#Local_News
Published 6 March 2025
▪️ ရုရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက်မြန်မာလုပ်သား၂၄ဦးအားPilot Project ဖြင့် မတ်လ ၅ ရက်က စေလွှတ်ခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ သိရသည်။
▪️ အလုပ်သမား ဝန်ကြီးဌာနသည် မြန်မာ - ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲ စေရေးနှင့် မြန်မာနိုင်ငံမှလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ရှာဖွေနိုင်ရေးရှေးရှု၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မြန်မာလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန်နှင့် လုပ်ခလစာပိုမိုကောင်းမွန်သည့် နိုင်ငံများသို့ လုပ်သားစေလွှတ်ခြင်းဖြင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေနိုင်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project ဖြင့် စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်သည့် Vista International Co.,Ltd ၏ အစီအစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦးအနက် ကနဦးအစီအစဉ်ဖြင့် လုပ်သား ၂၄ ဦးအား Pilot Project စေလွှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ မတ် ၃ ရက်တွင် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး မတ်လ၅ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project အဖြစ် စနစ်တကျစေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ MoU လက်မှတ်ရေးထိုးရခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ Pilot Project ဖြင့် စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 6 March 2025
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ သွင်းကုန်လုပ်ငန်းရှင်များအတွက်ထိုင်းဘတ် သန်း ၅၀ ကို ထပ်မံထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေညာထားသည်။
▪️ အဆိုပါ ထုတ်ရောင်းပေးမည့် ငွေပမာဏအတွက် ရည်ညွှန်းငွေလဲနှုန်းကိုမူ သီးခြားဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မတ်လ (၄) ရက်နေ့ကလည်း ငွေလဲနှုန်း ၃၅၉၆ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကို ထုတ်ရောင်းပေးခဲ့ ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၁.၅ ကျပ်ဖြင့် ထိုင်းဘတ် သန်း ၁၅၀ ကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 06 March 2025
▪️ အမေရိကန်လုံခြုံရေးနဲ့ စစ်ဆေးမှုအန္တရာယ်များနဲ့ ပတ်သက်တဲ့ အစိုးရသုံးသပ်ချက်တစ်ရပ်အပေါ် အခြေခံကာ လာမယ့်သီတင်းပတ်လောက်ကစပြီး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်လူမျိုးများ အမေရိကန်သို့ ဝင်ရောက်ခွင့်ပိတ်ပင်သွားမယ့် သွားလာရေးပိတ်ပင်မှုအသစ်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့် ချမှတ်လိုက်တယ်လို့ သတင်းရင်းမြစ် ၃ ဦးက ပြောပါတယ်။
▪️ ပိတ်ပင်မယ့်နိုင်ငံစာရင်းမှာ အခြားနိုင်ငံတွေလည်းပါဝင်ပြီး ဘယ်နိုင်ငံတွေလဲတော့ မသိထားဘူးလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
▪️ ထရမ့်ပထမအကြိမ် သမ္မတဖြစ်စဉ်က မွတ်ဆလင်လူများစုနိုင်ငံ ၇ ခုမှ လူတွေကို ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်းကို ပြန်လည်အမှတ်ရစေပြီး ထိုစဉ်က ၂၀၁၈ ခုနှစ် တရားရုံးချုပ်မှ အတည်မပြုခင်အထိ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။
