#Local_News
Published 1March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၁ရက်နေ့ နံနက် ၂နာရီ ၂၃မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့သောကြောင့် နံနက် ၃နာရီ ၃၅မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
"ဆီတင်သင်္ဘောလောင်တာလို့တော့ကြားတယ်။ ပေါက်ကွဲသံတွေနဲ့ မြေကြီးပါတုန်တယ်"ဟု ကြည့်မြင်တိုင်မြို့နယ် နေသူ တစ်ဦးကပြောသည်။
အဆိုပါ သင်္ဘောမီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိပြီး သတင်း ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။
#Local_News #ရန်ကုန်မြစ်အတွင်း #ဘင်္ဘောတစ်စီး မီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published_ 1 March 2024
Asian Telecom Award ကို ချီးမြှင့်ပေးသည့် Broadband Telecom Company of the Year - Myanmar အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့၌ စင်္ကာပူနိုင်ငံ Marina Bay Sands Expo & Convention Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် Global Technology Company ၏ Brand တစ်ခုဖြစ်သော 5BB Broadband သည် မြန်မာနိုင်ငံအတွက် အကောင်းဆုံး Broadband Telecom Company ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရပါသည်။
5BB Broadband သည် မြန်မာနိုင်ငံအတွက် (၈) နှစ်အတွင်းမှာ အတန်ဆုံး နှင့် အမြန်ဆုံး အင်တာနက် ဖြစ်ပြီး Broadband Internet ကို လူတိုင်း အသုံးပြုနိုင်အောင် အောင်မြင်စွာ ပေးဆောင်နိုင်ခဲ့ခြင်းအတွက် ယခုလို ထိုက်တန်စွာချီးမြှင့်ခံရခြင်းဖြစ်ပါသည်။
၂၀၁၇ ခုနှစ်တွင် 5BB Broadband ကို Global Technology မှ Mobile Operator များ သုံးစွဲရန် High Quality Infrastructure ၊ AAE-1 ပင်လယ်ရေအောက် ဆက်သွယ်ရေး ဆက်ကြောင်း၊ International Cross Border များကို ဖြတ်ကျော်သွယ်တန်းပြီး အိမ်နှင့် ရုံးများတွင် သုံးနိုင်ကြစေရန် ရည်ရွယ်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် 1mbps ဖြင့် အင်တာနက် စတင် ပေးဆောင်ခဲ့ပြီး ယခုဆိုလျှင် မြို့ကြီး (၁၆) မြို့အတွက် 1Gpbs အထိ ပေးဆောင်နိုင်နေပါပြီ။
(၈) နှစ်တာ ကာလအတွင်း 5BB Broadband သည် မြန်မာနိုင်ငံ၏ Digital ကွာဟချက်ကို သိသိသာသာ ပေါင်းကူးပေးခဲ့ပြီး Wire & Wireless Broadband Network ကို နေပြည်တော်၊ ပဲခူး၊ မကွေးနှင့် မော်လမြိုင်အပါအဝင် မြို့ကြီး (၁၆) မြို့သို့ တိုးချဲ့ခဲ့ပါသည်။
ဒါ့အပြင် 1 Mbps ကို 40,000 ကျပ်နှုန်းထားသတ်မှတ်ခဲ့ရာ 45 Mbps ကိုလည်း ထိုနှုန်းထားအတိုင်း သတ်မှတ်ပေးနိုင်ခဲ့သဖြင့် 450% အထိ ဒီ (၈) နှစ်အတွင်းမှာ လျှော့ချနိုင်ခဲ့ပါသည်။
