#Local_News
Published 7 March 2025
▪️ မြန်မာမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 March 2025
▪️ ပင်လယ်အတွင်း လှိုင်းတက်၍ မြန်မာ သင်္ဘောသားသုံးဦး မတော်တဆ ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံပင် လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှ သိရသည်။
▪️ အဆိုပါ မြန်မာသင်္ဘောသားများသည် Main Deck ပေါ်တွင် အလုပ်လုပ်ကိုင်နေစဉ် လှိုင်းတက်လာသောကြောင့် မတော်တဆထိခိုက်မူဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စုစုပေါင်း သုံးဦး ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် သင်္ဘောပေါ်တွင် အလုပ်လုပ်မည့်သင်္ဘောသားများအန္တရာယ်ကင်းရှင်းစေရန် Operation Level ၊ Supporting Level ၊ Management Level စငည့် Level အားလုံး တွင် တာဝန်ရှိကြောင်း ဆိုထားသည်။
▪️ အဆိုပါ မြန်မာသင်္ဘောသားများမှာ လက်ရှိတွင် ပြည်ပနိုင်ငံတစ်ခု၌ ဆေးကုသမှုခံယူနေခြင်းဖြစ်ကာ ဒဏ်ရာအားလုံးသက်သာကောင်းမွန်လာဖို့ အချိန်ထပ်မံ ယူရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 March 2025
▪️ နိုင်ငံတော်သို့ အသုံးစရိတ်များတင်ပြတောင်းခံရာတွင်စနစ်တကျစိစစ်ပြီးမှသာ တင်ပြကြရန်လိုကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ်လ ၅ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
▪️ ဝန်ကြီးဌာနများအနေဖြင့် အသုံးစရိတ်များ တင်ပြတောင်းခံရာတွင် စနစ်တကျစိစစ်ပြီးမှသာ တင်ပြကြ စေလိုပြီး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ရရှိနိုင်သည့်ဘဏ္ဍာငွေကို အပြည့်အဝရရှိရေး ဆောင်ရွက်ကြရန်နှင့် သုံးစွဲမှုအပိုင်းတွင်လည်း အလေအလွင့်မရှိအောင် စိစစ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများအပေါ် သုံးသပ်ကြည့်ပါက နိုင်ငံတော်၏ စီးပွားရေးနှင့်ပတ်သက်၍ ဝင်ငွေရှာဖွေပေးရသည့် သက်ဆိုင်ရာဝန်ကြီးဌာနအချို့နှင့် အဖွဲ့အစည်းအချို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်လျာထားသည့် ရငွေပိုင်းပြည့်မီခြင်းမရှိသည်များကို တွေ့ရှိရသကဲ့သို့ သုံးစွဲသည့် အသုံးစရိတ်ပိုင်းတွင်လည်း မလိုအပ်ဘဲ လိုရမယ်ရ တင်ပြတောင်းခံထားခြင်းများ၊ အချို့စီမံကိန်းပြီး နိုင်သည်ဟု ယူဆပြီး တောင်းခံသည်များရှိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
▪️ ထို့အပြင် ဘဏ္ဍာရေးနှစ် တစ်နှစ်ကုန်ဆုံးချိန်နီးမှသာ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်း၊ တချို့လုပ်ငန်းများ မစတင်နိုင်ခြင်း စသည့်အကြောင်းပြချက်များဖြင့် ပိုလျှံငွေများ ပြန်လည်အပ်နှံသည့်အတွက် နိုင်ငံတော်၏ အထွေထွေပိုလျှံငွေများစွာ ဖြစ်ပေါ်နေသည်ကိုတွေ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 07 March 2025
