#World_Health
Published 30 March 2025
▪️ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးနေပေမယ့် ပူပြင်းခြောက်သွေ့တဲ့လေ၊ အပူချိန် အတက်အကျတွေကြောင့် အအေးမိတာတွေ ဖြစ်နိုင်ပါတယ်။
▪️ ဒီအတွက် ခန္ဓာကိုယ်ကို ကောင်းစွာကာကွယ်နိုင်ဖို့ ဘာတွေအရေးကြီးလဲဆိုရင်..
(၁) အာဟာရဓာတ်
▪️ အာဟာရဓာတ် ထောက်ပံ့မှုက ရောဂါခုခံအားစနစ်ကို အကျိုးရှိစေပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ မျှတတဲ့ အစားအစာတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထောက်ကူပေးပါတယ်။
(၂) ဗိုက်တာမင်-စီ
▪️ အက်စ်ကောဘစ်အက်ဆစ်ဖြစ်တဲ့ ဗိုက်တာမင်-စီက ကိုယ်ခံအားစနစ်နဲ့ ပတ်သက်လာရင် လူသိအများဆုံး ဗိုက်တာမင်ဖြစ်ပြီး ရောဂါခုခံအားစနစ်ကို ပုံမှန်အလုပ်လုပ်စေကာ တစ်နေ့ကို ဗိုက်တာမင်-စီ ၁၀၀-၂၀၀ မီလီဂရမ်စားသုံးပေးသင့်ပါတယ်။
(၃) ဗိုက်တာမင်-ဒီ
▪️ အရိုးအတွက် အရေးကြီးတယ်လို့သိထားတဲ့ ဗိုက်တာမင်-ဒီက ကိုယ်ခံအားစနစ်မှာလည်း အရေးပါတဲ့ ဟော်မုန်းဖြစ်ကာ ခန္ဓာကိုယ်မှာ အလုံအလောက်ရှိမှသာ ရောဂါခုခံနိုင်မှာဖြစ်ပါတယ်။
(၄) ဇင့်
▪️ အင်မ်ဇိုင်း ၂၀၀ ကျော်ရဲ့လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ထားသလို ဇီဝဖြစ်စဉ်အများအပြားမှာလည်း ပါဝင်နေပါတယ်။
(၅) အားကစား
▪️ လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း၊ စက်ဘီးစီးခြင်းတို့က ကိုယ်ခံအားစနစ်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းများဖြစ်ပြီး ခွန်အားအလွန်အကျွံသုံးခြင်းကတော့ ကိုယ်ခံအားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။
(၆) ရေလုံလောက်စွာသောက်ခြင်း
▪️ ခြောက်သွေ့တဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းရှိ အချွဲအမြှေးပါးတွေက အလျင်အမြန် ခြောက်သွေ့သွားပြီး အမြှေးပါးအမျှင်များက ရောဂါပိုးတွေကို မတားဆီးနိုင်တော့တာကြောင့် ရေအလုံအလောက် သောက်ခြင်းကလည်း ရောဂါခုခံအားအတွက် အရေးကြီးပါတယ်။
#Source: Interesticle
#World_Health
Published 30 March 2025
▪️ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးနေပေမယ့် ပူပြင်းခြောက်သွေ့တဲ့လေ၊ အပူချိန် အတက်အကျတွေကြောင့် အအေးမိတာတွေ ဖြစ်နိုင်ပါတယ်။
▪️ ဒီအတွက် ခန္ဓာကိုယ်ကို ကောင်းစွာကာကွယ်နိုင်ဖို့ ဘာတွေအရေးကြီးလဲဆိုရင်..