သုံးစွဲသူလူကြီးမင်းများအတွက် စိတ်ကျေနပ်မှု ရရှိစေရန်အမြဲဆောင်ရွက်နေသော 5BB Broadband သည် ကမ္ဘာ့အင်တာနက်အဆင့်သတ်မှတ်ချက် Internet Ranking တွင် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေး အမြန်ဆုံးအဆင့်ကို (၁၂၁) မှ (၁၁၈) အထိ အဆင့် (၃) ဆင့် ပိုမိုမြင့်တက်အောင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်နိုင်ခဲ့သဖြင့် User များ၏ သန်းနဲ့ချီသော Speed Test အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ Internet Provider များ အားလုံး နှိုင်းယှဉ်ပြီးမှ ပေးအပ်သည့် မြန်မာ့အမြန်ဆုံးအင်တာနက် Myanmar Fastest Internet Broadband ဆုကို ထိုက်တန်စွာ ရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် Asian Telecom Award ကို 5BB Broadband အနေဖြင့် ပထမအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်တွင် စျေးကွက်လိုအပ်ချက်နှင့် Customer များ၏ တောင်းဆိုချက်များအရ Business Internet ကို စတင်ဝန်ဆောင်မှုပေးခဲ့ပြီး အမြန်နှုန်း 50Mbps မှ 1Gbps အထိ သုံးစွဲနိုင်အောင်ဆောင်ရွက်ပေးခဲ့သဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု၊ Supermarket and retail chain stores၊ သတင်းနှင့် နည်းပညာကဏ္ဍ၊ သံရုံးများ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ကောင်းမွန်စိတ်ချရသော Business Internet ကို အသုံးပြုနိုင်လာပြီး လူမှုစီးပွားနယ်ပယ်တွင် တိုးတက်မှုများစွာကို အထောက်အကူပြုနိုင်ခဲ့ပါသည်။
5BB Broadband သည် နည်းပညာဆိုင်ရာ ကျွမ်းကျင်သော ပြည်တွင်းပြည်ပ ပညာရှင်များကိုယ်တိုင် Professional စနစ်ကျစွာတည်ဆောက်ထားသည့် ဆက်သွယ်ရေးစနစ်များဖြစ်ခြင်း၊
ယနေ့အချိန်ထိ အောင်မြင်နေသော Internet Broadband Company တစ်ခုဖြစ်ခြင်း၊
24/7 ဝန်ဆောင်မှုပေးနိုင်သော Omni-Channel Service Center များ ထားရှိခြင်း၊
မြန်မာနိုင်ငံတွင် Highest Available Internet Provider တစ်ဦးအဖြစ် ရပ်တည်ခြင်း၊
After Sale Support များကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။
ဆက်လက်ပြီး AI နည်းပညာကို အသုံးချကာ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်များကို ထိရောက်သော ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို တိကျကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန် မျှော်မှန်းထားပါသည်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ရှေ့ပြေးဦးဆောင်နေသော 5BB အနေဖြင့် (၁) နှစ်တာအကောင်းဆုံး Broadband Telecom ကုမ္ပဏီ၏ ဂုဏ်သိက္ခာကြီးမားသည့် Asian Telecom Award 2024 ကို ရရှိခြင်းသည် ထိုက်တန်သော အောင်မြင်မှုတစ်ခုဖြစ်ပါသည်။
