#Local_News
Published 29 March 2025
▪️ ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့ငလျင်ဘေးအတွက် ကနဦး အရေးပေါ်အကူအညီ ယူရို ၂.၅ သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
▪️ အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေမှုအသစ်သည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်ဆုံးသူများ၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ အီးယူသည် နောက်ထပ်အကူအညီများကို စည်းရုံးနိုင်ရန် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်နေကြောင်း ထုတ်ပြန်ထားသည်။
▪️ ညီမျှခြင်းရေးရာ၊ ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဥရောပ ကော်မရှင်နာ ဟာဂျာလာဘစ်က မြန်မာနှင့်ဒေသတွင်း တဝိုက်တွင် လှုပ်ခတ်ခဲ့သော ရစ်ချတာစကေးအဆင့် ၇.၇ ရှိ ငလျင်ကြောင့် ပျက်စီးဆုံရှုံးမှုများအတွက် အလွန်စိုးရိမ်ဝမ်းနည်းမိကြောင်း၊ လက်ရှိအခြေအနေကို ဥရောပသမဂ္ဂအနေဖြင့် စောင့်ကြည့်လျှက်ရှိပြီး၊ သက်ရောက်မှုအခြေအနေများအား လွယ်ကူချောမွေ့စွာ အကဲဖြတ်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့မြေမျက်နှာပြင် စောင့်ကြည့်ရေးစနစ်အား အသက်သွင်းတပ်ဆင်ထားကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အရေးပေါ်အကူအညီများပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားထားသည်။
▪️ ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် အီးယူ၏စုစုပေါင်း လူသားချင်းစာနာထောက်ထားမှုအကူအညီရန်ပုံငွေ ယူရို ၃၅သန်းကိုပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_29 March 2025
▪️ မြန်မာနိုင်ငံမြေငလျင်ဒဏ်အတွက် လေယာဉ်နှစ်စင်းဖြင့် ထွက်ခွာလာသည့် ရုရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့ ယနေ့မတ်လ ၂၉ ရက် နံနက်က ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါရုရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့တွင် အဖွဲ့ဝင် (၁၂၀)ပါဝင်ပြီး ကယ်ဆယ်ရေးသမားများ၊ဆရာဝန်များ၊ လိုအပ်သည့်ကိရိယာအစုံအလင် ပါရှိကြောင်း သိရသည်။
▪️ ယမန်နေ့ မတ်လ ၂၈ ရက် က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ၁၄၄ ဦးသေဆုံးပြီး ၇၃၂ ဦး ဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း နစက သတင်းထုန်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/PP
#Local_News
Published_29 March 2025
▪️ မြန်မာနိုင်ငံ၏ မြေငလျင်ဒဏ်အတွက် အမေရိကန်ကူညီမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတင်းထောက် များအား မတ်လ ၂၈ ရက်တွက်ပြောကြားလိုက်သည်။
▪️ သတင်းထောက်များက သမ္မတ ဒေါ်နယ်ထရမ့်ပ် အား မေးမြန်းရာတွင် မြန်မာအစိုးရ၏ အကူအညီတောင်းခံမှုကို တုန့်ပြန်မည်လားဟု မေးမြန်းခဲ့ကြကြောင်း သိရသည်။
▪️ ဖျက်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ နစကအစိုးရက အကူအညီတောင်းခံခဲ့သောကြောင့် ငလျင်ဘေးသင့် မြန်မာနိုင်ငံကိုအမေရိကန်ပြည်ထောင်စုကကူညီသွားမည်ဟု ယင်းကသတင်းထောက်များ ရှေ့တွင် အထက်ပါအတိုင်း ကတိပေးပြောကြားခဲ့ကြောင်း the straits times သတင်းစာက ဖော်ပြထားသည်။
▪️ “ဒီကိစ္စက ကြောက်စရာဖြစ်ရပ်ဖြစ်တဲ့အပြင် တကယ့်ကိုလည်း ဆိုးပါတယ်၊ ဒါကြောင့် ငါတို့ကူညီသွားမယ် အဲဒီနိုင်ငံ(မြန်မာနိုင်ငံ)နဲ့ စကားပြောပြီးပါပြီ” ဟု သမ္မတဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
