၂၀၂၄ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၂ ရက်က ကျောက်စိမ်းအတွဲ ၆၁၃ တွဲ ရောင်းချနိုင်ခဲ့တယ်လို့ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက သိရပါတယ်။
#Local_News
Published 23 November 2024
#ကျောက်မျက်ရတနာပြပွဲ #ကျောက်စိမ်း
#YMG/NN #Yangon_Times
ရေကျော်ပွဲဈေးကို နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်ထိ ငါးရက်တိုင်တိုင်ကျင်းပနေပြီးအခု ကျင်းပနေတဲ့ရေကျော်ပွဲဈေးမှာ အရင်တုန်းကလိုပဲ ပွဲဈေးအစားအစာတွေဖြစ်တဲ့ ရေမုန့်၊မုန့်လင်မယား၊ကောက်ညှင်းကျည်တောက်၊ ထမနဲ၊ ငုံးကြော်၊ဗူးသီးကြော် စသဖြင့် ပွဲဈေးအစားအစာတွေ ရရှိနေပါတယ်။
#Local_News
Published 23 November 2024
#ရေကျော်ပွဲဈေး #(၅)ရက်တိုင်ကျင်းပ
#YMG/tthl #Yangon_Times
#Local_News
Published 23 November 2024
▪️ ရန်ကုန်မြို့၊ သာကေတမြို့နယ်၌ မီးလောင်မှုတစ်ခု ယနေ့ မနက်ပိုင်း၌ဖြစ်ပွားခဲ့ရာကနဦး အနေဖြင့် ေ-သဆုံးသူနှစ်ဦးအထိရှိကြောင်း ပရဟိတအသင်းများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၂၃ ရက်နေ့၊ မနက် ၁၀နာရီ ၁၉မိနစ် အချိန်ခန့်က ၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ "ပိတောက်ရိပ် စားသောက်ဆိုင်က ဂက်စ်အိုးထပေါက်ပြီး မီးလောင်တာဘေးမှာ အောင်ဂက်စ်အိုးဆိုင်ရှိတယ်၊ အန္တရာယ်အရမ်းများတယ်၊ ဂက်အိုးတစ်လုံးပြီး တစ်လုံးပေါက်နေတယ်၊ gas ဆိုင်လောင်တာအရမ်းများနေတယ် မီးခိုးတွေအလုံးလိုက်ပဲ " ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၀ နာရီ၂၅ မိနစ်အချိန် တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာခဲ့ပြီး ၁၀ နာရီ ၃၄ မိနစ်အချိန် ၌ မီးထိန်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင်မီးလောင်မှုသတင်းကြောင့် ကူညီကယ်ဆယ်ရေးများလုပ်ကိုင် ရန်စတင်ထွက်ခွာလျှက်ရှိပြီး ကနဦးအနေဖြင့် လူနှစ်ဦး ေ-သဆုံး ကြောင်း သတင်းရရှိထားသည် ဟု medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 November 2024
▪️ ကြာသပတေးနေ့က ယူကရိန်းသို့ပစ်လိုက်တဲ့ ရုရှားတို့ရဲ့ အသံထက်မြန် အိုရက်ရှ်နစ်ဒုံးကျည်ဟာ ခြေရာခံ ပစ်ချလို့မရဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြောလိုက်ပြီး အဆိုပါဒုံးကျည်များ ဆက်လက်ထုတ်လုပ်သွားဖို့ အမိန့်ပေးလိုက်ပါတယ်။
▪️ "ယနေ့ကမ္ဘာပေါ်မှာ ထိုဒုံးကျည်မျိုးကို တန်ပြန်ဖျက်ဆီးနှောင့်ယှက်လို့ရတဲ့ လက်နက်စနစ် မရှိပါဘူး။ နောက်ဆုံးပေါ် ဒီဒုံးကျည်တွေကို ဆက်လက်စမ်းသပ်သွားမှာ ဖြစ်ပြီး အများအပြား ထုတ်လုပ်သွားဖို့ လိုအပ်တယ်ဆိုတာကို အထူးအလေးပေး ထပ်ပြောလိုက်ရပါတယ်" လို့ ပူတင်က ပြောပါတယ်။
▪️ ဒီဆုံးဖြတ်ချက်ကို အတည်ပြုပြီးဖြစ်တယ်လို့ စစ်ရေးအကြီးအကဲများနဲ့ ရုပ်သံအစည်းအဝေး ပြုလုပ်စဉ် ပြောကြားခဲ့ပါတယ်။