5BB Broadband Internet ဖြင့် Covid-19 ကုသရေး စင်တာများတွင် Online မှတဆင့် အထိအတွေ့မဲ့ လူနာကုသစစ်ဆေးခြင်းစနစ်များပြုလုပ်ရန် (၂၄) နာရီ Internet နည်းပညာပံ့ပိုးမှုကြာင့် ရောဂါ ပျံ့နှံ့ခြင်းများကို လျှော့ချနိုင်ခဲ့သဖြင့် နှလုံးသားအချင်းချင်း ချိတ်ဆက်ပေးသော မြန်မာ့ ဂုဏ်ဆောင် Telecom ဟုလည်း နာမည်ရခဲ့ပါသည်။
၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန် 5BB Broadband မှ We Love Rakhine အဖွဲ့အစည်းသို့ ကျပ်သိန်း (၁၀၀) လှူဒါန်းခြင်းဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခဲ့ပါသည်။ ထိုနှစ်မှာပင် ပဲခူးမြို့တွင်ဖြစ်ပွားခဲ့သည့် အနှစ်(၅၀) အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံ အခက်အခဲဖြစ်မှုများအတွက် ငွေကျပ် သိန်း (၅၀) တန်ဖိုးရှိသော စားနပ်ရိက္ခာများကို 5BB အဖွဲ့သားများကိုယ်တိုင် အိမ်တိုင်ရာရောက် ပေးအပ် ကူညီခဲ့ပါသည်။
5BB ၏ Customer များနှင့် ရင်းနှီးမှု ရလာစေပြီး အင်တာနက်ဝန်ဆောင်မှုအစီအစဉ်များအကြောင်းကို ပိုမိုသိရှိနားလည်လာစေရန် Sweet December အခမ်းအနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပေးခဲ့ပါသည်။ E-Sport ပြိုင်ပွဲများ၊ အနုပညာရှင်များနှင့်အတူ ဆော့ကစားသည့် ဂိမ်းအစီအစဉ်များ၊ Model Show နှင့် Challenge များလည်း ပြုလုပ်ခဲ့ကြပြီး 5BB Broadband မှ ဆုလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
Gaming နှင့် ပတ်သက်ပြီး နိုင်ငံတကာတွင်ရှိသည့် Cloud Gaming Data Center ကြီးများနှင့်တိုက်ရိုက်ချိတ်ဆက်ထားသဖြင့်
Best Possible User Experience ကို ထပ်မံဖန်တီးခြင်း၊
Cloud ဂိမ်းဝန်ဆောင်မှုများကို တိကျသေချာစွာ ဝန်ဆောင်မှုပေးနိုင်ခြင်း၊
တည်ငြိမ်ကောင်းမွန်သော Robust Digital Infrastructure တစ်ခုဖြစ်ခြင်း၊
Utmost Security ပေးနိုင်ဖို့ Equinix နှင့် ချိတ်ဆက်မှုတိုးမြှင့်ခြင်း၊
အဓိကလိုအပ်ချက်များဖြစ်သော Latency ကို အနည်းဆုံးဖြစ်ခြင်း၊
စသည့် အားသာချက်များကို 5BB Broadband Internet မှ ပေးဆောင်နိုင်နေပြီဖြစ်ပါသည်။
ဒါ့အပြင် Call Center လိုင်းအနေဖြင့် သုံးစွဲသူများကို ခေတ်မီဆန်းသစ်သော SIP TRUNK လိုင်း၊ Online Chat ၊ Mobile Application များမှ 24/7 ပံ့ပိုးပေးပြီး AI နည်းပညာ သုံးစွဲနိုင်မှုကိုလည်း မြှင့်တင်ရန် ဒီလိုလုပ်ငန်းစဉ်များတွင် ပေါင်းစပ်စီမံထားပါသည်။