▪️ ဒီနောက် သမ္မတဟောင်းဂျိုးဘိုင်ဒင်က ဒါဟာ အမျိုးသားစိတ်ဓာတ်ကို စွန်းထင်းစေတယ်ဆိုပြီး ၂၀၂၁ မှာ ပိတ်ပင်ချက်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။
▪️ အမေရိကန်မှာ ခိုလှုံသူများအဖြစ် အခြေချနေထိုင်ခွင့်ရထားတဲ့ အာဖဂန်တွေ၊ အထူးလူဝင်မှုဗီဇာဖြင့် နေထိုင်တဲ့အာဖဂန်ပေါင်းသောင်းချီအပေါ် သက်ရောက်လာနိုင်ကာ အာဖဂန်မှာ နှစ် ၂၀ ကြာစစ်ပွဲကာလအတွင်း အမေရိကန်အတွက် အလုပ်လုပ်ပေးနေတဲ့အတွက် တာလီဘန်များရဲ့ လက်စားချေခြင်းအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
▪️ နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုများ ရှာဖွေတွေ့ရှိဖို့အတွက် အမေရိကန်မှာ နေထိုင်ခွင့်လျှောက်လိုတဲ့ နိုင်ငံခြားသားမှန်သမျှကို လုံခြုံရေးစစ်ဆေးမှု ပြင်းပြင်းထန်ထန် ပြုလုပ်ရမယ့် သမ္မတအမိန့်ကို ထရမ့်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
▪️ သွားလာခွင့် လုံးဝပိတ်ပင်မယ့် နိုင်ငံများစာရင်းမှာ အာဖဂန်နစ္စတန် ပါဝင်လိမ့်မယ်လို့ သတင်းရင်းမြစ်တွေ ဆိုပါတယ်။
▪️ အမေရိကန်မှာ အခြေချနေထိုင်ခွင့်ရထားတဲ့ အာဖဂန်တွေ၊ အထူးဗီဇာဖြင့် နေထိုင်တဲ့ အာဖဂန်တွေကိုတော့ တခြားသူတွေထက်ပိုပြီး အပြင်းအထန် စစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။
▪️ တရားဝင်ကြေညာချက်များ မပြုလုပ်ရသေးပေမယ့် သွားလာခွင့်ပိတ်ပင်ချက်ကို လာမယ့်သီတင်းပတ်အတွင်း အကောင်အထည် ဖော်သွားနိုင်တယ်လို့ အာဖဂန်များ အခြေချရေးနဲ့ တိမ်းရှောင်ရေး ညွန့်ပေါင်းအဖွဲ့မှ ခေါင်းဆောင် ရှောင်ဗန်ဒီဗာက ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 6 March 2025
▪️ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းကို မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံး၏ ကူညီထောက်ပံ့မှုနှင့်အတူ ဒို့အိမ်အဖွဲ့အစည်းနှင့် မြို့ပြပုံဖော်သူ လူငယ်များကပူးပေါင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် “Women in Cities - မြို့ပြနေ အမျိုးသမီးများ” ခေါင်းစဉ်ပေးထားသည့် အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည့် မတ်လ (၈) ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီးထို အစီအစဉ်တွင်“Women Thriving Across Diverse Industries” အမည်ရ စကားဝိုင်း ၊အမျိုးသမီးများဦးစီးသည့်လုပ်ငန်းငယ်များက ထုတ်ကုန်များကို ဝယ်ယူအားပေးနိုင်မည့်Pop-up Market ၊ဉာဏ်စမ်းမေးခွန်းများဖြေဆိုပြီး အမှတ်တရ ဆုလက်ဆောင်များ ရယူနိုင်မည့် အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ စကားဝိုင်းအစီအစဉ်တွင် နယ်ပယ်အသီးသီးမှအမျိုးသမီးများအနေဖြင့်၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်ကိုယ်စီ၌ ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့်အတူအမျိုးသမီးများအတွက် ခွန်အားဖြစ်စေမည့် အသိအမြင်များကိုပါ မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အစီအစဉ်များကို မတ်လ ၈ ရက် မနက် (၁၀) နာရီမှ နေ့လယ် (၄) နာရီခွဲအထိYWCA ခန်းမ၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 06 March 2025
▪️ တရုတ်ပြည်ရဲ့ ဂရိတ်ဝေါ မဟာတံတိုင်းကြီးကို အဆင့်ဆင့် ဆောက်လုပ်ခဲ့ကြရာမှာ ပထမဆုံးအဆင့်တွေက ၇ ရာစုဘီစီလောက်တည်းက ဆောက်လုပ်တယ်လို့ ဆိုနေကြပါတယ်။
▪️ ယခုနောက်ဆုံး ရှေးဟောင်းသုတေသန တွေ့ရှိမှုမှာတော့ ယခင်ကထင်ထားတာထက် နှစ် ၃၀၀ လောက် ပိုပြီးသက်တမ်းရှေးကျတယ်လို့ ယူဆလာပါတယ်။