#Yangon_Times/PP
#Local_News
Published_29 March 2025
▪️ တရုတ်နိုင်ငံယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ ယနေ့ မတ်လ ၂၉ ရက် နံနက် ၇ နာရီကျော်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အဖွဲ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီအရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာ ကာငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
▪️ တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှအသိုက်အဝန်း စိတ်ဓာတ်ကိုပြသ၍ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက် ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
▪️ ယင်းအဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 29 March 2025
▪️ ဈေးကွက်ရှယ်ယာအရ အိန္ဒိယမှ စတုတ္ထအကြီးဆုံး Mankind Pharmaကုမ္ပဏီက ဆီးချိုအတွက်သုံးတဲ့ Empagliflozinဆေး ယေဘုယျဗားရှင်းကို ကုန်ကျစရိတ်ရဲ့ ၁၀ ပုံ ၁ ပုံကျော်မျှဖြင့် ရောင်းချနေပါတယ်။
▪️ အိန္ဒိယမှာ Empagliflozinတစ်ပြားလျှင် ရူပီး ၆၀ ကျသင့်ရာကနေ အခုဆိုရင် ၆ ရူပီးသာ ရှိပါတယ်။
▪️ Empagliflozin ၁၀ မီလီဂရမ်တစ်ပြားကို ၅.၄၉ ရူပီးနဲ့ ၂၅ မီလီဂရမ်ကို ၉.၉ ရူပီးရှိတော့တာကြောင့် ဈေးနှုန်းအခက်အခဲ မရှိတော့ဘူးလို့ Mankind Pharma ဒုဥက္ကဌ ရာဂျိဗ်ဂျူနီဂျာက ပြောပါတယ်။
▪️ Empagliflozinဟာ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါတို့အတွက် အစားအသောက်၊ လေ့ကျင့်ခန်းတို့နဲ့အတူ အသုံးပြုရပါတယ်။
▪️ သကြားဓာတ် ဂလူးကို့စ်ကို သွေးထဲသို့ ပြန်လည်စုပ်ယူပေးတဲ့ SGLT-2ပရိုတိန်းကို ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
▪️ ကျောက်ကပ်က ဆီးထဲကနေ ဂလူးကို့စ်တွေ စွန့်ထုတ်စေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။
▪️ Mankind Pharmaက Empagliflozin ကို Empaglyde, Empagreat နဲ့ Dynaduo အမှတ်တံဆိပ်များဖြင့် ရောင်းချပါတယ်။
▪️ Alkem Laboratories, Torrentနဲ့ Lupinတို့ဟာလည်း ဆေးယေဘုယျဗားရှင်းများ ထုတ်လုပ်နေကာ မူလထက် ၈၀ ရာခိုင်နှုန်းနီးပါး သက်သာတဲ့ဈေးကို Alkemက ထုတ်လုပ်ထားပါတယ်။
▪️ ဒီဆေးတွေဟာ ဆီးချိုသမားတွေမှာ ဂလူးကို့စ်ဓာတ်ထိန်းချုပ်မှုကို တိုးတက်စေရန်အပြင် နှလုံးသွေးကြောပြဿနာများ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
▪️ အိန္ဒိယမှာ ဆီးချိုရှိသူ သန်း ၁၀၀ ကျော်ရှိနေတာကြောင့် ဆေးတွေကို ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်ဖို့က အရေးကြီးနေပါတယ်။
#Source: India Today
#Local_News
Published_29 March 2025
▪️ မြေငလျင်ကြောင့် ရန်ကုန်တွင် အုပ်စုခြောက်ခုခွဲကာ တစ်အုပ်စုအတွက်လေးနာရီခန့်သာဓာတ်အား ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က သိရသည်။
▪️ ယမန်နေ့ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော စစ်ကိုင်းမြေငလျင်ကြောင့် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အား ခွဲရုံ၊မဟာဓာတ်အားလိုင်းများ ပျက်စီးသွားသောကြောင့် လျှပ်စစ် ထုတ်လွှတ်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
