#Local_News
Published 8 March 2025
▪️ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော်အနောက်ဖက်တန်ဆောင်းတွင် မတ် ၉ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ဓာတ်တော်ပွားများ ဝေငှလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ ဓာတ်တော်ပွားများကိုလှူဒါန်းရာတွင် မိုးကောင်းဆုတောင်းပြည့်စေတီတော် အတွင်းရှိ လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ၌ ကိန်းဝပ်စံပါယ်လျက်ရှိသည့် မြတ်စွာဘုရားရှင်၏ အရောင်အဆင်းအမျိုးမျိုးရှိ ဓာတ်တော်မွေတော်များ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ဗာကုလ၊ ရှင်သီလဝိ၊ ရှင်နာဂသိန်၊ အရှင်အနုရုဒ္ဓါ၊ အစရှိသည့် ဓာတ်တော်ပွားများကို လှူဒါန်းဝေငှာသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင်မြင်းခြံမြို့ သာသနာ့ဇောတိကာရုံကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဏ္ဍာည တပည့် လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ ဆံတော်ရှင်ဓာတ်တော်တိုက်ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရ ကိုယ်တော်တိုင် ဝေငှလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 8 March 2025
▪️ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်
MCCT ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ Facebook Page များ ဖွင့်လှစ်စာရင်းကောက်ယူ၍ ထောက်ပံ့ကြေးပေးအပ်မှုမရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပေးကြေညာလိုက်သည်။
▪️ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် (MCCT) နှင့်ပတ်သက်၍ Social Media ဖြစ်သည့် Facebook Page များ ဖွင့်လှစ်စာရင်း ကောက်ယူ၍ ထောက်ပံ့ကြေးများပေးအပ်မှု လုံးဝမရှိပါကြောင်း မိဘပြည်သူများသို့ အသိပေး ကြေညာထားကြောင်း သိရသည်။
▪️ ထို့အပြင် စုံစမ်းမေးမြန်းလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Viber ဖုန်းနံပါတ် 09-889900077 နှင့် Hot Line နံပါတ် 1566 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 08 March 2025
▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆီဘီဟာနဲ့ သောကြာနေ့က ဖုန်းပြောဆိုခဲ့ကာ သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား-ယူကရိန်းစစ်ပွဲကို မြန်နိုင်သမျှအမြန်ဆုံး အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောပြခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ဖော်ပြပါတယ်။
▪️ "သမ္မတထရမ့်က စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် ဆုံးဖြတ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောသွားကာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အားလုံးအဆင့်ဆင့် ဆောင်ရွက်သွားဖို့ အလေးထားပြောသွားပါတယ်" လို့ ဖော်ပြထားပါတယ်။
▪️ ရူဘီယိုက ထိုနေ့အစောပိုင်းကလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရှောင်နိုအယ်ဘာရော့နဲ့ စစ်ပွဲအကြောင်း ဖုန်းပြောဆိုဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