▪️ ရုရှားနဲ့ပဋိပက္ခကနေ တိမ်းရှောင်လာသူ ယူကရိန်းနိုင်ငံသား ၂၄၀,၀၀၀ ခန့်အတွက် ယာယီတရားဝင် အသိအမှတ်ပြုနေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းသွားမလားဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာခင်ဆုံးဖြတ်သွားမယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။
▪️ ဒါဟာ သမ္မတဂျိုးဘိုင်ဒင် အစိုးရလက်ထက်က လက်ခံကြိုဆိုခဲ့တဲ့ ယူကရိန်းတွေအတွက်တော့ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာနိုင်ကာ မြန်မြန်ဆန်ဆန်ပဲ နေရပ်ပြန်ပို့ခံရမယ့်အရေး ရှိလာနိုင်ပါတယ်။
▪️ "ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ဒါဟာ လျောက်ပတ်တယ်လို့ စဉ်းစားပေးသူအချို့ရှိသလို သဘောမတူတဲ့သူအချို့လည်း ရှိပါတယ်။ မကြာခင်မှာ ဆုံးဖြတ်ချက် ချသွားပါမယ်" လို့ ထရမ့်က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေထံ ဖြေကြားသွားပါတယ်။
▪️ ဂျိုးဘိုင်ဒင်အစိုးရလက်ထက်က ယာယီလူသားချင်းစာနာမှု လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ဖြင့် အမေရိကန်သို့ ဝင်ရောက်ခွင့်ရထားတဲ့ ရွှေ့ပြောင်းလာသူ ၁.၈ သန်းကျော်အတွက် တရားဝင် အသိအမှတ်ပြုခွင့်ကို ထရမ့်အစိုးရက ဖယ်ရှားဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာဖြစ်ကြောင်း သတင်းရင်းမြစ် ၃ ခုက ဆိုပါတယ်။
▪️ ယူကရိန်းတွေအတွက် အသိအမှတ်ပြုခွင့်ကို ဧပြီလလောက်မှာ ရုပ်သိမ်းသွားဖွယ်ရှိတယ်လို့ ပြောလိုက်ပြီး ထရမ့်နဲ့ ယူကရိန်းသမ္မတတို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က အချေအတင် မဖြစ်ခင်တည်းက ဒီလိုအစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်။
▪️ ဒါ့အပြင် ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားနိုင်ငံသား ၅၃၀,၀၀၀အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပြန်လည်ရုပ်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ ထရမ့်အစိုးရအဖွဲ့အရာရှိနဲ့ သတင်းနီးစပ်သူတစ်ဦးက ပြောထားပါတယ်။
▪️ လွတ်ငြိမ်းခွင့် ဖယ်ရှားခံရသူတွေက အလျင်အမြန် နေရပ်ပြန်ပို့ခံရနိုင်ပါတယ်။
▪️ ယူကရိန်းအဖွဲ့အစည်း ခေါင်းဆောင်တွေက သူတို့ရဲ့နိုင်ငံသားတွေကို လူဝင်မှုအရာရှိတွေ ရောက်လာပါက အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အသိပေးနေကာ ရေရှည်နေထိုင်ဖို့အတွက် ရွေးချယ်စရာတွေအကြောင်း မှာကြားနေတယ်လို့ ယူကရိန်းကွန်ဂရက် အမေရိကားကော်မတီ ညွှန်ကြားရေးမှူး အန်ဒရီဒိုဘရီယန်စကီက ပြောပါတယ်။
#Local_News
Published 7 March 2025