▪️ YESC က ထုတ်ပြန်ရာတွင် မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို ဓာတ်အားထုတ်လုပ် ပို့ လွှတ် လျက်ရှိသည့် ဓာတ်အား ပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီး မှုဖြစ် ပေါ်ခဲ့သောကြောင့်ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
▪️ ယင်းကြောင့် ယနေ့ မတ်လ ၂၉ ရက် နံနက် ၅ နာရီအချိန်မှ စ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊နိုင်ငံတော်ဓာတ် အား စနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက် ပိုလွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင် မေတ္တာရပ်ခံအသိပေးပန်ကြားဖော်ပြထားသည်။
#Yangon_Times/PP
#World_Science
Published 29 March 2025
▪️ အန္တာတိကတိုက် မြေပုံအသစ်တစ်ခု ထွက်ပေါ်လာရာ ယင်းရဲ့ရေခဲပြင်အောက်မှာ တောင်တွေနဲ့ ချောက်တွေကို ဖုံးကွယ်ထားတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဗြိတိန်အန္တာတိကစစ်တမ်း(BAS) ဦးဆောင်တဲ့ နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့မှ ဖန်တီးတာဖြစ်ပြီး အန္တာတိကရေခဲပြင်အောက်ဖက်နေရာကြီးရဲ့ အတိကျဆုံးမြေပုံဖြစ်ပါတယ်။
▪️ Bedmap3 မြေပုံကို ဆယ်စုနှစ် ၆ ခုအတွင်း အဆင့်မြင့်နည်းပညာများ ကိရိယာများဖြင့် စစ်တမ်းအချက်အလက်များ အသုံးပြုထားပါတယ်။
▪️ မြေပုံထဲမှာ အန္တာတိကအနေနဲ့ ရေခဲထု ၂၇ သန်းကုဗကီလိုမီတာကို ဖယ်လိုက်ရင် အမြင့်ဆုံးတောင်တွေနဲ့ အနက်ဆုံးချောက်တွေရဲ့ တည်နေရာတွေကို ဖော်ပြထားပါတယ်။
▪️ တွက်ချက်မှုအသစ်တွေအရ အပေါ်ဖက်က အထူဆုံးရေခဲဟာ ဝီလ်ကက်စ်လန်း 76.052°S, 118.378°Eမှာရှိတဲ့ အမည်မသိချောက်တစ်ခုထဲမှာ ရှိပါတယ်။
▪️ ထိုနေရာမှာ ရေခဲအထူ ၄,၇၅၇ မီတာရှိကာ အမေရိကန်မှ အမြင့်ဆုံးမိုးမျှော်တိုက်ထက် ၁၅ ဆလောက် ပိုမြင့်ပါတယ်။
▪️ ဒီမြေပုံအသစ်ဖြင့် အန္တာတိကအကြောင်းနဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် ဘယ်လိုပြောင်းလဲသွားနိုင်လဲ ဆိုတာကို သိပ္ပံပညာရှင်တွေ လေ့လာဖို့ အကူအညီဖြစ်စေမှာပါ။
▪️ ဒါက အန္တာတိကရဲ့ တတိယမြောက်မြေပုံဖြစ်ပြီး ပထမနှစ်ခုထက် အချက်အလက်ပေါင်း ၂ ဆကျော်လောက် ပိုမိုပါဝင်ပါတယ်။
▪️ ရေခဲပြင်ကြီးရဲ့ ပုံသဏ္ဍာန်နဲ့ အမြင့်၊ မျောနေတဲ့ရေခဲထုရဲ့ အထူတို့ကို ပိုမိုမြင်တွေ့ရနိုင်ပါတယ်။
▪️ အန္တာတိကရေခဲလွှာကြီးက ယခင်ထင်ထားတာထက် ပိုထူပြီး ရေမျက်နှာပြင်အောက် ကျောက်ကြမ်းပြင်ပေါ်မှာ ဧရာမရေခဲထုကြီးရှိတယ်ဆိုတာကို ပိုမိုသိရှိလာရတယ်လို့ BASမှ မြေပုံပညာရှင် ပီတာဖရက်ဝဲလ်က ပြောသွားပါတယ်။
#Source: WION
တရုတ်နဲ့ ထိုင်းနိုင်ငံတို့က တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ် ကျန်ကျိယန်ရှိ စစ်ရေးဆိပ်ကမ်းတစ်ခုမှာ ဗုဒ္ဓဟူးနေ့နံနက်က ၆ ကြိမ်မြောက် ရေပြင်စစ်ရေးလေ့ကျင့်မှု Blue Strike-2025 ကို စတင်လိုက်ပြီး ဧပြီအစောပိုင်း မတိုင်ခင်အထိ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
#Asia_Military
Published 28 March 2025
#ရေပြင်ပူးတွဲစစ်ရေး #တရုတ်နှင့်ထိုင်းနိုင်ငံရေတပ်
#YMG #Yangon_Times #Yangon_Media_Group
၂၈ မတ် ၂၀၂၅
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လှုပ်ရှားခဲ့သည့် ပြင်းထန်သော ငလျင်ဘေးအတွက် အိန္ဒိယ နိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှသော ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။
“ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတွေမှာ လှုပ်ရှားခဲ့တဲ့ ငလျင်ကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေများအတွက် စိုးရိမ်ပါတယ်။ လူတိုင်းအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြစေဖို့ ဆုတောင်းပေးနေတပါတယ်။အိန္ဒိယအနေနှင့် ဖြစ်နိုင်သမျှသော ထောက်ပံ့ကူညီမှုများအတွက် အဆင် သင့် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ဌာနတွေကို အဆင်သင့်လုပ်ထားကြဖို့ မှာကြားထားပါတယ်။ မြန်မာ နိုင်ငံနှင့်ထိုင်းနိုင်ငံတို့နှင့် ချိတ်ဆက်ဆောင်ရွက်ထားရန်လည်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနကို မှာကြားထားပါတယ်” လို့ မိုဒီက ဆိုရှယ်မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။
ယနေ့ မွန်းလွဲ ၁၂နာရီ ၅၀ခန့်က မြန်မာ နိုင်ငံ စစ်ကိုင်းမြို့ ရဲ့ အနောက်မြောက်ဖက် ၁၆ ကီလိုမီတာ အကွာကို ဗဟိုပြုကာ မြေအောက်အနက် ၁၀ ကီလိုမီတာကနေ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းထန် တဲ့ငလျင်တစ်ခုလှုပ်ရှားခဲ့တာဖြစ်ပါတယ်။ အဲဒီငလျင်ဒဏ်ကို မြန်မာနိုင်ငံတွင်မကဘဲ အိန္ဒိယ၊ တရုတ်၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ နေရာအချို့များတွင်ပါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
#ymg/knl
#Source: IndiaToday
#Daily_News
Published 28 March 2025
၁။ Eco Green City စီမံကိန်းမှ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်းတစ်ထောင်ကျော်တည်ဆောက်ပြီးစီး
၂။ ရွှေပြင်ပဈေး သိန်း၇၀ ခန့်ရှိလာ၊ ရောင်းဈေးနှင့် ဘောင်ချာဈေးမတူဘဲ ရွှေဆိုင်များဆက်ရောင်းချ
၃။ အင်းလေးကန်တစ်လျှောက် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို မြန်မာ- တရုတ် ပူးပေါင်းမှုဖြင့် ပိုမိုလုပ်ဆောင်မည်
၄။ တရုတ်နှင့်ထိုင်းနိုင်ငံရေတပ်တို့၏ (၆)ကြိမ်မြောက် ရေပြင်ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
28 March 2025
The Chairman of the State Administration Council (SAC), Senior General Min Aung Hlaing, visited the Nay Pyi Taw People’s Hospital (1000-bed) this afternoon on March 28. During his visit, he observed the medical treatment being provided to those injured by the earthquake and consoled them with comforting words.
Additionally, he inspected the relief operations in the residential areas for civil servants near Nay Pyi Taw’s Myo Ma Market, where houses were damaged by the earthquake. He instructed officials to prioritize rescuing those trapped in collapsed buildings and to swiftly address other necessary measures, according to a statement released by the SAC.
It has been reported that he will continue to visit and assess other areas affected by the earthquake.
#ymg/knl
၂၈ မတ် ၂၀၂၅
နစကဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။
ထို့အပြင် နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိ နေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက် လက်၍ လိုက်လံကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ymg/knl
Page 5 of 1595