(၁) အာဟာရဓာတ်
▪️ အာဟာရဓာတ် ထောက်ပံ့မှုက ရောဂါခုခံအားစနစ်ကို အကျိုးရှိစေပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ မျှတတဲ့ အစားအစာတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထောက်ကူပေးပါတယ်။
(၂) ဗိုက်တာမင်-စီ
▪️ အက်စ်ကောဘစ်အက်ဆစ်ဖြစ်တဲ့ ဗိုက်တာမင်-စီက ကိုယ်ခံအားစနစ်နဲ့ ပတ်သက်လာရင် လူသိအများဆုံး ဗိုက်တာမင်ဖြစ်ပြီး ရောဂါခုခံအားစနစ်ကို ပုံမှန်အလုပ်လုပ်စေကာ တစ်နေ့ကို ဗိုက်တာမင်-စီ ၁၀၀-၂၀၀ မီလီဂရမ်စားသုံးပေးသင့်ပါတယ်။
(၃) ဗိုက်တာမင်-ဒီ
▪️ အရိုးအတွက် အရေးကြီးတယ်လို့သိထားတဲ့ ဗိုက်တာမင်-ဒီက ကိုယ်ခံအားစနစ်မှာလည်း အရေးပါတဲ့ ဟော်မုန်းဖြစ်ကာ ခန္ဓာကိုယ်မှာ အလုံအလောက်ရှိမှသာ ရောဂါခုခံနိုင်မှာဖြစ်ပါတယ်။
(၄) ဇင့်
▪️ အင်မ်ဇိုင်း ၂၀၀ ကျော်ရဲ့လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ထားသလို ဇီဝဖြစ်စဉ်အများအပြားမှာလည်း ပါဝင်နေပါတယ်။
(၅) အားကစား
▪️ လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း၊ စက်ဘီးစီးခြင်းတို့က ကိုယ်ခံအားစနစ်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းများဖြစ်ပြီး ခွန်အားအလွန်အကျွံသုံးခြင်းကတော့ ကိုယ်ခံအားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။
(၆) ရေလုံလောက်စွာသောက်ခြင်း
▪️ ခြောက်သွေ့တဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းရှိ အချွဲအမြှေးပါးတွေက အလျင်အမြန် ခြောက်သွေ့သွားပြီး အမြှေးပါးအမျှင်များက ရောဂါပိုးတွေကို မတားဆီးနိုင်တော့တာကြောင့် ရေအလုံအလောက် သောက်ခြင်းကလည်း ရောဂါခုခံအားအတွက် အရေးကြီးပါတယ်။
#Source: Interesticle
#World_Health
Published 30 March 2025
▪️ Ashtangaယောဂဟာ လှုပ်ရှားမှုနဲ့ ဖွဲ့စည်းမှုပုံစံယောဂတစ်မျိုးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ကျန်းမာရေးတို့အပေါ် သက်ရောက်စေတယ်လို့ လူပြောများလာပါတယ်။
▪️ ရှေးဟောင်းအိန္ဒိယရိုးရာကနေ အခြေခံလာပြီး စည်းချက်ညီ အသက်ရှူခြင်းနဲ့ အကျုံ့အဆန့်၊ ခွန်အား၊ စိတ်စွမ်းအင်တို့ကို မြှင့်တင်တဲ့ ကိုယ်နေဟန်ထားပုံစံ ဖြစ်ပါတယ်။
▪️ နာတာရှည်ဝေဒနာတွေကစလို့ စိတ်ကျန်းမာရေး ပြဿနာတွေအထိ သက်သာစေတယ်လို့ ကျန်းမာရေးလိုက်စားသူတွေက ဆိုလာကြပါတယ်။
▪️ Ashtangaယောဂကို ကမ္ဘာကျော် ဆယ်လီတွေကပါ ကျင့်ကြံနေကြတယ်လို့ သိထားပါတယ်။
▪️ ကျန်းမာရေးပြဿနာတွေအတွက် Ashtangaယောဂက ဘယ်လိုအကျိုးကျေးဇူးပေးလဲဆိုတော့..