▪️ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ရုရှားကျူးကျော်ခြင်းကြောင့် ဖြစ်ခဲ့တဲ့ ယူကရိန်းစစ်ပွဲကို အမေရိကန်သမ္မတက အဆုံးသတ်လိုတယ်လို့ ပြောထားပြီး ယင်းလုံခြုံရေးအတွက် ဥရောပက ပိုပြီးတာဝန်ယူရမယ်လို့ ဆိုပါတယ်။
▪️ ဘဲဥပုံရုံးခန်းမှာ အချေအတင်ဖြစ်ကြပြီးနောက် အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းလက်ခံလာအောင် ထရမ့်က စစ်ရေးနဲ့ ထောက်လှမ်းရေးအကူအညီများ ရပ်ဆိုင်းလိုက်ပါတယ်။
▪️ ဥရောပခေါင်းဆောင်တွေက ဇယ်လန်စကီကို ထောက်ခံဖို့ စုရုံးကြပေမယ့် ဥရောပလုံခြုံရေးနဲ့ စစ်ပွဲအပေါ် ချဉ်းကပ်ပုံမှာတော့ အမေရိကန်သမ္မတကို များစွာမှီခိုနေရပါတယ်။
▪️ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ရုရှားအပေါ် အခွန်တင်းကြပ်မှုများနဲ့ ဘဏ်လုပ်ငန်းစဉ်များ အပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားပြုလုပ်ဖို့ ထရမ့်က ကြံရွယ်နေပါတယ်။
#Source: News
#World_Health
Published 08 March 2025
▪️ ကမ္ဘာတဝှမ်း အမျိုးသမီးအယောက် ၂၀ တိုင်းမှာ ၁ ယောက်နှုန်းက ရင်သားကင်ဆာ ဖြစ်လာလိမ့်မယ်လို့ WHOက ဆန်းစစ်ဖော်ပြလိုက်ပါတယ်။
▪️ လက်ရှိရောဂါတွေ့ရှိမှုနှုန်းအတိုင်း ဆက်သွားပါက ၂၀၅၀ အရောက်မှာ နှစ်စဉ် ရင်သားကင်ဆာ ဖြစ်ပွားသူ ၃.၂ သန်းနဲ့ ရင်သားကင်ဆာနဲ့ ဆက်စပ်တဲ့သေဆုံးသူ ၁.၁ သန်း ရှိလာနိုင်ပါတယ်။
▪️ အထူးသဖြင့် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း နိမ့်ပါးတဲ့နိုင်ငံတွေမှာ ပိုမိုသက်ရောက်လာနိုင်ပါတယ်။
▪️ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေကြားမှာ ရင်သားကင်ဆာက အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပြီး ၂၀၂၂ခုနှစ်က ရင်သားကင်ဆာ ဖြစ်ပွားသူ ၂.၃ သန်းခန့်ရှိကာ ၆၇၀,၀၀၀ဦးက ကင်ဆာဆက်စပ်ပြီး သေဆုံးခဲ့ကြပါတယ်။
▪️ ဩစတြေးလျနဲ့ နယူးဇီလန်တို့မှာ ရင်သားကင်ဆာ အဖြစ်အများဆုံးဖြစ်ပြီး သူ့နောက်မှာ မြောက်အမေရိက၊ ဥရောပမြောက်ပိုင်းတို့ ရှိနေပြီး အာရှတောင်ပိုင်းအလယ်၊ အာဖရိကအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့က အဖြစ်အနည်းဆုံး ဖြစ်ပါတယ်။
▪️ တင်ပြချက်တွေအရ အရည်အသွေးမြင့်တဲ့ ကင်ဆာအချက်အလက်တွေ တိကျတဲ့ ရောဂါဖြစ်ပွားမှုနှုန်းတွေ သိရဖို့ အရေးကြီးကြောင်း ဖော်ပြနေတယ်လို့ ကင်ဆာစောင့်ကြည့်ရေးဌာနခွဲမှ လက်ထောက်အကြီးအကဲ ဒေါက်တာ အစ္စဘဲလ်ဆိုဂျိုမက်ထရမ်က ပြောပါတယ်။
▪️ ရင်သားကင်ဆာရဲ့ အဖြစ်အများဆုံး လက္ခဏာတွေက ရင်သားမှာ အဖုဖြစ်ခြင်း၊ အရွယ်အစား ပုံသဏ္ဍာန် ပြော်ငးလဲခြင်း၊ အရေပြားပြောင်းလဲခြင်း၊ ချိုင်းမှာ ဖောရောင်ခြင်း အဖုအကျိတ်ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ရင်သားကင်ဆာနဲ့ ပတ်သက်လို့ ကိုယ့်ဘာသာ စစ်ဆေးတွေ့ရှိနိုင်သလို ဓာတ်မှန်ရိုက်ခြင်းဖြင့် ကင်ဆာဖြစ်တဲ့နေရာ တိတိကျကျစစ်ဆေးနိုင်ပါတယ်။
▪️ မျိုးရိုးဗီဇစစ်ဆေးခြင်းနည်းလမ်းကတော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိမရှိကို ကူညီသိရှိစေနိုင်ပါတယ်။
▪️ ကုသနည်းများအနေနဲ့ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ကိုယ်ခံအားစနစ်ကုထုံးတို့ ရှိပါတယ်။
▪️ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ လှုပ်ရှားမှုမရှိခြင်း၊ အဝလွန်ခြင်းစတဲ့ နေထိုင်စားသောက်မှုပုံစံတွေက ရင်သားကင်ဆာ ဖြစ်လာနိုင်စေပါတယ်။
