂၈ ရက်မွန်းလွဲ ၁နာရီကျော်ခန့်က ဗဟိုပြုလှုပ်ရှားသွား ကြောင်း အမေရိကန် ငလျင်စင်တာ USGS ၏ သတင်းထုတ်ချက်အရသိရသည်။
▪️ အဆိုပါ ငလျင် လှုပ်ခတ်မှုနှင့်အတူ နိုင်ငံအဝှမ်း၌လည်း ငလျင်လှုပ်ခတ် မှုများကို တစ်ပြိုင်နက်နီးပါးခံစားခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 March 2025
▪️ ရန်ကုန်မြို့မှာ မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်ခန့် နှင့် ပဲခူးတိုင်းအပါအဝင် ကျန်တိုင်းနှင့်ပြည်နယ်များမှာလည်း တစ်ပြိုင်နက်နီးပါး မြေငလျင်များ လှုပ်ရှားသွားရာ စစ်ကိုင်းတံတားဟောင်းပြိုကျပြီး မြို့များ၌ ပျက်စီးမှုများရှိလာကြောင်းဒေသခံများနှင့် မြေငလျင်သတင်းများစင်တာမှ သိရသည်။
▪️ အဆိုပါ မြေငလျင်လှုပ်ခတ်မှုမှာ မိနစ်ပိုင်းအထိကြာမြင့်ခဲ့ပြီး ရန်ကုန်တစ်မြို့လုံးအပြင် မန္တလေး၊ မိတ္တီလာ၊ တာချီလိတ်၊ မူဆယ်၊ ပြည်၊ ဘားအံများအပြင်ဒေသအနှံ့၌ ပြင်းထန်စွာခံစားခဲ့ရကြောင်း ဒေသခံများကပြောသည်။
▪️ မြေငလျင်သတင်းများစင်တာမှ သတိပေးချက်များအရ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျပျက်စီးမန္တလေးတွင်လည်း တိုက်အချို့ပြိုကျသည်ဟု ကနဦး သိရသည်။
▪️ ထို့အပြင် နောက်ဆက်တွဲ ငလျင်ငယ်များထပ်မံ လိုက်ခတ်နိုင်ကြောင်း မြေငလျင်သတင်းများစင်တာမှလည်း သတိပေးထားသည်။
#YMG/NN #Yangon_Times
#World_News
Published 28 March 2025
▪️ အမေရိကန်က ယခုသီတင်းပတ်အတွင်း တက်ဖ်တက္ကသိုလ်မှ တူရကီကျောင်းသူတစ်ဦးကို ထိန်းသိမ်းခဲ့ကာ ဗီဇာရုပ်သိမ်းလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နောက်ထပ် ဗီဇာ ၃၀၀ ကျော်လောက်ကို ထပ်သိမ်းသွားနိုင်ဖွယ်ရှိပြီး အစိုးရက ဒီလိုအစွန်းရောက်တွေကို နေ့စဉ်နဲ့အမျှ ရှာဖွေနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြာသပတေးနေ့မှာ ပြောပါတယ်။
▪️ အင်္ဂါနေ့ညနေက မာဆာချူဆက်စ် ဆိုမာဗီးလ်မှာ တူရကီကျောင်းသူ ရူမေဆာအော့ဇ်တုခ်ကို မျက်နှာဖုံးတပ်အေးဂျင့်တွေ ဖမ်းဆီးထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းကြတာကို ရူဘီယိုက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါဟာ ဂါဇာစစ်ပွဲမှာ ပါလက်စ်တိုင်းတွေကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့တဲ့ နိုင်ငံခြားကျောင်းသားတစ်ဦးကို အမေရိကန်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
▪️ "ဗီဇာ ၃၀၀ ကျော်လောက်ရှိနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ ရှာဖွေနေပြီး တွေ့တာနဲ့ ဗီဇာသိမ်းလိုက်ပါတယ်" လို့ ရူဘီယိုက ပြောသွားပါတယ်။
▪️ ကျောင်းသားများအနေနဲ့ ရုန်းရင်းဆန်ခတ်မှာ ပါဝင်တာတွေ၊ ကျောင်းတွေမှာ လက်သရမ်းတာတွေ၊ နှောင့်ယှက်တာတွေပြုလုပ်ပါက ယခင်ထုတ်ပေးခဲ့တဲ့ ဗီဇာမှန်သမျှ ပြန်သိမ်းသွားမယ်လို့ ဆိုပါတယ်။
