#World_News
Published 03 March 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံတဲ့ ထိပ်သီးရီပတ်ဘလစ်ကန်တွေက ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီအနေနဲ့ ရုရှားစစ်ပွဲအရေးမှာ သဘောထားပြောင်းလဲရန် ဖိအားပေးလိုက်ပြီး မဟုတ်ပါက ရာထူးမှနုတ်ထွက်ပေးရန် တနင်္ဂနွေနေ့က ပြောသွားပါတယ်။
▪️ ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဇယ်လန်စကီတို့ အချေအတင် ဖြစ်ကြပြီးနောက် ယူကရိန်းသမ္မတအပေါ် ဖိအားတွေပေးလာပြန်ပါတယ်။
▪️ တနင်္ဂနွေနေ့က လန်ဒန်အစည်းအဝေးတစ်ခုမှာ ဥရောပခေါင်းဆောင်တွေက ဇယ်လန်စကီကို ထောက်ခံတဲ့သဘော ပြသခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကာကွယ်ရေးအပိုင်း အားထုတ်မှုတွေမှာ တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
▪️ ဇယ်လန်စကီနဲ့ ထရမ့်တို့ အချေအတင် ပြောဆိုခဲ့ကြခြင်းကြောင့် ကမ္ဘာတဝှမ်းမှ ခေါင်းဆောင်များ အံ့အားသင့်ကြရပြီး စစ်ပွဲရဲ့ နောက်ထပ်အခြေအနေအကြောင်း မေးခွန်းထုတ်လာကြပါတယ်။
▪️ ထိုအစည်းအဝေးမှာ ဇယ်လန်စကီက ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၀၁၉ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လေးစားလိုက်နာခြင်းမရှိဘဲ လူသတ်သမား၊ အကြမ်းသမားလို့ ပြောခဲ့ပါတယ်။
▪️ ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်က ဇယ်လန်စကီအနေနဲ့ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိလားဆိုတာ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပြေငြိမ်းရေးရဖို့ ထရမ့်ရဲ့ရည်မှန်းချက်ထဲမှာ ဥရောပဦးဆောင်တဲ့ လုံခြုံရေးအာမခံချက်များနဲ့ နယ်မြေလိုက်လျောရေးတို့ ဖလှယ်ဖို့ပါဝင်ကြောင်း ဝေါ့ဇ်က အလေးပေးပြောပါတယ်။
▪️ ရုရှားတို့နဲ့ သဘောတူညီချက်ရယူပြီး စစ်ပွဲအဆုံးသတ်ဖို့ လိုက်ပါဆောင်ရွက်နိုင်မယ့် ခေါင်းဆောင်မျိုး လိုအပ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
▪️ အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်ကလည်း "တစ်ခုခု ပြောင်းလဲရမှာဖြစ်ပါတယ်။ ဇယ်လန်စကီအနေနဲ့ အသိစိတ်ဝင်လာပြီး ဆွေးနွေးရေးစားပွဲကို ပြန်လာဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်ယောက်ယောက်က နိုင်ငံအတွက် ဦးဆောင်ညှိနှိုင်းဖို့ လိုပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်ုပ်လည်း ပူတင်ကို ရှုံးနိမ့်စေချင်ပါတယ်။ သူက အမေရိကန်ရဲ့ ရန်သူတော်ပါ။ ဒါပေမဲ့ စစ်ပွဲကို အဆုံးသတ်ဖို့လိုပါတယ်" လို့ ပြောသွားပါတယ်။
▪️ ဇယ်လန်စကီနဲ့ ထရမ့်ဆွေးနွေးခဲ့စဉ်က သဘောထားနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေက စိတ်ပျက်မိကြောင်း ဖော်ထုတ်ထားကြပါတယ်။
#Source: Reuters
#Local_News
Published 2 March 2025