#Source: India Today
#World_Health
Published 08 March 2025
▪️ ကယ်လီဖိုးနီးယား ဆန်ဖရန်ဆစ္စကိုတက္ကသိုလ်မှ သုတေသီတွေက ကျန်းမာရေးကောင်းတဲ့ သက်ကြီးပုဂ္ဂိုလ် ၂၃၁ ယောက်ကို သွေးစစ်ဆေးချက် ပြုလုပ်ခဲ့ကြရာမှာ ဗိုက်တာမင်-ဘီ၁၂ နည်းတဲ့သူတွေက ဦးနှောက်မှတ်ဉာဏ်နဲ့ အမြင်အာရုံ ပုံဖော်မှုနှုန်းတွေ နှေးသွားတယ်လို့ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။
▪️ ထိုလူတွေရဲ့ ဦးနှောက်အဖြူသားနေရာမှာ ထိခိုက်မှုတွေ ပိုများလာပြီး အသိဉာဏ်ကျဆင်းခြင်း၊ ဒီမန်ရှာနဲ့ လေဖြတ်ခြင်းလက္ခဏာတွေ အချက်ပေးတဲ့သဘော မြင်လာရပါတယ်။
▪️ သက်ကြီးပိုင်းတွေဆိုတာက ဘီ၁၂ နည်းပါးကြတဲ့ အရွယ်တွေဖြစ်ပြီး ဘီ၁၂ ပုံမှန်ပမာဏ ရှိနေရင်တောင် အာရုံကြောဆိုင်ရာ လက္ခဏာများ ပေါ်တတ်တဲ့သူတွေမှာ ဖြည့်စွက်အားဆေးအသုံးပြုဖို့ ချင့်ချိန်သင့်ကြောင်း အော့တာဝါတက္ကသိုလ် အာရုံကြောဌာနမှ အဲလက်ဇန်ဒရာဗျူဒရီရစ်ချတ်က ပြုစုဖော်ပြထားပါတယ်။
▪️ ဗိုက်တာမင်ဘီအုပ်စု ဖြည့်စွက်အားဆေးတွေက လိုအပ်တဲ့ဓာတ်တွေကို ထိန်းညှိရာမှာ အကူအညီဖြစ်စေတယ်လို့ ဖလော်ရီဒါမှ အာရုံကြောအထူးကု ဒေါက်တာ ဘရက်အော့စ်ဘွန်းက ပြောပါတယ်။
▪️ ဦးနှောက်လုပ်ဆောင်ချက် ကျဆင်းစေတဲ့ ဟိုမိုဆစ္စတင်းမြင့်တက်လာခြင်းကို ဘီအုပ်စုက ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။
▪️ လက်တွေ့စမ်းသပ်ချက်ရလဒ်တွေကို စောင့်ဆိုင်းနေမယ့်အစား ဖြည့်စွက်အားဆေး အသုံးပြုခြင်းက ဦးနှောက်ကျန်းမာရေး အကျိုးပြုစေတာကို သိနေတဲ့အတွက် စောင့်မနေသင့်ဘူးလို့ အော့စ်ဘွန်းက ဆိုပါတယ်။
▪️ ဘီ၁၂ ဘယ်လောက်ပမာဏက ချို့တဲ့တယ်လို့ သတ်မှတ်တာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဂျက်ခ်ဆန်-မက်ဒီဆန်ကောင်တီ အထွေထွေဆေးရုံမှ အသိအမှတ်ပြု အာရုံကြောအထူးကု ဒေါက်တာ အန်းနက်စ်လီမာရေးက ပြောသွားပါတယ်။
▪️ ဒါ့အပြင် ဗိုက်တာမင်တွေ အများအပြား အသုံးပြုခြင်းကိုလည်း သတိပေးထားပါတယ်။
▪️ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာနိုင်တဲ့ သူတွေ သက်ကြီးပိုင်းတွေမှာ ဗိုက်တာမင်-ဘီ၁၂သာမက ဘီ၁၂ စုပ်ယူမှုကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကိုပါ စစ်ဆေးဖို့ အကြံပြုထားပါတယ်။
#Source: New York Post
ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းမြို့ အိုဖုနာတိုမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တောမီးအကြီးအကျယ် လောင်ကျွမ်းသဖြင့် လူပေါင်း ၄,၅၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
#Asia_Disaster
Published 7 March 2025
#ဂျပန်နိုင်ငံအိုဖုနာတိုကမ်းရိုးတန်း #တောမီးကူးစက်လောင်ကျွမ်းနေ
#YMG #Yangon_Times #Yangon_Media_Group
၇ မတ် ၂၀၂၅
ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာရွေးကောက်ပွဲတွင် ဘီလာရုစ်က စောင့်ကြည့်လေ့လာသူများ စေလွှတ်ပေးရေးအဆိုပြုခဲ့ရာ ဘီလာရုစ်သမ္မတ အလက်ဇင်းဒါး လူကာရှန်းကော့က လက်ခံခဲ့တယ်လို့ ဘီလာရုစ် မီဒီယာများကသတင်းရေးသားကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ ရုရှားနိုင်ငံမှတစ်ဆင့် မတ် ၆ရက်နေ့တွင် ချစ်ကြည် ရေးခရီး စတင်ရောက်ရှိနေခဲ့ပြီး ယနေ့မတ် ၇ ရက်နေ့တွင် ဘီလာရုစ်သမ္မတ အလက်ဇင်း ဒါးလူကာရှန်းကော့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