▪️ ရှန်ဒေါင်ယဉ်ကျေးမှု အမွေအနှစ်နဲ့ ရှေးဟောင်းသုတေသန စီရင်စုတက္ကသိုလ်က ၂၀၂၄ မေလနဲ့ ဒီဇင်ဘာလအတွင်း တူးဖော်မှုပြုလုပ်ခဲ့ကာ တံတိုင်းကြီးရဲ့ ရှေးအကျဆုံးအပိုင်းဖြစ်တဲ့ ချီဂရိတ်ဝေါကို စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
▪️ ချီမဟာတံတိုင်းဟာ ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု ဖြစ်ပြီး ရှန်ဒေါင်ပြည်နယ် ကျိနန် ချန်ကျင်ခရိုင်မှာ တည်ရှိပြီး တရုတ်ရှေးခေတ်ခံတပ်တံတိုင်းတွေထဲမှာ အစောဆုံးနဲ့ အရှည်ဆုံးအပိုင်း ဖြစ်ပါတယ်။
▪️ နည်းပညာမြင့် သက်တမ်းတွက်ချက်နည်းလမ်းများ အသုံးပြုဆန်းစစ်ခဲ့ကြရာမှာ အဆိုပါ တံတိုင်းအပိုင်းက ကျိုးမင်းဆက်နှောင်းပိုင်း ၁၀၄၆ ဘီစီအီးမှ ၇၇၁ ဘီစီအီးကာလက ဖြစ်တယ်လို့ ဖော်ပြလာပါတယ်။
▪️ တံတိုင်းကြီးမှာ ထင်ရှားတဲ့ ဆောက်လုပ်ရေးအဆင့်ပေါင်း များစွာရှိတယ်လို့ စီမံကိန်းခေါင်းဆောင် ကျန်းဆုက ပြောပါတယ်။
▪️ မဟာတံတိုင်းကြီးက တရုတ်အင်ပါယာကို ရန်သူများကျူးကျော်ခြင်းမှ ကာကွယ်ရန်နဲ့ ကုန်သွယ်ရေးနဲ့ လူဝင်မှုတို့ကို ထိန်းချုပ်ရန် ဆောက်လုပ်ခဲ့တယ်လို့ သိရပြီး တရုတ်အင်အားနဲ့ အင်ဂျင်နီယာ စွမ်းပကားတို့ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
▪️ အရေးပါတဲ့ တွေ့ရှိချက်မှာ တံတိုင်းကြီးကို စစ်ရေးခံတပ်ကြီးအဖြစ် အသုံးပြုခဲ့ကြတာ မဟုတ်တာပါပဲ။
▪️ မဟာတံတိုင်းကြီးက ၁၃,၁၇၀ မိုင်ကျယ်ပြန့်ပြီး အရှည်လျားဆုံး အဆောက်အအုံလက်ရာတွေထဲက တစ်ခုဖြစ်ကာ ကျောက်တုံး၊ အုတ်၊ မြေသား၊ သစ်သားအပါအဝင် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးဖြင့် ဆောက်လုပ်ထားပါတယ်။
#Source: WION
#World_Health
Published 08 March 2025
▪️ အသက်ကြီးလာတဲ့အခါ ကြွက်သားထုထည်နဲ့ သန်မာမှုများ ဆုံးရှုံးလာကြပြီး လဲကျလွယ် ဆေးရုံတက်လာရကာ မှီခိုနေထိုင်လာကြရပါတယ်။
▪️ ရုဂါစ်နဲ့ အခြားတက္ကသိုလ်များမှ သုတေသီများက ကြွက်သားထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်းအပြင် စပျစ်သီးစားပေးခြင်းက အထောက်အကူ ဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ စပျစ်သီးက ကြွက်သားကျန်းမာရေးကို မျိုးရိုးဗီဇအဆင့်ဖြင့် မြှင့်တင်ပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ အထောက်အထား တွေ့ထားတယ်လို့ ဝက်စ်တန်းနယူးအင်္ဂလန်တက္ကသိုလ်မှ ဂျွန်ပက်ဇူတိုက ပြောပါတယ်။
▪️ လူသားတွေနဲ့ စမ်းသပ်မှုမှာ ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်နိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
▪️ စပျစ်သီးမှာ အမျှင်ဓာတ်ပေါ၊ ဗိုက်တာမင်၊ သတ္တုဓာတ်များ၊ ဖိုင်တိုဓာတုပစ္စည်းများ ကြွယ်ဝပြီး နှလုံး၊ ကျောက်ကပ်၊ မျက်လုံး၊ အရေပြား၊ အစာအိမ်အူလမ်းကြောင်း စနစ်တို့အတွက် ကျန်းမာရေးအကျိုးကျေးဇူး ရနိုင်ပါတယ်။
▪️ အသက်ကြီးတဲ့ကြွက်တွေမှာ တစ်နေ့ကို စပျစ်သီး နှစ်ကြိမ်စားခြင်းဖြင့် မျိုးရိုးဗီဇပေါင်း ၂ သောင်းကျော် ပြောင်းလဲစေပြီး ကြွက်သားတွေကနေ စွမ်းအင်ပြောင်းလဲပေးရာမှာ ပါဝင်တယ်လို့ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
▪️ ကြွက်သားထုနဲ့ ပတ်သက်တဲ့ မျိုးရိုးဗီဇတွေ မြင့်တက်လာပြီး ကြွက်သားယုတ်လျော့ခြင်းနဲ့ ဆက်စပ်တဲ့ မျိုးရိုးဗီဇကတော့ နည်းပါးသွားပါတယ်။
ကြွက်မတွေက ကြွက်ထီးတွေထက် အကျိုးကျေးဇူးပိုများတာ တွေ့ရပါတယ်။
▪️ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ဘယ်လိုဖြစ်ပျက်လဲဆိုတာကို လေ့လာပြီး လူတွေမှာ ဘယ်လိုစမ်းသပ်မလဲဆိုတာ စီစဉ်နေကြပါတယ်။
▪️ ကြွက်သားထိန်းသိမ်းရာမှာ ကူညီပေးနိုင်တဲ့ အစားအစာတွေထဲမှာ အဆီမပါတဲ့အသား၊ ငါး၊ ကြက်ဥ၊ ဂရိဒိန်ချဉ်၊ ပဲကြီး၊ နို့တို့ ပါဝင်ပါတယ်။