▪️ ရုရှားတို့ပစ်လိုက်တဲ့ အသံထက်မြန် ဒုံးကျည်ဟာ ယူကရိန်း ဒီနီပရိုမြို့ကို တစ်နာရီ ၁၃၀၀၀ ကီလိုမီတာနှုန်းဖြင့် ထိမှန်ခဲ့တယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။
သုံးသပ်ချက်အရ ဒုံးကျည် ပစ်မှတ်နေရာသို့ ရောက်ရန် ၁၅ မိနစ်သာ ကြာမြင့်ခဲ့တယ်လို့ ယူကရိန်း ပင်မထောက်လှမ်းရေး ဦးစီးဌာနက ပြောပါတယ်။
▪️ ဒုံးကျည်မှာ ထိပ်ဖူး ၆ ခုတပ်ဆင်ထားကာ တစ်ခုချင်းစီမှာ လက်နက်ငယ် ၆ ခုပါဝင်ပြီး လွှတ်တင်မှု နောက်ဆုံးအချိန်မှာ အမြန်နှုန်းက Mach 11 ကျော်ရှိခဲ့ပါတယ်။
▪️ သောကြာနေ့က ယူကရိန်းဟာ ခါ့စ်အိုဘလက်စ်မှာ ထိန်းသိမ်းထားတဲ့ ရုရှားနိုင်ငံသား ၄၆ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရုရှားတို့က ဆိုပါတယ်။
▪️ ညှိနှိုင်းမှုများ ကြာရှည်ပြုလုပ်ပြီးနောက် နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ခဲ့ကာ လိုအပ်တဲ့ အထောက်အပံ့အားလုံး ရထားတယ်လို့ ခါ့စ်ဒေသ အုပ်ချုပ်ရေးမှူး အဲလက်ဆိုင်းစမီယာနော့ဗ်က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
#Source: WION
#World_Science
Published 23 November 2024
▪️ နှစ်တစ်သန်းလောက် ကြာမြင့်ခဲ့တဲ့ ကာနီယန်ပလူဗီယဲလ်ခေတ်(CPE) မိုးရွာသွန်းတဲ့ ကာလတွေပြီးဆုံးတဲ့နောက် မျိုးသုဉ်းပျောက်ကွယ်မှုကြီးတစ်ခုအကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင်များအဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။
▪️ ထိုသို့ မျိုးသုဉ်းပျောက်ကွယ်မှုကနေ ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ စိုးမိုးတဲ့ခေတ် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ ဘရစ္စတိုလ်တက္ကသိုလ်မှ ပရော်ဖက်ဆာ မိုက်ဘင်တန်နဲ့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ ဒေါက်တာ ဂျေကိုပိုဒယ်ကော်ဆိုတို့က ဒီသုတေသန ပြုလုပ်တာ ဖြစ်ပါတယ်။
▪️ ထရိုင်ယေဆက်ခေတ်နှောင်းပိုင်းမှာ တိုက်ကြီးတွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ပန်ဂီယာလို့ခေါ်တဲ့ ဧရာမတိုက်ကြီး ဖြစ်ခဲ့ကာ ပန်သလက်ဆာသမုဒ္ဒရာကြီးက ဝန်းရံထားပါတယ်။
▪️ ပန်ဂီယာတိုက်ရဲ့ အတွင်းပိုင်းက မိုးနည်းခြောက်သွေ့ပြီး ကမ်းရိုးတန်းနဲ့ နီးစပ်တဲ့နေရာတွေသာ မိုးရွာသွန်းပါတယ်။
▪️ အလက်စ်ကာနဲ့ ဗြိတိသျှကိုလံဘီယာ အပါအဝင် ဝမ်ဂျယ်လီယာဒေသမှာ မီးတောင်ပေါက်ကွဲမှုကြီးများ ဖြစ်ခဲ့ကာ ရာသီဥတု ပြောင်းလဲလာတယ်လို့ ယူဆထားပါတယ်။
▪️ မီးတောင်ပေါက်ကွဲမှုတွေကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက လေထုထဲ ဝင်ရောက်သွားပါတယ်။
▪️ များပြားလွန်းတဲ့အတွက် ကမ္ဘာကြီးပူနွေးမှု မြင့်တက်လာခဲ့ပြီး အပူချိန် ၅ ဒီဂရီမှ ၇ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်တက်လာကာ ပင်လယ်ပြင်တွေမှာ အငွေ့ပျံလာပြီး ကမ္ဘာပေါ်သို့ မိုးများရွာသွန်းလာပါတယ်။
▪️ ဒီလိုရာသီဥတုတွေကြောင့် သတ္တဝါမျိုးစိတ် အများအပြား မလိုက်သင့်မနေနိုင်ဘဲ မျိုးသုဉ်းကုန်ကြပါတယ်။
▪️ အချို့တိရိစ္ဆာန်များ ပျောက်ကွယ်ကာ မျိုးစိတ်သစ်များ ထွက်ပေါ်လာပါတယ်။