“ ကျွန်တော်တို့ရဲ့လေ့လာစောင့်ကြည့်သူတွေကို အဆွေတော်တို့နိုင်ငံရွေးကောက်ပွဲကိုလာပါမယ်။ ဒါပေ မယ့် အဆွေတော့်ကိုတော့ ကျွန်တော်အကြံပြုလိုပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမှာမှန်သမျှ လုပ်သာလုပ်ပါ။ သဘာဝအရကိုက ဘာပဲလုပ်လုပ် မကြိုက်တဲ့သူတစ်ဦးဦးကတော့ရှိနေမှာပဲ။ အဆွေတော်နှင့်ကျွန်တော်တို့ဆိုရင် အရေးယူပိတ်ဆို့မှုတွေရှိနေတာပဲ” လို့ သမ္မတလူကာရှန်းကော့က ဗိုလ်ချုပ်မှူးကြီးကိုပြောခဲ့ပါတယ်။
“ လက်ရှိအချိန်မှာ အရေးယူပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းတွေပါ။ အဲဒါကြောင့် ကျွန်တော်တို့နှစ်နိုင်ငံ အကြား ဆက်ဆံရေးအားကောင်းနက်ရှိုင်းစေမယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ ရယူကြဖို့ အဆွေတော်နှင့်ကျွန်တော်တို့ သဘောတူခဲ့ကြတာပါ” လို့ ဘီလာရုစ်သမ္မတကဆက်ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးကလည်း သမ္မတလူကာရှန်းကော့ရဲ့ရပ်တည်ချက်ကိုထောက်ခံခဲ့ပါတယ်။ “ အရေးယူ ပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းတွေဆိုတာမှန်ပါတယ်။ အရေးယူပိတ်ဆို့မှုကို ညီညွတ်မှုနှင့် ပြန်ပြီး ခုခံ တွန်းလှန်နိုင်ပါတယ်။သူတို့က ကျွန်တော်တို့ကို အရေးယူ ပိတ်ဆို့လိုက်ရင် အဖြေထွက်မယ် ထင်ခဲ့ တယ်။တကယ်တမ်းတော့ ပဋိပက္ခတွေပဲဦးတည်သွားစေတာပါ” လို့ ပြန်ပြောခဲ့ပါတယ်။
ဘီလာရုစ်သမ္မတက ဆက်ဆံရေးကို ရှေ့သို့ပို၍ပို၍တိုးတက်သွားလိုကြောင်း ဗိုလ်ချုပ်မှူးကြီးကို ပြောခဲ့ပါတယ်။ ဘီလာရုစ်နှင့်မြန်မာနှစ်နိုင်ငံဆက်ဆံရေးအကြားမှာ ပိတ်ထားတဲ့ခေါင်းစဉ်ဆိုတာ မရှိဘူး လို့လည်းသူကဆက်ပြောပါတယ်။ နောက်ထပ်ဆက်ဆံရေးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ပြီး အခြေခံကျတဲ့ ပူးတွဲစီမံကိန်းတွေ သတ်မှတ်နိုင်ကြဖို့လည်း သူကအကြံပြုခဲ့ပါတယ်။
“ ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ် အထူးစိတ်ဝင်စားပါတယ်။ အဆွေတော်တို့လိုချင်တာတွေ ကျွန်တော် တို့ဆီမှာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ အဆွေတော်တို့အတွက် အသုံးတည့်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွေကို အဆွေ တော်တို့ လေးလေးနက်နက်လေ့လာဖို့အကြံပြုလိုပါတယ်။ စက်မှု၊စိုက်ပျိုးရေး၊ထောက်ပံ့ပို့ဆောင်ရေး တို့ပေါ့။ အဆွေတော်တို့အသုံးတည့်မယ့်တစ်ခုခုတွေ့ရင် ကျွန်တော်တို့ဟာ အဆွေတော်တို့နှင့်အတူ အမြဲရှိနေမှာပါ။ အဆွေတော်တို့ရဲ့အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့အမြဲအသင့်ရှိ နေပါတယ်” လို့ ဘီလာရုစ်သမ္မတကအလေးပေးပြောပါတယ်။
ဆွေးနွေးပွဲအပြီးမှာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတအလက်ဇင်းဒါး လူကာရှန်ကော့ ကို အဂ္ဂမဟာသရေစည်သူ ဘွဲ့တံဆိပ်ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။
တွေ့ဆုံဆွေးနွေးမှုအပြီးထွက်ပေါ်လာတဲ့ရလဒ်တွေက-
🔳အခြားနိုင်ငံများမှ ကလေးငယ်များ ဘီလာရုစ်သို့ နှစ်စဉ်လာရောက်လည်ပတ်ခဲ့သဖြင့် မြန်မာနိုင်ငံမှ ကလေးသူငယ်များ လာမည့် ၂၀၂၅ နွေရာသီတွင် ဘီလာရုစ်သို့ အလည်အပတ် အပန်းဖြေလာရောက် ပါရန် သမ္မတလူကာရှန်းကော့က ဖိတ်ကြားခဲ့