#Source: New York Post
လျှပ်စစ်ကားထုတ်လုပ်ရေး ထိပ်သီးကုမ္ပဏီ BYDနဲ့ ကမ္ဘာ့ထိပ်သီး ဒရုန်းထုတ်လုပ်သူ DJIကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံး ဒရုန်းတပ်ဆင်မော်တော်ကားစနစ် လင်ယွမ်ကို တနင်္ဂနွေနေ့က ချပြသွားပါတယ်။
#World_Industry
Published 5 March 2025
#BYDလျှပ်စစ်ကား #ဒရုန်းတပ်ဆင်ကားစနစ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 5 March 2025
၁။ ရွှေဓာတ်ခွဲခန်းများကို ရန်ကုန်အပြင် အခြားမြို့ကြီးများတွင်လည်း ဖွင့်လှစ်ရန်ရှိ
၂။ မုံရွာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ဆောင်ရွက်နေ
၃။ နွေရာသီအပူချိန်လျော့ကျနိုင်သော်လည်း Heat-stroke ဖြစ်နိုင်၍ သတိပြုရန်လိုအပ်
၄။ BYD လျှပ်စစ်ကားနှင့် DJI ကုမ္ပဏီတို့ပူးပေါင်း၍ ဒရုန်းတပ်ဆင်ကားစနစ်ဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 5 November 2024
▪️ ဧရာဝတီတိုင်းတွင် ယနေ့မနက်ပိုင်းက ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့အနီး၌ ယနေ့ နေ့လယ်ပိုင်းတွင် ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ရာတစ်ရက်တည်းတွင် ငလျင်ငါးကြိမ်လှုပ်ခတ်ခဲ့ ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၆) မိနစ်၊ (၃၅) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိ ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက်အစောပိုင်းကလည်း ညောင်တုန်းမြို့ကိုဗဟိုပြုပြီးငလျင်(၄)ကြိမ်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ဧရာဝတီတိုင်း၌လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ စိမ်းမြကန်သာ ဘုရားကြီး အက်ကြောင်းဖြစ်၍ မှန်ကွဲကြေကာ မုဒ်ဦးထိသွား ကြောင်း ၊ ၁၀၈တောင်စေတီဟောင်းမှာမူ သုံးပုံတပုံပြိုကျ၍ လူအထိအခိုက်မရှိကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းများအရ သိရသည်။
▪️ သို့သော် မအူပင်မြို့ အမှတ် ၁ ရပ်ကွက် ၌ ဂိုဒေါင်ပြိုကျမှုဖြစ်ပွားခဲ့ရာ ဂို ဒေါင်အနီးတွင် နေထိုင်သူ သုံးဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိ၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 March 2025
▪️ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ Ocean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာOcean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ကျင်းပသော အခမ်းအနားတွင် ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အစားအသောက်နှင့်ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် ကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကိုရှင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Ocean စျေးဝယ်စင်တာရှိ ဆိုင်ခန်းပေါင်း(၃၂)ခန်းတို့တွင် အစားအသောက် ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask Cap ၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ်အတွက် အာဆီယံဆုတွေပေးအပ်ဖို့ အဆိုပြုလွှာတွေ စတင် ခေါ်ယူနေပြီလို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ သိရပါတယ်။
#Local_News
Published 5 March 2025
#အဆိုပြုလွှာခေါ်ယူ #အာဆီယံဆု
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 5 March 2025
#မုံရွာသင်္ကြန်ပွဲတော် #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG/NN #Yangon_Times
Page 46 of 1616