#Daily_News
Published 14 March 2025
၁။ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်စာရင်းဝင် စာဝါကျားငှက် လေးသောင်းခန့် ဧရာဝတီ၌တွေ့ရှိ
၂။ စီးပွါးရေးလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့နိုင်ရန် Commercial Loan လျှောက်ထားရယူနိုင်
၃။ ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်လိုသူများကို MCEF ဖိတ်ခေါ်နေ
၄။ တရုတ်၊ အီရန်၊ ရုရှားတို့ပါဝင်သော ရေကြောင်းစစ်ရေးလေ့ကျင့်မှုကြီးပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 14 March 2025
▪️ ဂျပန်က မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင်သင်တန်းသားများ ခေါ်ယူရာတွင် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ်ထပ်မံဖြည့်စွက်လိုက်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်ထားသည်။
▪️ ဂျပန်နိုင်ငံအနေဖြင့် နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားများ ခေါ်ယူလျက်ရှိရာ လုပ်ငန်းအမျိုးအစားများနှင့် စပ်လျဉ်း၍ Organization for Technical Intern Training (OTIT) မှ အကြောင်းကြားလာခြင်းကို တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာပေးခြင်းဖြစ်သည်။
▪️ ထိုအကြောင်းကြားစာ၌ (က) လုပ်ငန်းနယ်ပယ်အမှတ်စဉ် (၇)၊ Others ၏ အောက်တွင် Code No. 7-14-2 ဖြင့် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ် ထပ်မံဖြည့်စွက်ထားပြီး ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန် (Operation) မှာ Laundry Work for General Households ဖြစ်ကြောင်း၊(ခ) Code No. 7-14-1 (Linen Supply) ကို Laundry ဟု အမည်ပြောင်းလဲသတ်မှတ်ထားကြောင်း ဖော်ပြပါရှိသည်။
▪️ ထို့ကြောင့် တိုကျိုမြို့ရှိ မြန်မာသံရုံးက နည်းပညာအလုပ်သင်သင်တန်း အစီအ စဉ်ဖြင့် လာရောက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ ပြင်ဆင်၊ ဖြည့်စွက် ထားခြင်းအပေါ် သိရှိနိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 March 2025
▪️ ပြည်တွင်း/ပြည်ပ နိုင်ငံတကာပညာရေး အခွင့်အလမ်းများအတွက် နိုင်ငံတကာပညာရေးပြပွဲကြီး 'IBE International Education Fair 2025'ကို ရန်ကုန်မြို့ရှိ Sedona Hotel တွင် နှစ်ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပွဲကို IBE Education Fair Intel-Bridge Education မှ ပြည်တွင်း၌ ကျောင်းတက်ချင်သူများအပြင် ပြည်ပ၌ ပညာတော်သင်သွားချင်သူများအတွက်ပါ အဆင်ပြေအကျိုးရှိစေရန် ရည်ရွယ်၍ မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Sedona Hotel (Grand Ballroom) တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲတွင် ဥရောပနိုင်ငံများမှ ကျောင်းများနှင့် အရှေ့တောင်အာရှနိုင်ငံတွေ China, Korea, Malaysia, Singapore နဲ့ Thailand တို့မှ ကျောင်းများပါ ပါဝင်သွားမည် ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံအသီသီးရှိ ကျောင်းများ၏ Representative တွင် လေ့လာနိုင်မည်ဖြစ်သည့်အပြင် သိလိုသည်များကိုပါ တိုက်ရိုက်မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ပြည်တွင်းနာမည်ကြီး နိုင်ငံတကာကျောင်းများ၏ Representative များကိုလည်း သိရှိနိုင်မည်ဖြစ်သည့်အတွက် ပြည်တွင်းတွင် ကျောင်းတက်ရန် စဉ်းစားထားသည့် ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ရွေးချယ်စရာ နိုင်ငံတကာ ပညာရေးလမ်းကြောင်းများ ပညာရေးအခွင့်အလမ်းများကို တိုက်ရိုက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနောက်ဘက်၅ မိုင်အကွာကြိုပင်ရိုးကျေးရွာ၊ ရန်ပြေအေးကျောင်းတိုက်ရှိ ပြည်လုံးချမ်းသာစေတီတော်ကြီးကို မတ်လ ၁၃ ရက်၊ တပေါင်းလပြည့်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာဒိစ္စဝံသ (ဘတ်ဒန်ဒ အာဒိတ်စဝန်သ) ဆရာတော်ကြီးကိုယ်တိုင် ပရိတ်ချည်မျှင်နဲ့ ထီးတော်တင်လှူပူဇော်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 14 March 2025