▪️ (၁) နှလုံးကျန်းမာရေး ထောက်ပံ့ပေးကာ သွေးပေါင်ချိန်ကျစေပြီး နှလုံးခုန်နှုန်းထိန်းညှိပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးကို ကြံ့ခိုင်သန်မာစေပါတယ်။
▪️ (၂) Ashtangaယောဂက သွေးတွင်းဂလူးကို့စ်ပမာဏကို လျော့ကျစေကာ ဆီးချိုလူနာတွေမှာ ဇီဝကမ္မဖြစ်စဉ် တိုးတက်စေသဖြင့် ဆီးချိုထိန်းချုပ်ရာမှာ အထောက်အကူဖြစ်ပါတယ်။
▪️ (၃) ကော်တီစောလ်ပမာဏ သိသိသာသာ လျော့ကျစေသဖြင့် ပူပန်စိတ်၊ စိတ်ဓာတ်ကျလက္ခဏာများကို လျော့ကျစေပါတယ်။
▪️ (၄) အကြောပျော့စေပြီး လှုပ်ရှားနိုင်စွမ်းမြှင့်တင်ပေးကာ အဆစ်ရောင်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ခါးကိုက်ခြင်းဝေဒနာများကို သက်သာစေပါတယ်။
▪️ (၅) အသက်ရှူထိန်းချုပ်ရတဲ့ နည်းစနစ်ကြောင့် အဆုတ်လုပ်ဆောင်ချက် တိုးတက်စေပြီး အောက်ဆီဂျင်ပိုမိုရရှိစေပါတယ်။
▪️ (၆) ခန္ဓာကိုယ်လှည့်ရတဲ့ ပုံစံတွေကြောင့် အစာခြေစနစ်ကို လှုံ့ဆော်ပေးကာ လေပွခြင်းမှ ကာကွယ်ပေးပြီး အူလမ်းကြောင်းကျန်းမာရေး မြှင့်တင်နိုင်ပါတယ်။
▪️ (၇) ကိုယ်လက်လှုပ်ရှားမှုနဲ့ အဆိပ်အတောက် ဖယ်ရှားခြင်းကို အားပေးပြီး ကိုယ်ခံအားစနစ် သန်မာစေပါတယ်။
▪️ Ashtangaယောဂက ရောဂါကုသနည်းတော့ မဟုတ်ပေမယ့် ဖြည့်စွက်လေ့ကျင့်ပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။
#Source: DoctorNDTV
မတ် ၂၉ ၂၀၂၅
မြန်မာငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန်အတွက် အိန္ဒိယအစိုးရက စေလွှတ်လိုက်တဲ့ အဖွဲ့ဝင် ၈၀ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ မတ် ၂၉ ရက် ညတွင် အထူးလေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိခဲ့ပါတယ်။
အဆိုပါအိန္ဒိယလေယာဉ်နှစ်စီးသည် ငလျင်ဘေးဒဏ်ခံရပြီးနောက် နေပြည်တော်လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်တဲ့ ပထမဆုံးသော နိုင်ငံရပ်ခြား ကယ်ဆယ်ရေးလေယာဉ်ဖြစ်ပါတယ်။
လေယာဉ်မှူးများရဲ့ကျွမ်းကျင်မှုကြောင့် နေပြည်တော်လေဆိပ်သို့ အခက်အခဲမရှိ ဆင်းသက်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။
အဆိုပါ ကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့နှင်ကယ်ဆယ်ရေးပစ္စည်းများကို နေပြည်တော်မှ မန္တလေးမြို့သို့ နိုင်ငံတော်မှ ရဟတ်ယာဉ်များနှင့်ကားများ ဖြင့် ညတွင်းချင်းဆက်လက်ပို့ဆောင်ပေးခဲ့ တယ်လို့သိရ ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့များ အိန္ဒိယမှဆက်လက်ရောက်ရှိလာဦးမယ်လို့သိရပါတယ်။
@ymg/knl
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ တင်သွင်းမော်တော်ယာဉ်များအပေါ် အသစ်ချမှတ်လိုက်တဲ့ အခွန်နဲ့ ပတ်သက်ပြီး ဝယ်ယူသူတွေကို ထိခိုက်စေကာ တန်ဖိုးမြင့်ကားများရှိတဲ့ မော်တော်ယာဉ်လုပ်ငန်းများအတွက် ထိုးနှက်ချက်ကြီး ဖြစ်လာမယ်လို့ အမေရိကန်မော်တော်ကားလုပ်ငန်းအတွင်းလူများက သတိပေးလိုက်ပါတယ်။
#World_Industry
Published 29 March 2025
#အမေရိကန်အခွန်တိုးမြှင့်စည်းကြပ် #အမေရိကန်မော်တော်ကားလုပ်ငန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 March 2025
၁။ ဓာတ်ဆီဈေးပြန်တက်၊ ဒီဇယ်ဈေး ဆက်ကျ