ဒိုင်နိုဆောတွေက ဒီမတိုင်ခင် နှစ်ပေါင်းသန်း ၂၀လောက်က အစပြုခဲ့တာကို သိခဲ့ပေမယ့် ကာနီယန်ပလူဗီယဲလ်ခေတ် မပျက်စီးခင်အထိတော့ အလွန်ရှားပါးခဲ့ကာ ရုတ်တရက် ရာသီဥတုဖောက်ပြန်မှုကြောင့် ဒိုင်နိုဆောခေတ် ရောက်ရှိလာတာဖြစ်တယ်လို့ ပရော်ဖက်ဆာ မိုက်ခ်ဘင်တန်က ပြောသွားပါတယ်။
#Source: WION
#Local_News
Published 23 November 2024
▪️ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် တိုင်းရင်းဆေးရုံ(၄၉)ရုံနှင့် တိုင်းရင်းဆေးခန်း(၂၈၄)ခန်း၊စုစုပေါင်း (၃၃၃)ခုဖွင့်လှစ်ထားကြောင်း သိရသည်။
▪️ လက်ရှိအချိန်တွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ(၃)ရုံ၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ(၉)ရုံ၊ (၂၅)ခုတင် ဆံ့ တိုင်းရင်းဆေးရုံ(၁၃)ရုံနှင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၂၄)ရုံ၊ ခရိုင်တိုင်းရင်းဆေးခန်း(၅၀)၊ မြို့နယ် တိုင်းရင်းဆေးခန်း(၂၁၀)ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကိုမြှင့်တင်စောင့်ရှောက်ပေးလျက်ရှိကြောင်း နစကဒုဥက္ကဌ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
▪️ ယင်းအပြင် မြန်မာ့တိုင်းရင်းဆေးပညာရှင်များအား ပါရဂူဘွဲ့ပေးအပ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပါရဂူသင်တန်းများဖွင့်လှစ်သွားမည်ဖြစ်သည် ဟုဆိုသည်။
▪️ ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#World_Health
Published 23 November 2024
▪️ ထိုင်ချိန်နဲ့ လဲလျောင်းချိန် ကြာမြင့်ခြင်းဟာ နှလုံးရောဂါဆက်စပ် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ များစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒါဟာ အထိုင်များခြင်းနဲ့ နှလုံးပြဿနာတို့ကြား ဆက်စပ်မှုအကြောင်းကို လေ့လာထားတာ ဖြစ်ပါတယ်။
▪️ ဒီလို ကျန်းမာရေးပြဿနာတွေ အကြောင်းကို မာဆာချူဆက်စ် အထွေထွေဆေးရုံမှ နှလုံးအထူးကု ဒေါက်တာ ရှန်ခါရှစ်က အလေးပေး ဖော်ပြသွားပါတယ်။
▪️ တစ်နေ့ကို ၁၀.၆ နာရီလောက် ထိုင်ခြင်းက နှလုံးရောဂါနဲ့ နှလုံးသွေးကြောအန္တရာယ် ဖြစ်နိုင်တဲ့ပမာဏဖြစ်ပြီး ထိုင်ချိန် လျှော့ချခြင်းဖြင့် ဒီပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ တစ်နေ့ကို ၁၀.၆ နာရီကျော် ထိုင်တဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများပါတယ်။
▪️ အထိုင်များပြီး လေ့ကျင့်ခန်း အတန်အသင့် လုပ်တဲ့သူတွေတောင်မှ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း ပိုများပါတယ်။
▪️ ဒီလေ့လာချက်က လူတွေ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန် လှုပ်ရှားသင့်ကြောင်းကို ဖော်ပြနေတယ်လို့ ယေးလ်ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာ ဟာလန်အမ်ခရမ်ဟော့ဇ်က ပြောသွားပါတယ်။