#ထီးတော်တင်လှူ #ပရိတ်ချည်မျှင်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့အတွက် အသင်းအဖွဲ့တွေ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 14 March 2025
#MCEFဖိတ်ခေါ်နေ #လုပ်ငန်းရှင်များအသင်းချုပ်
#YMG/SW #Yangon_Times
စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် လုပ်ငန်းတိုးချဲ့နိုင်ဖို့ Commercial Loan ကို မြန်မာနိုင်ငံဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank)မှာ လျှောက်ထားရယူနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 14 March 2025
#စီးပွါးရေးလုပ်ငန်းရှင်များ #Commercial_Loan
#YMG/SW #Yangon_Times
ကမ္ဘာမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်ဖြစ်တဲ့ စာဝါကျားငှက်ကို ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာမှာသုတေသနပြုလုပ်ရာ အကောင်ရေ ၄၀၀၀၀ နီးပါး တွေ့ရှိရတယ်လို့ ဟောင်ကောင်ငှက်ကြည့်အဖွဲ့အစည်း (HKBWS)က အခုမတ်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 14 March 2025
#ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် #စာဝါကျားငှက်
#YMG/NN #Yangon_Times
#Local_News
Published 14 March 2025
▪️ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025; Challenges and Opportunities in the Multipolar World) ကို မတ်လ (၂၁) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)တွင် ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအား တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း သိရသည်။
▪️ အဆိုပါ သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပခြင်းဖြစ်သည်။
▪️ ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” ၊ “၂၀၂၅အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများနှင့်ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှလေ့လာသုံးသပ်သူများ (Observers) လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သုံးသပ်ဆွေးနွေးပွဲကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://myanmarnarrative.org/ ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ တယ်လီဖုန်းအမှတ် ၀၆၇ ၃၄၁၂၁၈၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 March 2025
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနားကို ယမန်နေ့က စေတီတော်ရင်ပြင်သတ်မှတ်နေရာများ၌ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့မှ သိရသည်။
▪️ အဆိုပါပွဲတော်အား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ကာ မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီးတင်လှူ ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက်မုခ်ရှိအောင်မြေ၌ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် ရုံးဝန်ထမ်းများက ဆွမ်းတော်တင်လှူဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
▪️ ထို့နောက် ရွှေတိဂုံစေတီတော်(၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနားကိုရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက် ကျင်းပရာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
▪️ ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရ၊တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိကစွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရ ထံမှ ဧည့် ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက ဗုဒ္ဓပူဇနိယ မင်္ဂလာအနုမောဒနာ အား လျှောက်ထား ကြောင်းသိရသည်။