▪️ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က မသန်စွမ်းများအတွက် အလုပ်အကိုင်ရှာဖွေပေးလျှက်ရှိရာ လက်ရှိတွင် မသန်စွမ်းဝန်ထမ်းများခေါ်ယူလျှက်ရှိကြောင်း သိရသည်။
▪️ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် W.H.K Co.,Ltd တို့ပူးပေါင်း၍ W.H.K Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် Data Analyst အဖြစ်လုပ်ကိုင်ရန်မသန်စွမ်းဝန်ထမ်း(အမျိုးသား၊အမျိုးသမီး)များကို ခေါ်ယူလျှက်ရှိကြောင်း သိရသည်။
▪️ လျောက်ထားလိုသူများအနေဖြင့် အသက် ၂၅ နှစ် မှ ၃၅နှစ် ရှိသူဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ Data Entry စာရင်းပိုင်းနှင့်ပတ်သတ်၍ အတွေ့အကြုံ (၂) နှစ်ရှိရမည်ဖြစ်ကာData Report များစီစစ်ထုတ်နိုင်ရမည်ဖြစ်ကြောင်း၊ထို့ပြင် Microsoft Word, Microsoft Excel (အင်္ဂလိပ်၊ မြန်မာ) တို့ကို ကျွမ်းကျင်စွာ ရိုက်နိုင် ရမည်ဖြစ်ကာComputer Advance Excel အထူးကျွမ်းကျင်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ အလုပ်လျှောက်လွှာများကို Email-
#YMG/SW #Yangon_Times
#World_Science
Published 07 March 2025
▪️ ၁၉၇၀ ဝန်းကျင်တွေက နာဆာ မာရီနာ-၉ရဲ့ ပုံရိပ်များအရ အင်္ဂါဂြိုဟ်(မားစ်ဂြိုဟ်)မှာ ရေအထောက်အထားရှိတဲ့ မျက်နှာပြင်တွေကို ဖော်ပြခဲ့ကြပါတယ်။
▪️ ဒီနောက်မှာလည်း ဒီဂြိုဟ်ပေါ်မှာ ရေပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ ပိုပိုပြီး ပေါ်ထွက်လာပါတယ်။
▪️ အခုနောက်ပိုင်းမှာဆိုရင် ပေါက်ကွဲဝများဖြစ်ပေါ်ပြီး မျက်နှာပြင်အောက်ဘက်မှာ ရေခဲရှိတာကို တွေ့လာကြပါတယ်။
▪️ တရုတ်ပြည် ကွမ်ကျိုးတက္ကသိုလ်မှ ကျန်းဟွေလီဦးဆောင်တဲ့ တရုတ်နဲ့ အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့က တရုတ်အာကာသကွပ်ကဲရေးရဲ့ အင်္ဂါဂြိုဟ်လေ့လာရေးယာဉ် Zhurongထံမှ အချက်အလက်များကို အခြေခံပြီး လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
▪️ အင်္ဂါဂြိုဟ်မှ ရှေးဟောင်းသမုဒ္ဒရာရဲ့ ကမ်းခြေအမှုန်အစုအဖွဲ့တွေကို သုတေသီများ တွေ့ရှိခဲ့ကြပြီး နှစ်ပေါင်းဘီလီယံခန့်က ကမ်းခြေအနီး မြုပ်နေတဲ့ ကျောက်တုံးတွေကို ကြည့်ရှုခဲ့ကြပါတယ်။
▪️ သက်ရှိများရှင်သန်ဖို့အတွက် ရေက အရေးကြီးတဲ့အရာ ဖြစ်နေပါတယ်။
ရေပါဝင်နိုင်တဲ့ နုန်းကျောက်များကိုလည်း သုတေသီများ အာရုံစိုက်လေ့လာကြပါတယ်။
▪️ တရုတ်ကနေ လွှတ်တင်ခဲ့တဲ့ Zhurongအာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ၂၀၂၁ ကနေ ၂၀၂၂ အထိ လေ့လာခဲ့ပြီး အချင်း ၃,၃၀၀ ကီလိုမီတာခန့်ရှိတဲ့ အကြီးဆုံးချိုင့်ဝှမ်းကြီးမှာ ဆင်းသက်ခဲ့ပါတယ်။
▪️ ထိုနေရာက ကျောက်တုံးတွေဟာ သမုဒ္ဒရာအနည်ထိုင်ခဲ့မှန်း သိရှိရအောင် အချက်အလက်များ စုဆောင်းခဲ့ပါတယ်။