5BB ၏ သုံးစွဲသူများအပေါ်တွင် ပေးထားသည့် ကတိကဝတ်များအနေဖြင့် Commitment များမှာ သက်သာသောနှုန်းထားနှင့် Affordable Internet ကို ဦးဆောင်ပြီးပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ရန်၊ အမြန်ဆန်ဆုံး Speed ကိုအမြဲတမ်းပေးနိုင်ရန်၊ အကန့်အသတ်မဲ့အင်တာနက် ဆက်သွယ်ရေးစနစ်များကို တည်ဆောက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ပါမကျန် အိမ်သုံးအင်တာနက်ကို တပြေးညီသုံးစွဲနိုင်ရန်၊ Beyond Internet ဟုခေါ်သော မီဒီယာ streaming ၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု၊ Digital Service ဝန်ဆောင်မှုများကို အလွယ်တကူသုံးစွဲနိုင်ရန် 5BB အနေဖြင့် ကတိတဝတ်ပြုပါသည်။
ယခုလိုအောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းသည် သုံးစွဲသူများအပါအဝင် ဝန်ထမ်းများအားလုံး၏ ကြိုးစားအားထုတ်မှုကြောင့်သာဖြစ်သည့်အတွက်ကြောင့် အားလုံးကို အထူးကျေးဇူးတင်ရှိပြီး ဒီနေ့ အသိအမှတ်ပြုခံရသော Asian Telecom Award ကို ရရှိခြင်းအား ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
#AsianTelecomAwards #5BB #GlobalNet #GlobalTechnology
#World_Health
Published 1 March 2024
ကိုယ်အလေးချိန်ကျရန် ကြိုးပမ်းနေသူတွေအတွက် ကိုယ်ရဲ့ ဝိတ်ဘယ်လောက်ရှိလဲဆိုတာကို အမြဲစောင့်ကြည့်နေကြပါတယ်။
ဝိတ်ချရာမှာ ပေါင်ချိန်စက်နဲ့ တိုင်းတာမယ်ဆိုရင် သတိထားရမှာတွေ ရှိပါတယ်။
ကိုယ်အလေးချိန်ဟာ တစ်နေ့တာအတွင်း ပြောင်းလဲနေတတ်ပြီး အခြားအကြောင်းအရာ များစွာကြောင့်လည်း ပြောင်းလဲတတ်ပါတယ်။
ပေါင်ချိန်စက်တိုင်းတာဖို့ မသင့်လျော်ဆုံး အချိန်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) အိပ်ချိန် ၆ နာရီမပြည့်တဲ့အချိန်
ညအိပ်ချိန် ၆ နာရီမပြည့်ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အရည်တွေကျန်ရှိနေပြီး အဆိပ်အတောက် မဖယ်ရှားနိုင်ဘဲ အလေးချိန် ပိုများလာပါတယ်။
အိပ်ရေးပျက်တာ များလာတဲ့အခါ ဂရီလင်ဟော်မုန်း များလာပြီး အစားစားချင်စိတ် လှုံ့ဆော်တာကြောင့် ပိုမိုစားသုံးမိကာ ကိုယ်အလေးချိန် တက်လာတတ်ပါတယ်။
(၂) လေယာဥ်စီးပြီးနောက်တစ်နေ့
လေယာဥ်ပေါ်မှာ ကြာမြင့်စွာ ထိုင်နေရတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ ရေများစုလာပြီး သွေးလည်ပတ်မှု မကောင်းဘဲ နောက်တစ်နေ့မှာ ကိုယ်အလေးချိန် အတက်အကျ ဖြစ်စေပါတယ်။
(၃) အရက်သောက်ပြီးချိန်
အယ်လ်ကိုဟောကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ရန် ကြာမြင့်တတ်ပြီး အခြားအစာများ ချေဖျက်တာကိုလည်း နှောင့်နှေးစေတာကြောင့် အလေးချိန် တက်လာစေပါတယ်။
(၄) ညစာနောက်ကျမှစားပြီးနောက်
ညစာကို ခါတိုင်းထက် နောက်ကျမှစားတဲ့အခါ အစာမကြေနိုင်ဘဲ ရင်ပြည့်ခြင်း လေပွခြင်းတို့ဖြစ်ကာ နောက်တစ်နေ့မှာ ကိုယ်အလေးချိန် တက်နေတတ်ပါတယ်။
#World_Health #ပေါင်ချိန်စက်ပေါ်မတက်သင့်သည့်အချိန် #အဆိပ်အတောက်မဖယ်ရှားနိုင် #Source: DoctorNDTV