🔳ဘီလာရုစ်နှင့်မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာများလက်မှတ်ရေး ထိုးခဲ့ရာ
လုံခြုံရေးအဆင့်သတ်မှတ်ထားသော သတင်းအချက်အလက်များ အပြန်အလှန်အကာအကွယ် ပေးရေးသဘောတူညီချက်
အားကစားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်
ဘီလာရုစ်တရားရေးဝန်ကြီးဌာနနှင့်မြန်မာ ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင် ရွက်ရေးသဘောတူညီချက်
ဘီလာရုစ် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးဌာနနှင့်မြန်မာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့အကြား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ
ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ အခြားသော ကန်ထရိုက်စာချုပ်နှင့်စာချွန်လွှာ ၁၅ခုကျော်ကို လည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြ
Source SBNews
#Daily_News
Published 7 March 2025
၁။ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော်တင်ပို့ထားပြီး ဘင်္ဂလားဒေ့ရှ်သို့ ဆန်အများဆုံးတင်ပို့
၂။ တရားမဝင်ကုန်စည် သန်း ၅၅၀၀ တန်ဖိုးခန့်ဖမ်းမိခဲ့ပြီး သန်း ၁၁၀၀ ခန့် ဆုပြန်လည်ချီးမြှင့်မည်
၃။ ကလေးပျော်စင်တာများကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ထပ်မံဖွင့်လှစ်
၄။ ဂျပန်နိုင်ငံအိုဖုနာတိုကမ်းရိုးတန်းမြို့၌ တောမီးကူးစက်လောင်ကျွမ်းနေသဖြင့် ထွက်ပြေးတိမ်းရှောင်သူအရေအတွက်တိုးများလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရတဲ့ မိသားစုများမှ ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီဖို့အတွက် ရည်ရွယ်ပြီး ကလေးပျော်စင်တာတွေကို ဖွင့်လှစ်ပေးလျှက်ရှိရာမှာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ထပ်မံဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 7 March 2025
#ကလေးပျော်စင်တာ #မကွေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်အတွက် ဒီတစ်ပတ်စက်သုံးဆီ ရည်ညွှန်းဈေး နှုန်းတွေကတော့ ဆီအမျိုးအစားအားလုံး တစ်လီတာကို၈၀ ကျပ်ဝန်းကျင်အထိကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 7 March 2025
#စက်သုံးဆီစျေးကျဆင်း #ရည်ညွှန်းဈေးနှုန်း
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းတရားမဝင်ကုန်စည်သန်း ၅၅၀၀ ဖိုးခန့် ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရပါတယ်။
#Local_News
Published 7 March 2025
#တရားမဝင်ကုန်စည်သန်း၅၅၀၀ဖိုးဖမ်းမိ #ဆုပြန်လည်ချီးမြှင့်
#YMG/SW #Yangon_Times
အခု ဘဏ္ဍာနှစ် ၁၁လအတွင်းပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာသန်း ၁၀၈၀ ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂၃သိန်းကျော်တင်ပို့ထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်ကို ဆန်အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 7 March 2025
#ဘင်္ဂလားဒေ့ရှ်သို့ ဆန်အများဆုံးတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
Page 43 of 1615