▪️ မျက်နှာပြင်အောက် မီတာ ၁၀၀ လောက်အထိ ရေဒါဖောက်ထွင်းနည်းပညာ အသုံးပြုပြီး မြုပ်နေတဲ့ကျောက်တုံးတွေရဲ့ လက္ခဏာတွေကို ကြည့်ရှုခဲ့ပါတယ်။
▪️ ထိုပုံရိပ်တွေအရ ယင်းကျောက်တုံးတွေဟာ သမုဒ္ဒရာကမ်းခြေတလျှောက် ရှိတတ်တဲ့နုန်းတွေနဲ့ ကိုက်ညီနေတာကို ရှင်းလင်းစွာ သိခဲ့ကြပါတယ်။
▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၁ မှ ၃.၇ ဘီလီယံက အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့ဟန်တူပြီး နှစ်ပေါင်း ၃ ဘီလီယံခန့်မှာတော့ မျက်နှာပြင်မှာ ရေရှိတဲ့အထောက်အထား လျော့နည်းလာပြီး ခြောက်သွေ့သွားဟန်ရှိပါတယ်။
▪️ Zhurongတွေ့ရှိချက်အရ အင်္ဂါဂြိုဟ်ပေါ်မှာ သမုဒ္ဒရာထဲဖြစ်ပေါ်တတ်တဲ့ ကမ်းခြေအနည်များ တွေ့ရှိတာကြောင့် မျက်နှာပြင်ရေက ထင်ထားတာထက်ပိုပြီး ကြာကြာရှိခဲ့တဲ့သဘော ဖြစ်နေပါတယ်။
#Source: NDTV
#World_Health
Published 07 March 2025
▪️ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းက မထင်မှတ်ဘဲ ကျန်းမာရေးအကျိုးကျေးဇူး ရရှိစေနိုင်တယ်လို့ ကျွမ်းကျင်သူများ ပြောကြပါတယ်။
▪️ အဓိကအကျိုးကျေးဇူးက ခြေထောက်ကြွက်သားများ သန်မာစေတာဖြစ်တယ်လို့ ခြေထောက်အထူးကု ဒေါက်တာ ရောဘတ်ကွန်နယ်လိုက ပြောပါတယ်။
▪️ ဖိနပ်အမြဲစီးကြပြီး အသက်ကြီးတဲ့အခါတွေမှာ ခြေထောက်ကြွက်သားတွေ အားနည်းလာတတ်ပါတယ်။
▪️ ဒီကြွက်သားတွေက ရွေ့လျားမှုမှာ အရေးပါပြီး ယိုယွင်းလာတဲ့အခါ အသက်ကြီးတဲ့အခါ လှုပ်ရှားမှု လျော့နည်းလာနိုင်ပါတယ်။
▪️ ၂၀၂၁ လေ့လာချက်မှာ ဖိနပ်ကို အချိန်အနည်းငယ်သာ ဝတ်တဲ့လူတွေက ၆ လအတွင်း ခြေထောက်သန်မာမှု ၅၇.၄ ရာခိုင်နှုန်းတိုးလာကာ ခန္ဓာကိုယ်ဟန်ချက် တိုးတက်စေပြီး လဲကျအန္တရာယ် ဖြစ်နိုင်ခြေ နည်းလာပါတယ်။
▪️ သဘာဝအတိုင်း လမ်းလျှောက်အနေအထားပုံစံကိုလည်း ပြန်လည်ရရှိစေနိုင်ပါတယ်။
▪️ ခြေထောက်မှာ အဆစ်ပေါင်း ၃၃ ခုရှိပြီး မတူညီတဲ့မျက်နှာပြင် ၃ မျိုးမှာ ရွေ့လျားနိုင်စွမ်းရှိတယ်လို့ လန်ဒန်မှ ခြေထောက်အထူးကု ရီနာဟားရစ်က ပြောပါတယ်။
▪️ ယနေ့ခေတ်ဖိနပ်တွေက အတော်လေးကျဉ်းလာပြီး ခြေချောင်းတွေကို ပူးကပ်စေကာ လမ်းလျှောက် ကိုယ်ဟန်အနေအထားကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
▪️ ခြေဗလာဖြင့်လျှောက်တဲ့အခါ အရေပြား လေဝင်လေထွက်ဖြစ်စေကာ စိုထိုင်းမှုကို ကာကွယ်ပြီး မှိုရောဂါကူးစက်ခြင်းတို့ကို လျှော့ချပေးတယ်လို့ အရေပြားပညာရှင် ဒေါက်တာ ဟန်နာကိုပယ်မန်းက ပြောသွားပါတယ်။
▪️ မြေကြီးပေါ်မှာ ခြေဗလာလျှောက်ပေးရင် ခန္ဓာကိုယ်စွမ်းအင်စီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်တယ်လို့ တရုတ်ရိုးရာဆေးပညာမှာ ယူဆထားပါတယ်။