▪️ အော့ဇ်တုခ်အနေနဲ့ ဒီလိုလုပ်ရပ်တွေမှာ ပါဝင်ခဲ့သလားဆိုတာကိုတော့ မပြောသွားပါဘူး။
▪️ အော့ဇ်တုခ်အဖမ်းခံရတာဟာ ဥပဒေနဲ့မညီဘူးလို့ သူမရှေ့နေက စွဲချက်တင်ထားပါတယ်။
▪️ ရှေ့နေ မာဆာခန်ဘာဘေက အော့ဇ်တုခ်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့အပေါ် ပစ်မှတ်ထားခံခဲ့ရတာ ဖြစ်တယလို့ ပြောပါတယ်။
▪️ ဝေဖန်သူတွေကလည်း ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကျူးလွန်တဲ့ဖြစ်ရပ်လို့ ရှုတ်ချထားပါတယ်။
▪️ ရူဘီယိုက "ကျွန်ုပ်တို့ ရှင်းထုတ်နေတဲ့သူတွေဟာ ဆန္ဒပြသူတွေမဟုတ်ဘဲ ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေ ဖြစ်ပါတယ်။ ကောလိပ်ကျောင်းဝင်းတွေကို အပိုင်စီးပြီး ကျောင်းသားတွေကို နှောင့်ယှက်နေကြပါတယ်။ ဒါဟာ ဆန္ဒထုတ်ဖော်တာထက် ကျော်လွန်နေပါတယ်" လို့ ဆူရီနမ် မီဒီယာကွန်ဖရန့်စ်တစ်ခုမှာ ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 28 March 2025
▪️ တရုတ်သိပ္ပံပညာရှင်တွေက မူလစိန်တွေထက် ၄၀ ရာခိုင်နှုန်း ပိုမိုမာကျောပြီး များစွာခံနိုင်ရည်ရှိတဲ့ စူပါစိန်ကို ဖန်တီးလိုက်ပါတယ်။
▪️ ဒါဟာ စိန်တွေအပေါ် မှီခိုလုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေအတွက် တိုးတက်မှုကြီး ဖြစ်လာနိုင်တယ်လို့ ပညာရှင်များ ဆိုလာပါတယ်။
▪️ အခုအချိန်အထိတော့ အမာကျောဆုံး စိန်တွေကို ဂြိုဟ်မွှားတိုက်မိခြင်းကြောင့်ဖြစ်လာတဲ့ နေရာတွေမှာ ရှားပါးစွာတွေ့ရပြီး အလွန်သေးငယ်ရှားပါးပါတယ်။
▪️ သဘာဝစိန်တွေနဲ့ ပြုလုပ်တဲ့စိန်အများစုက ကုဗပုံသဏ္ဍာန်ရှိကြပေမယ့် ထိုနေရာတွေမှာတွေ့ရတဲ့ စိန်တွေကတော့ ဆဌဂံပုံစံရှိကာ lonsdaleiteလို့ခေါ်ပါတယ်။
▪️ ဆဌဂံစိန်တွေရဲ့ အရွယ်အစားကြောင့် သိပ်ပြီးမလေ့လာနိုင်ပေမယ့် သုတေသီတွေက အလွန်ဖိသိပ်အားမြင့် ဂရပ်ဖိုက်တွေကို အပူပေးပြီး သန့်စင်အောင် ပြုလုပ်ခဲ့ကြပါတယ်။
▪️ သူ့ရဲ့ အပူခံနိုင်ရည်နဲ့ မာကျောမှုတို့ကြောင့် လုပ်ငန်းတွေအတွက် အလားအလာများစွာ ရှိနေတယ်လို့ တရုတ်ပြည် ကျိလင်တက္ကသိုလ်မှ လျူပင်ပင်နဲ့ ယောင်မင်ကွမ်ဦးဆောင်တဲ့ သုတေသီတွေက ဆိုပါတယ်။
▪️ စူပါစိန်တွေက အပူချိန်ခံနိုင်ရည် ၁,၁၀၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိပြီး မာကျောမှုခံနိုင်ရည်က ၁၅၅ ဂစ်ဂါပါစကယ်ရှိပါတယ်။
▪️ ဒီစိန်တွေက အရည်အသွေးရှားပါးပေမယ့် ကျောက်မျက်ရတနာဆိုင်တွေမှာရောင်းတဲ့ သဘာဝစိန်တွေထက် ဈေးပိုကြီးမှာ မဟုတ်ဘူးလို့ ကာဒစ်ဖ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အိုလီဗာဝီလီယံက ပြောပါတယ်။
▪️ လုပ်ငန်းသုံးဖို့အတွက်ဆိုရင် သဘာဝစိန်တွေထက် များစွာဈေးသက်သာမှ ဖြစ်ပါမယ်။
▪️ စူပါစိန်တွေသာ ဈေးကြီးတယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် သုံးမှာမဟုတ်ဘူးလို့ ဝါဝစ်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ ဘင်ဂရင်းက ပြောပါတယ်။
#Source: Metro
Page 6 of 1595