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အနီးကိုဗဟိုပြု၍ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၃)မိနစ်၊ (၁၃)စက္ကန့် အချိန် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိသည်ဟု ဆိုထားသည်။
▪️ အဆိုပါမြေငလျင်၏ အရှိန်ကြောင့် ရန်ကုန်မြို့ရှိ ရွှေပြည်သာမြို့နယ်အပါအဝင် မြို့နယ်အချို့၌ပါ ငလျင်အနည်းငယ်လှုတ်ခတ်သွားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 03 March 2025
▪️ လိင်မှုဆက်ဆံခြင်း မပြုလုပ်ဘဲ လိင်ကြောင့်ရောဂါကူးစက်ခြင်း (STI) ဖြစ်ပွားနိုင်တယ်လို့ ကျွမ်းကျင်သူများ သတိပေးလိုက်ပါတယ်။
▪️ STI ရောဂါတွေက အမေရိကန်နိုင်ငံသား ၅ ယောက်မှာ ၁ ယောက်နှုန်း ကူးစက်နေပြီး လိင်အင်္ဂါများ၊ စအိုနဲ့ ပါးစပ်တို့မှာ အဖြစ်များပါတယ်။
▪️ ဒါတွေက ကူးစက်မှုမဖြစ်အောင် ကာကွယ်နိုင်ပေမယ့် ကူးစက်မှုနှုန်း မြင့်မားလာတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ ယမန်နှစ်အချက်အလက်များအရ သိရပါတယ်။
▪️ ကာလသားရောဂါ၊ ရေယုန်၊ HPVတို့ဟာ လိင်မှုဆက်ဆံခြင်းမရှိဘဲ ရောဂါပိုးရှိတဲ့ ခန္ဓာကိုယ်နေရာနဲ့ အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်နိုင်တယ်လို့ Evvyကျန်းမာရေးဝန်ဆောင်မှုမှ အိုလီဗီယာကာဆာနိုက ပြောပါတယ်။
▪️ ဆီးပူညောင်းကျနဲ့ ကလာမိုင်ဒီယာတို့ဆိုရင် လည်ချောင်းကနေတဆင့် ကူးစက်နိုင်ပါတယ်။
▪️ ဒါ့အပြင် ခန္ဓာကိုယ်အရည်ထွက်တဲ့ မျက်လုံးလိုနေရာကနေလည်း STIက အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။
▪️ ဒါကြောင့် လိင်မှုကိစ္စ ထိတွေ့မှုမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ခြင်းက အကောင်းဆုံးဖြစ်တယ်လို့ သတိပေးထားပါတယ်။
▪️ ဘလိတ်ဓား၊ အပ်၊ လူကြီးအရုပ်များ မျှသုံးတဲ့အခါမှာလည်း သတိထားသင့်ကြောင်း ရှင်းပြထားပါတယ်။
▪️ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်၊ နို့ချိုတိုက်ကျွေးစဉ် ကလေးဆီကို STI ကူးစက်နိုင်ပါသေးတယ်။
▪️ လိင်ကိစ္စအမြဲပြုလုပ်နေသူတွေမှာ ကွန်ဒုံးအသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။
▪️ STI ကူးစက်မှုမှ ကာကွယ်ဖို့အတွက် အတူနေသူနဲ့ ပွင့်လင်းစွာ ပြောဆိုသင့်ပြီး STI ရောဂါစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။
#Source: New York Post
#World_Science
Published 02 March 2025
▪️ ၁၉၂၂ ခုနှစ်က တူတန်ခါမန်ရဲ့ အုတ်ဂူကို ဟောင်းဝပ်ကာတာ တွေ့ရှိပြီးနောက်ပိုင်း ရှေးဟောင်းတူဖော်ရေးပညာရှင်တွေက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ဘုရင်သက်မို့စ်-၂ ရဲ့အုတ်ဂူကို တွေ့ရှိခဲ့ရာ အီဂျစ်မှ တော်ဝင်မျိုးနွယ်တွေရဲ့ မြှုပ်နှံရာနေရာကို ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ဒေါက်တာ ပီယာစ်လစ်သာလန်ဦးဆောင်တဲ့ ဗြိတိသျှ-အီဂျစ် ရှေးဟောင်းသုတေသနအဖွဲ့ကနေ ဒီတွေ့ရှိမှုကို ကြေညာခဲ့ပါတယ်။