#World_Health
Published 1 March 2024
ဆီးချိုရောဂါ ဒုတိယအမျိုးအစား ရှိသူတွေဟာ သွေးတွင်းသကြားဓာတ် ကျစေပြီး ရောဂါထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို အလိုရှိနေကြပါတယ်။
အခုဆိုရင် အနီရောင်ခြည် ၆၇၀ နာနိုမီတာကို ကျန်းမာသူတွေရဲ့ ကျောပေါ်စမ်းသပ်ရာမှာ ဆဲလ်အတွင်း စွမ်းအင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ ဂလူးကို့စ်သုံးစွဲမှု မြင့်မားစေကြောင်း ယူကေသုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
သွေးတွင်းဂလူးကို့စ်ပမာဏ ၂၇.၇ ရာခိုင်နှုန်း လျော့ကျသွားပြီး ဂလူးကို့စ်အမြင့်ဆုံးရောက်ရှိမှု ၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
နေရောင်ခြည်မှာ အနီရောင်နဲ့ အပြာရောင် မျှခြေပါဝင်ပေမယ့် အခုဆိုရင် အပြာရောင်က ပိုမိုလွှမ်းမိုးနေပြီး LED မီးတွေမှာလည်း အပြာရောင်ပိုများနေပါတယ်။
အနီရောင်မပါဘဲ အပြာရောင်ပဲ ကြာရှည်ထိတွေ့မယ်ဆိုရင် ဘေးဖြစ်စေတတ်ပြီး သွေးတွင်းသကြားဓာတ်ကို အနှောင့်အယှက်ဖြစ်စေကာ ဆီးချိုဖြစ်လာစေနိုင်ပါတယ်။
မိုင်တိုခွန်ဒရီယာတွေဟာ ဆဲလ်တွေရဲ့ ဇီဝဓာတုဓာတ်ပြုခြင်းတွေကို အားပေးမယ့် စွမ်းအင်ကို ထုတ်လုပ်ပေးတာဖြစ်ပြီး စွမ်းအင်ပြည့်ဝတဲ့ ATP တွေကို ထုတ်လုပ်ပေးပါတယ်။
ယခင်သုတေသနမှာ အလင်းအလျား ၆၅၀ မှ ၉၀၀ နာနိုမီတာခန့်ဟာ ATP ထုတ်လုပ်မှုကို များစေပြီး သွေးတွင်းဂလူးကို့စ်ကို လျှော့ချပေးတယ်လို့ တွေ့ရှိထားပါတယ်။
မိုင်တိုခွန်ဒရီယာက ဇီဝကမ္မဖြစ်စဥ်ကို ထိန်းညှိပေးပေမယ့် ဆိုလာအလင်းရောင်ကလည်း သက်ရောက်မှုရှိနေပါတယ်။
အနီရောင်ခြည်ကြောင့် မိုင်တိုခွန်ဒရီယာနဲ့ ATP တွေကို ပိုမိုလှုံ့ဆော်ပေးပါတယ်။
အနှစ်ချုပ်ဖော်ပြရာမှာ ၆၇၀ နာနိုမီတာခန့်ရှိတဲ့ အနီရောင်ခြည်ကို ၁၅ မိနစ်ခန့် ထိတွေ့ခြင်းဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ၂၇.၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
#World_Health #သွေးတွင်းသကြားဓာတ် #လျော့ကျစေနိုင်ဟုလေ့လာတွေ့ရှိ #Source: The Jerusalem Post
ရှန်မင်းဆက်ဧကရာဇ်၏ မိဖုရားအုတ်ဂူအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းအများအပြားအား ယင်ရှုပြတိုက်သစ်တွင်ပြသ
၁၆၀၀ - ၁၀၄၆ ဘီစီခန့်က ရှန်မင်းဆက်ဧကရာဇ်တစ်ပါးရဲ့ မိဖုရားဖြစ်ခဲ့ပြီး တရုတ်ပြည်ရဲ့ ပထမဆုံးအမျိုးသမီးဗိုလ်ချုပ် ဖြစ်ခဲ့တဲ့ ဖုဟောင်ရဲ့ အုတ်ဂူမှ တန်ဖိုးကြီး အမွေအနှစ်ပစ္စည်းများကို တူးဖော်ရရှိခဲ့ကာ တရုတ်အလယ်ပိုင်း ဟေနန်ပြည်နယ် အန်ယန်မှာ တနင်္လာနေ့က တရားဝင်ဖွင့်လှစ်လိုက်တဲ့ ယင်ရှုပြတိုက် အဆောက်အအုံသစ်ကြီးမှာ အဓိကစိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
#Asia_Archaeology