▪️ ဖိနပ်စီးနေကျသူတွေ ခြေဗလာဖြင့် လမ်းလျှောက်မယ်ဆိုရင် ထိခိုက်ပွန်းပဲ့နိုင်တာကို သတိပြုသင့်သလို အရိုးတွေ အရွတ်တွေ ကျင့်သားရအောင် အချိန်ယူရနိုင်ပါတယ်။
#Source: New York Post
တရုတ်ပြည်ရဲ့ ထိပ်တန်းနိုင်ငံရေး အကြံပေးအဖွဲဖြစ်တဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရန့်စ်(CPPCC) အမျိုးသားကော်မတီရဲ့ နှစ်ပတ်လည်အစည်းအဝေးကို အင်္ဂါနေ့က ပေကျင်းမှာ စတင်လိုက်ပါတယ်။
#Asia_Politics
Published 6 March 2025
#တရုတ်ထိပ်သီးနိုင်ငံရေးအကြံပေးအဖွဲ့ #CPPCC
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 6 March 2025
၁။ ထိုင်းကွန်ဒိုဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံတွင် မြန်မာကထိပ်ဆုံး၌ ရပ်တည်
၂။ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းကျော်သာ တင်ပို့နိုင်ပြီး ပို့ကုန်ရငွေလျော့ကျခဲ့
၃။ မော်တင်စွန်းပွဲတော် ကာလဖြစ်၍ငွေတောင်ကမ်းခြေသို့ အပန်းဖြေခရီးသွားများပြားနေ
၄။ တရုတ်ထိပ်သီးနိုင်ငံရေးအကြံပေးအဖွဲ့CPPCC အမျိုးသားကော်မတီ၏ နှစ်စဥ်အစည်းအဝေး ပေကျင်း၌ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသက ထွက်ရှိတဲ့ ထုတ်ကုန်တွေကို ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ထုတ်ကုန်တွေရဲ့ အရည်အသွေးထိန်းသိမ်းမှုတွေကို ပံ့ပိုးဆောင်ရွက်ပေးနေတယ်လို့ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရပါတယ်။
#Local_News
Published 6 March 2025
#ပြင်ဦးလွင်ဒေသထွက်ကုန် #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
#Local_News
Published 6 March 2025
▪️ ယနေ့မတ်လ ၆ရက် နေ့လည်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားရာ Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ မီးလောင်မှုမှာ နေ့လယ် (၁၂)နာရီ (၄၆)မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းနှင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များနှင့်အတူ နယ်မြေခံလူမှုကူညီရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
▪️ သို့သော် မီးလောင်ကျွမ်းမှုများသဖြင့် နေ့လယ် (၁၂)နာရီ (၅၃)မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် (၁)နာရီ(၄)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နေ့လယ် (၁) နာရီ (၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆံတော်ရှင်မြတ်မော်တင်စွန်းပွဲတော်ကာလဖြစ်တာကြောင့် ငွေတောင်ကမ်းခြေကို အပန်းဖြေခရီးသွားလာရောက်တာ များပြားနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
#Local_News
Published 6 March 2025
#ငွေတောင်ကမ်းခြေ # အပန်းဖြေခရီးသွားလာရောက်
#YMG/NN #Yangon_Times
Page 44 of 1615