▪️ အုတ်ဂူက သီဘန်တောင်တန်းများရှိ လုဆောအနီးမှာ တည်ရှိကာ ဘုရင်မ ဟတ်ရှက်ပ်ဆွတ်နဲ့ သက်မို့စ်-၃ရဲ့ မိဖုရားတို့ရဲ့ မြှုပ်နှံရာဘေးမှာ တွေ့တာကြောင့် အစက တော်ဝင်ဇနီးမယားတစ်ဦးလို့ ထင်ခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ ထပ်မံတူးဖော်ခဲ့ကြရာမှာ သက်မို့စ်-၂ နောက်ဆုံးခေါင်းချရာနေရာအဖြစ် အထောက်အထား တွေ့လာပါတယ်။
▪️ အုတ်ဂူကြီးမှာ ခမ်းနားတဲ့ လှေကားထစ်များရှိပြီး တော်ဝင်အုတ်ဂူတွေမှာသာသုံးတဲ့ အပြင်အဆင်များ တွေ့ရပါတယ်။
▪️ ဒေါက်တာ လစ်သာလန်က ကြီးကျယ်ခမ်းနားတဲ့ ရှေးခေတ်အီဂျစ်အုတ်ဂူတွေကို တွေ့ရှိခဲ့တဲ့အပေါ် အလွန်စိတ်လှုပ်ရှားမိကြောင်း ဖော်ပြထားပါတယ်။
▪️ သက်မို့စ်-၂ နဲ့ ဟတ်ရှက်ပ်ဆွတ် အမည်များထွင်းထားတဲ့ ကျောက်ဖြူအိုး အပိုင်းအတွေလည်း တွေ့ရှိခဲ့ရာ ဒါဟာ အုတ်ဂူပိုင်ရှင်အကြောင်း သက်သေအထောက်အထား ဖြစ်နေပါတယ်။
▪️ သက်မို့စ်-၂ ကို မြှုပ်နှံပြီးနောက်ခဏအကြာမှာပဲ ရေလျှံခဲ့ရာကနေ မူလထည့်သွင်းပစ္စည်း အများအပြား ပြောင်းရွှေ့သွားတယ်လို့ သုတေသီများ ယုံကြည်နေကြပါတယ်။
▪️ ယခုတွေ့ရှိမှုက လတ်တလောနှစ်များအတွင်း အထင်ရှားဆုံး ရှေးဟောင်းသုတေသန တွေ့ရှိမှုတွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။
▪️ ဒီအုတ်ဂူ တူးဖော်တွေ့ရှိမှုက ထိုခေတ်ရဲ့ အသိပညာ သိရှိစေရုံမက ရှေးဟောင်းသုတေသနနဲ့ သမိုင်းမှာ အီဂျစ်ရဲ့ ပါဝင်ပတ်သက်မှုအကြောင်းလည်း သိလာရပါတယ်။
#Source: India Today
#World_Science
Published 2 March 2025
▪️ ၂၀၃၂ ခုနှစ်မှာ မြို့တစ်မြို့ ပျက်စီးစေနိုင်လောက်တဲ့ ဂြိုဟ်မွှားတစ်ခု ကမ္ဘာဂြိုဟ်ကို ဝင်တိုက်နိုင်ခြေနဲ့ ပတ်သက်ပြီး အာကာသအေဂျင်စီတွေ ထပ်မံတိုးမြှင့်ခန့်မှန်းလိုက်ပါတယ်။
▪️ နာဆာ(NASA)နဲ့ ဥရောပအာကာသအေဂျင်စီ (ESA)တို့ရဲ့ ခန့်မှန်းချက်အရ 2024 YR4လို့ အမည်ပေးထားတဲ့ ဂြိုဟ်မွှားဟာ ကမ္ဘာဂြိုဟ်ကို ထိမှန်နိုင်ခြေ ၃ ရာခိုင်နှုန်း အကြမ်းဖျင်းရှိနေပါတယ်။
▪️ ဖေဖော်ဝါရီ ၁၇ ရက်နေ့ သီတင်းပတ်က နာဆာခန့်မှန်းချက် ၂.၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုနောက်ဆုံး သုံးသပ်ချက်မှာ မြင့်တက်လာတာဖြစ်ပြီး စတင်တွေ့ရှိချိန်က အေဂျင်စီနှစ်ခုစလု့းကနေ ၁ ရာခိုင်နှုန်းသာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ကမ္ဘာဂြိုဟ်ကို မထိမှန်ဘူးလို့လည်း ဖြစ်နိုင်ခြေတွေ ရှိပေမယ့် ဂြိုဟ်မွှားတစ်ခုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေအများဆုံး ခန့်မှန်းချက်လည်း ဖြစ်နေတယ်လို့ နာဆာနဲ့ ESAတို့က ဆိုပါတယ်။
▪️ နာဆာကတော့ လက်ရှိမှာ ဂြိုဟ်မွှားဝင်တိုက်နိုင်ခြေ ၃.၁ ရာခိုင်နှုန်းရှိတယ်လို့ ပြောထားပြီး ESAကတော့ ၂.၈ ရာခိုင်နှုန်းလို့ ခန့်မှန်းထားပါတယ်။