Published_ 29 February 2024
#ရှေးဟောင်းအမွေအနှစ်ပစ္စည်း #ရှန်မင်းဆက်ဧကရာဇ်တစ်ပါး
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 29 February 2024
၁။ နိုင်ငံတကာလေကြောင်း ရေကြောင်းနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကြေညာ
၂။ နွေကျောင်းပိတ်ရက်စပြီမို ကျိုက်ထီးရိုးကို မိသားစုလိုက် ဘုရားလာဖူးသူများပြား၊ တောင်တက်ကားခ တစ်ထောင်တက်
၃။ မြင်းဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ဖြစ်နေ
၄။ ရှန်မင်းဆက်ဧကရာဇ်၏ မိဖုရားအုတ်ဂူအတွင်းမှ တူးဖော်ရရှိသည့်ရှေးဟောင်းအမွေအနှစ်ပစ္စည်းအများအပြားအား ယင်ရှုပြတိုက်သစ်တွင်ပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 29 February 2024
နှစ်ကာလကြာမြင့်နေပြီဖြစ်သည့်အတွက်ယခုလက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပေးလျက်ရှိသည့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းအချို့ သည်ထွက်ရှိမှုလျော့နည်းကျဆင်းလာနေပြီ ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများ တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၈) ရက်တွင်ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ပြည်ထောင်စုဝန်ကြီးက "ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၏ သဘော သဘာဝသည် အရင်းအနှီးများပြားပြီး စွန့်စားလုပ်ဆောင်ရမှု လည်းကြီးမားကြောင်း၊ ခေတ်မီနည်းပညာများ အသုံးပြုခြင်းဖြင့်သာ စွန့်စားလုပ်ဆောင်ရမှု (Risk)ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊
ရင်းနှီးမြှုပ်နှံမှုများပြားသဖြင့် ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်ကာ ပူးပေါင်းလုပ်ကိုင်ရသည်ဖြစ်၍ နှစ်ဖက်သဘောတူစာချုပ်စာတမ်းများ ချုပ်ဆိုဆောင်ရွက်ကြရာတွင် နိုင်ငံတော် အတွက်ဆုံးရှုံးနစ်နာမှုမရှိစေရေး သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ ချုပ်ဆိုနိုင်ရန် အရေးကြီးကြောင်း၊
နိုင်ငံတော်၏ စွမ်းအင်အရင်းအမြစ်များသည် ကန့်သတ်ချက် ရှိသည့် Limited Resource များဖြစ်၍ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများဖြစ်သည့် အားလျော်စွာ သတိကြီးစွာထား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအချို့ သည်ထွက်ရှိမှုလျော့နည်းကျဆင်းလာနေပြီဖြစ်၍ လက်ရှိ စီမံကိန်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို သတ်မှတ်ထားသည့် အချိန်အတွင်းပြီးစီးရေး၊ စီမံကိန်း အသစ်များ ထပ်မံဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် "ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #သဘာဝဓာတ်ငွေ့စီမံကိန်းအချို့ #ရင်းနှီးမြုပ်နှံစေမည် #tthl #Yangon_Times