▪️ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များ က လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်) ထံမှဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်၍ စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 March 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၁၃ရက် ည၆နာရီ ၅၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၇/၃) ဖာလုံကြားတွင် ယာဉ် မတော်တဆမှုဖြစ်ပွားကြောင်းသတင်းရ ဖြူးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဖြူးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက် ဆောင်ရွက်ခဲ့ရာနေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော၊ YUTONG အမျိုးစား၊ အပြာရောင် Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်တွင်တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း၊ ယာဥ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါ ကျား(၇ဦး၊ မ(၅)ဦး၊ ကလေးကျား(၁)ဦး၊ ပေါင်း(၁၃)ဦးအနက်၊ ကျား(၅)ဦး၊ မ(၄)ဦး၊ ကလေးကျား(၁)ဦး ပေါင်း(၁၀)ဦး၊ မစိုးရိမ်ရထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 14 March 2025
▪️ နိုင်ငံတကာ လုံခြုံရေးမြှင့်တင်ရန်အတွက် ဂရင်းလန်းကို အမေရိကန်ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က နေတိုး(NATO) အတွင်းရေးမှူးချုပ် မာ့ခ်ရူတာကို ကြာသပတေးနေ့က ပြောပြခဲ့ပြီး ဗျူဟာကျတဲ့ အာတိတ်ကျွန်းကို သိမ်းပိုက်သွားမယ့်အရေး အရှိန်မြှင့်တင်လိုက်ပါတယ်။
▪️ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ထရမ့်က ရူတာကို "နိုင်ငံတကာ လုံခြုံရေးအတွက် ဂရင်းလန်းရရှိဖို့ လိုအပ်တယ်။ ကမ်းရိုးတန်းနားမှာ သတိထားစောင့်ကြည့်ရမယ့်သူတွေ လှည့်ပတ်နေတယ်" လို့ ပြောသွားပါတယ်။
▪️ ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတတာဝန်ယူချိန်ကစပြီး ဂရင်းလန်းကို အမေရိကန်သိမ်းယူမယ့်အကြောင်း အဓိကပြောဆိုနေခဲ့ပါတယ်။
▪️ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေဖြစ်တဲ့ ဂရင်းလန်းကျွန်းကို သိမ်းယူဖို့အတွက် နေတိုးကို ပါဝင်စေလိုတယ်လို့ ထရမ့်က အကြံပြုလိုတာပါ။
▪️ "အမေရိကန်သမ္မတက ကျွန်ုပ်တို့ကို သိမ်းယူဖို့အကြံအစည်ကို နောက်တဖန် ထုတ်လွှင့်နေပြန်ပြီ။ တော်လောက်ပြီ" လို့ ဂရင်းလန်းဝန်ကြီးချုပ် မျူ့အက်ဂက်ဒ်က ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
▪️ ဂရင်းလန်းပါလီမန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Demokraatitပါတီခေါင်းဆောင် ယန်းစ်ဖရက်ဒရစ်နီလ်ဆင်ကလည်း "ထရမ့်ထုတ်ပြန်ချက်က လက်သင့်ခံစရာမရှိဘဲ ကျွန်ုပ်တို့ ဒီလိုအခြေအနေမျိုးမှာ စည်းလုံးရပ်တည်ကြောင်း ပြသရမယ်" လို့ ရေးထားပါတယ်။
▪️ ထင်မြင်ချက်စစ်တမ်းများအရ ဂရင်းလန်းပြည်သူအများစုဟာ အမေရိကန်ထံ ပူးပေါင်းရေးကို ဆန့်ကျင်သလို ဒိန်းမတ်ထံကနေ ဖြည်းဖြည်းချင်း ခွဲထွက်လွတ်လပ်ခွင့်ကိုလည်း လိုချင်နေကြပါတယ်။
▪️ ဂရင်းလန်းရဲ့ ဗျူဟာကျတည်နေရာနဲ့ သတ္တုရင်းမြစ် ကြွယ်ဝခြင်းတို့က အမေရိကန်ကို အကျိုးဖြစ်စေနိုင်ကာ ဥရောပကနေ မြောက်အမေရိကသို့သွားတဲ့ အတိုဆုံးလမ်းကြောင်းတလျှောက်မှာ ရှိနေပါတယ်။
▪️ ထရမ့်က ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ် ဖြစ်လာဖို့လည်း တင်ပြထားပြီး ပနားမားတူးမြောင်းမှာလည်း အမေရိကန် ပိုမိုလွှမ်းမိုးမှုရဖို့ အလိုရှိနေပါတယ်။
▪️ မာ့ခ်ရူတာကတော့ ဂရင်းလန်းအနာဂတ်အကြောင်း တခြားသူတွေအပေါ် မူတည်ပြီး နေတိုးကို ဆွဲမထည့်ချင်ဘူးလို့ ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 14 March 2025
▪️ ယနေ့ မတ်လ၁၄ရက် နံနက်စောပိုင်းက ဖျာပုံမြို့အနီး အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။
▪️ မတ်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၆)မိနစ်၊ (၄၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၄၆) မိုင်ခန့် ကွာဝေး သော မြန်မာ့ပင်လယ်ပြင်၊ (ဖျာပုံမြို့၏ တောင်-အရှေ့တောင်ဘက် (၁၀၅)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၄.၇၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၇)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 37 of 1615