▪️ YR4သာ ကမ္ဘာကို ဝင်တိုက်မယ်ဆိုရင် ၂၀၃၂ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဖြစ်လိမ့်မယ်လို့ နက္ခတ္တပညာရှင်များ ဆိုနေပေမယ့် ဖြစ်မလာနိုင်ခြေလည်း ရှိနေပါတယ်။
▪️ YR4အကြောင်း လေ့လာချက်တွေ ထပ်မံပြုလုပ်ပြီးရင် ဖြစ်နိုင်ခြေက သုညအောက် ရောက်ဖွယ်ရှိနိုင်တယ်လို့ သုတေသီများ မှတ်ချက်ပြုလိုက်ပါတယ်။
▪️ ထိမှန်လာခဲ့ရင် အဆိုးဆုံးအခြေအနေအတွက် အာကာသအေဂျင်စီများ ပြင်ဆင်နေကြပါတယ်။
▪️ တရုတ်က ကမ္ဘာဂြိုဟ်ကာကွယ်ရေးအဖွဲ့ စုစည်းနေကာ YR4ရဲ့ ခြိမ်းခြောက်မှုကို လျှော့ချဖို့ နာဆာရဲ့ DARTစမ်းသပ်ချက်နဲ့ အလားတူနည်းလမ်းမျိုး အသုံးပြုသွားမှာပါ။
▪️ အာကာသအေဂျင်စီတွေက ဂြိုဟ်မွှားကို အနီးကပ်စောင့်ကြည့်နေရာ ပေ ၁၃၀ ကနေ ၃၀၀ ခန့် ကျယ်ပြန့်နိုင်ပြီး ကမ္ဘာကိုထိမှန်ခဲ့ရင် နျူကလီးယားဗုံးတစ်လုံးနဲ့ ညီမျှတဲ့ ပေါက်ကွဲအားကြီး ဖြစ်လာနိုင်ပါတယ်။
▪️ ဒိုင်နိုဆော မျိုးသုဉ်းစေခဲ့သလိုမျိုး၊ ရာသီဥတု ပြောင်းလဲစေသလိုမျိုး မဟုတ်ပေမယ့် ကပ်ဘေးဖြစ်လာနိုင်တယ်လို့တော့ CBS News အာကာသအတိုင်ပင်ခံ ဘီလ်ဟားဝုဒ်က ပြောပါတယ်။
#Source: SAN
လွန်ခဲ့တဲ့ ၁၁ နှစ်က ပျောက်ကွယ်သွားတဲ့ Malaysian Airlines လေယာဉ်ခရီးစဉ် MH370 ရှာဖွေရေး ပြန်လည်စတင်သွားမယ့် အစီအစဉ်ကို မလေးရှားအစိုးရက ထောက်ခံကြောင်း မလေးရှားပိုဆောင်ရေးဝန်ကြီး အန်သိုနီလိုကီစီယူဖုခ်က အင်္ဂါနေ့မှာ ပြောသွားပါတယ်။
#Asia_News
Published 1 March 2025
#မလေးရှားလေကြောင်းလိုင်းမှလေယာဉ် #ရှာဖွေရေးပြန်လည်စတင်ရန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 March 2025
၁။ ပြည်တွင်း ဝါစိုက်ပျိုးမှုအတွက်နည်းပညာများကို အီဂျစ်ကပံ့ပိုးပေးမည်
၂။ မတ်လအတွက် ဆန်ကြမ်းနှင့်ဆန်ချော ရည်ညွှန်းဈေးများကျဆင်း
၃။ ဓာတ်ဆီဈေးဆက်တက်ပြီး ဒီဇယ်ဈေးပြန်ကျ
၄။ လွန်ခဲ့သော(၁၁)နှစ်က ပျောက်ဆုံးသွားသည့်မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်အား ရှာဖွေရေးပြန်လည်စတင်ရန်မလေးရှားအစိုးရထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)တွေနဲ့ ဂျပန်လူမျိုးတွေကိုသာမကဂျပန်ဘာသာစကားတတ်ကျွမ်းတဲ့ မြန်မာလူမျိုးတွေကိုပါ အသုံးချဖို့ ရည်ရွယ်လာနိုင်ခြေရှိတယ်လို့ ြမန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) နဲ့ပတ်သက်တဲ့ သတိပြုရန် အသိပေးစာမှာ ဖော်ပြထားပါတယ်။
#Local_News
Published 1 March 2025
#အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း #ဂျပန်ဘာသာစကားတတ်ကျွမ်း
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီဈေးတွေဆက်တက်လာပြီး ဒီဇယ် ဈေးကတော့ ဒီတစ်ပတ်မှာအနည်းငယ်ပြန်ကျလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်
ရေးကော်မတီက သိရပါတယ်။
#Local_News
Published 1 March 2025