ဆယ်တန်းစာမေးပွဲပြီးချိန်နဲ့ သင်္ကြန်ကာလမှာတော့ မန်းရွှေစက်တော်မှာ အစည်ကားဆုံးကာလဖြစ်ပြီးမကြာမီ အစည်ကားဆုံးအချိန်ကို ရောက်ရှိလာတော့မှာဖြစ်တယ်။
#Local_News
Published_ 29 February 2024
#ရွှေစက်တော်ဘုရားပွဲ
#tthl #Yangon_Times
#Local_News
Published 29 February 2024
မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်း ဖွဲ့စည်းရေးအတွက် ဂျပန်နိုင်ငံသား လူငယ်နည်းစနစ်ဒါရိုက်တာ မီတ (မြန်မာ ယူ၁၆ အသင်းနည်းပြချုပ်)နှင့်နည်းပြအဖွဲ့သည် ကစားသမားများကိုစိစစ်ရွေးချယ် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသအသီးသီးက ယူ-၁၅ ကစားသမားများနှင့် အကယ်ဒမီ အသီးသီးက ကစားသမားများ ကို စိစစ်ရွေးချယ်လျက်ရှိသည်ဟု ဆိုသည်။
၂၀၂၄ ဖေဖော်ဝါရီ ပထမအပတ်အတွင်း ကစားသမားများ ကို ခြေစမ်းပွဲများ ကစားစေပြီး စတင်ရွေးချယ်မှု ပြုလုပ်ခဲ့ရာမှာ ကစားသမား (၄၀)ဦး ပဏာမ ရွေးချယ်ထားခဲ့ကြောင်းနှင့် အပြီးသတ် ရွေးချယ်မှု ပြုလုပ်ပြီးတာနဲ့ မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းထွက်ပေါ်လာမည်ဖြစ်သည်။
လူငယ်ကစားသမားများ ကျောင်းစာမေးပွဲများ ပြီးဆုံးပြီး လာမယ့် မတ်လ (၄)ရက်၊(၅)ရက်တို့တွင် ခြေစမ်းပွဲတွေ ဆက်လက် ကစားသွားရဖို့လည်းရှိနေကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သိရသည်။
#Local_News #မြန်မာယူ၁၆အသင်း #စိစစ်ရွေးချယ်ခေါ်ယူ #tthl #Yangon_Times
နှစ်နှစ်ရှိပြီ၊ ဧရာဝတီတိုင်းမှာမနှစ်ကတုန်းကလည်း ငရုတ်နဲ့ပဲဘက်ကိုသွားကြတာများတယ်၊ ဒီနှစ်ကျတော့ငရုတ်က၃၀%လောက်ဝင်လာတယ်၊ ပဲလည်း၃၀% ကျန်တာပြောင်းသီးနှံစိုက်ပြီး ဧရိယာတစ်ဖြည်းဖြည်းနဲ့လျော့ကျလာတယ်
#Local_News
Published_ 29 February 2024
#ပြောင်းစိုက်ပျိုး #အခြားသီးနှံပြောင်းလဲစိုက်ပျိုး
#YMG/NN #Yangon_Times
နွေကျောင်းပိတ်ချိန်မို့ ကျိုက်ထီးရိုးကို မိသားစုလိုက် ဘုရားလာဖူးသူများပြားပြီး တစ်ရက်ကို(၂၀၀၀)ဦးလောက်လာရောက်ကြတယ်။ တောင်တက်ကားခကတော့ ဆီဈေးတက်လို့ တစ်ထောင်တက်တယ်။
#Local_News
Published_ 29 February 2024
#ဘုရားလာဖူးသူများပြား #တောင်တက်ကားခတစ်ထောင်တက်
#YMG_News #Yangon_Times #Yangon_Media_Group
'မြင်းဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ဖြစ်နေ'
မြင်းရောင်းနေကျ လူကဝယ်နေကျလူတွေကိုပြပေးတယ်၊ ဓာတ်ပုံပိုပေးတယ်၊ ဓာတ်ပုံထဲကအကြိုက်နဲ့နီးစပ်တယ်ဆိုရင်လူကိုယ်တိုင်သွားကြည့်ပြီးတော့ ကြိုက်တယ်ဆိုဝယ်တာပါပဲ၊ ဈေးညှိကြပြီးတော့ပေါ့နော်
#Local_News
Published_ 29 February 2024
#မြင်းဈေးကွက် #အရောင်းအဝယ်ဖြစ်နေ
#YMG/NN #Yangon_Times
Page 288 of 1461