▪️ နှလုံးသွေးကြော အန္တရာယ်နဲ့ ပတ်သက်လာရင် အထိုင်များတဲ့သူတွေက ၅၄ ရာခိုင်နှုန်း ဖြစ်နိုင်ခြေပိုများကာ အထိုင်များပြီး လှုပ်ရှားမှုရှိတဲ့သူတွေက ၃၃ ရာခိုင်နှုန်း များနေပါသေးတယ်။
▪️ ဒါပေမဲ့ လေ့လာချက်အတွင်း တိုင်းတာမှုတွေက ခန္ဓာကိုယ်အနေအထားကို အတိအကျ မသိနိုင်တဲ့အတွက် တရားသေ ယူဆလို့မရပါဘူး။
#Source: The Jerusalem Post
တရုတ်ပြည်အလယ်ပိုင်း ဟေနန်ပြည်နယ်မှာ အင်္ဂါနေ့မနက်ပိုင်းက တရုတ်နဲ့ စင်ကာပူစစ်တပ်တို့ ၂၀၂၄ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ စတင်ပြုလုပ်လိုက်ကာ မြို့ပြအကြမ်းဖက်မှု နှိမ်နင်းရေးကို ဦးစားပေးလုပ်ဆောင်နေကြပါတယ်။
#World_Military
Published 22 November 2024
#တရုတ်နှင့်စင်ကာပူ #မြို့ပြအကြမ်းဖက်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 November 2024
၁။ နိုဝင်ဘာလအတွင်းပုဂံရှေးဟောင်းကန်(၄၅)ကန်တူးဖော်မှုပြီးစီးပြီဖြစ်၊ (၄၆)ကန်ဆက်လက်တူးဖော်မည်
၂။ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များ မှတ်ပုံမတင်ထားပါက လုပ်ကိုင်ခွင့်ပိတ်သိမ်းပြီး အရေးယူတော့မည်
၃။ စက်သုံးဆီ ဈေးအားလုံးကျ၊ သုံးပတ်အတွင်း ဓာတ်ဆီတစ်လီတာ၁၅၀ကျပ်အထိကျဆင်းလာ
၄။ တရုတ်နှင့်စင်ကာပူစစ်တပ်တို့၏ (၆)ကြိမ်မြောက်စစ်ရေးပူးပေါင်းလေ့ကျင့်မှုအစီအစဉ်စတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နှစ်နိုင်ငံအစိုးရချင်း အပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီးမှ နယ်စပ်ဂိတ်များကို လိုအပ်သလိုပြန်လည်ခွင့်ပြုမည်ဟု တရုတ်နိုင်ငံရွှေလီ လဝက စစ်ဆေးရေးဌာနမှူးက အသိပေးပြောကြား
တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ်လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး မစ္စတာကျန်ပင်း Mr.Jiang Bing က နှစ်နိုင်ငံ အစိုးရအချင်းချင်း အပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ်သိမ်းထားသည့် နယ်စပ်ဂိတ်များကို လိုအပ်သလို ခွင့်ပြုဆောင်ရွက်မယ်လို့ပြောကြားခဲ့ပါတယ်။
#Local_News
Published 22 November 2024
#Mr.Jiang Bing #တရုတ်နိုင်ငံရွှေလီ
#YMG #Yangon_Times #Yangon_Media_Group
ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြို့နယ်သီတဂူစက္ခုဒါန ဆေးရုံ (ရန်ကုန်)မှာ မျက်စိဝေဒနာရှင်၂၀၀၀ကျော်ကို ကုသပေးမယ့် ၈ ကြိမ်မြောက် အခမဲ့မျက်စိအလှူတော်ကို ဒီကနေ့နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ပြုလုပ်ပေးနေပြီလို့ သိရပါတယ်။
#Local_News
Published 22 November 2024
#မျက်စိဝေဒနာရှင် #သီတဂူမျက်စိအလှူတော်
#YMG/NN #Yangon_Times
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစားအားလုံးဈေးနှုန်းတွေကျဆင်းလာပြီး သုံးပတ်တာကာလအတွင်းဓာတ်ဆီတစ်လီတာကို ကျပ် (၁၅၀) ဝန်းကျင်အထိ ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 22 November 2024
#စက်သုံးဆီစျေးကျ #သိုလှောင်ဖြန့်ဖြူး
#YMG/NN #Yangon_Times
Page 41 of 1504