#ဓာတ်ဆီဈေးတက် #ဒီဇယ်ဈေးပြန်ကျ
#YMG/NN #Yangon_Times
အခုမတ်လအတွက် စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းစားသုံးကြတဲ့ ဆန်ကြမ်း၊ ဆန်ချောတွေရဲ့ ရည်ညွှန်းဈေးတွေ အမျိုးအစားအလိုက်တစ်အိတ်ကို၂၀၀၀ကနေ ၅၀၀၀ ကျပ်အထိ ကျဆင်းလာတယ်လို့
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။
#Local_News
Published 1 March 2025
#ဆန်ချောနှင့်ဆန်ကြမ်း #ရည်ညွှန်းဈေးကျဆင်း
#YMG/NN #Yangon_Times
အီဂျစ်နိုင်ငံရဲ့ ဝါစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေနဲ့ စိုက်ပျိုးမှုနည်းလမ်းတွေကို မြန်မာနိုင်ငံသို့ မျှဝေပံ့ပိုးပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 1 March 2025
#ပြည်တွင်းဝါစိုက်ပျိုးမှု #အီဂျစ်ကပံ့ပိုးပေး
#YMG/SW #Yangon_Times
#Local_News
Published 1 March 2025
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ မေလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည့် နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့်ဖိုရမ်သို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ အဆိုပါပြပွဲကို စားနပ်ရိက္ခာဖူလုံမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး အပြန်အလှန် မဟာဗျူဟာများ ရေးဆွဲနိုင်ရန်နှင့် ဟန်ချက်ညီ၍ နှစ်ရှည်အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထိပ်တန်းအရာရှိများနှင့် ပြပွဲလေ့လာသူပေါင်း ၁၅,၀၀၀ ကျော် လာရောက်မည်ဖြစ်ပြီး ရုရှားစီးပွားရေးကုမ္ပဏီပေါင်း ၅၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲတွင် မြေဆီလွှာအသုံးချမှုနှင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှုအနေဖြင့် အပင်ပိုးမွှားကာကွယ်သည့် ပိုးသတ်ဆေးနှင့်ထုတ်ကုန်များ၊ ဓာတ်မြေသြဇာများ၊ အော်ဂဲနစ်မြေဩဇာများ၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများအနေဖြင့် မွေးမြူရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ၊ အသင့်စား အသားထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများ၊ ရေဆိုးသန့်စင်စက်ရုံနှင့် လေဝင်လေထွက်စနစ်များ၊ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ သီးနှံထုတ်လုပ်ခြင်းနှင့် သိမ်းဆည်းခြင်းနည်းစနစ်များ၊ စွန့်ပစ်အမှိုက်များကို ဇီဝလောင်စာနှင့် အော်ဂဲနစ်မြေဩဇာ ပြောင်းလဲခြင်း နည်းစနစ်များ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ တိရိစ္ဆာန်အစားအစာ၊ အစေ့အဆန်များနှင့် ဖြည့်စွက်ပစ္စည်းများ ပေါင်းစပ်ဒီဇိုင်းထုတ်ထားသော တိရိစ္ဆာန်ဒြပ်ပေါင်း အစားအစာထုတ်ကုန်များ စသည်တို့ကို ပြသသွားမည်ဖြစ်ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
Page 50 of 1616