၂။ ငလျင်ကယ်ဆယ်ရေးအတွက် အရေးပေါ်ကွပ်ကဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက်နေ
၃။ ဧပြီလ၌ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဟု မိုးဇလအသိပေး
၄။ တင်သွင်းမော်တော်ယာဉ်များအပေါ် အမေရိကန်အခွန်တိုးမြှင့်စည်းကြပ်လိုက်ခြင်းကို ဥရောပအသိုင်းအဝိုင်းမှသတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 March 2025
▪️ မလေးရှားဒုတိယဝန်ကြီးချုပ် Datuk Seri Dr Ahmad Zahid Hamidi က မြန်မာနိုင်ငံ မြေငလျင် ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခြင်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများနှင့် အဆောက်အဦး အများအပြား ပျက်စီးခြင်းတို့ကြောင့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကို စေလွှတ်ထားကြောင်း ပြောကြားထားသည်။
▪️ “မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အာဆီယံသွေးစည်းညီညွတ်တဲ့မိတ်ဖက်နိုင်ငံအနေနဲ့ မလေးရှားနိုင်ငံက ဒုက္ခရောက်နေတဲ့နိုင်ငံတွေကို အပြည့်အဝကူညီပံ့ပိုးပေးဖို့ ကတိပြုထားပါတယ်။ မလေးရှားအစိုးရက မြန်မာနိုင်ငံကို အထူးမလေးရှားသဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ (Smart) ကို စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်မှာ ရန်ကုန်မြို့ကို ရောက်ရှိနိုင်မည်” ဆိုပြီး သတင်းထုတ်ပြန်ထားသည်။
#Ref; New Straits Times (ဓာတ်ပုံ- Pasukan Mencari Dan Menyelamat Khas Malaysia/Facebook)
#Local_News
Published_29 March 2025
▪️ မန္တလေး Sky Villa ကွန်ဒိုပြိုကျမှု သေဆုံးသူ ကိုးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ၄၃ ဦးကို အသက် ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
▪️ ယင်းမှာ ယနေ့ မတ်လ ၂၉ ရက် နံနက်ထိ စာရင်းအရဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဖြစ်ပွားချိန်မှ ယခုတိုင်ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း သိရသည်။
▪️ Sky Villa ကွန်ဒိုမှာ အောင်မြေသာဇံမြို့နယ် လမ်း ၆၀၊ ၂၂ လမ်းနှင့် ၂၃ လမ်းအကြားတွင် တည်ရှိပြီးအမြင့် ၁၁ ထပ်ရှိကြောင်း၊ ငလျင်ကြောင့် ကွန်ဒိုအခန်းအချို့ မြေကြီးအောက်ကျွံဝင်ခဲ့ကာ ခုနစ်ထပ်သာကျန်ရှိတော့ ကြောင်း သိရသည်။
▪️ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မန္တလေးမြို့ ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြည်ဦးလွင်မြို့နယ်မီး သတ်စ ခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများ က ပူးပေါင်ဆောင်ရွက်ကြကြောင်း သိရသည်။
▪️ Photo-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#Yangon_Times/PP
သွင်းကုန်လိုင်စင်အတွက် မြိတ်၊ ကော့သောင်းနှင့် မန္တလေးမြို့တွေမှာ တင်သွင်း/တင်ပို့ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်တဲ့ အကောက်ခွန်ဆိုင်ရာ ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဥ်တွေကို ဧပြီလ ၁ ရက်ကစပြီး MACCS စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 March 2025
#သွင်းကုန်လိုင်စင် #MACCS
#YMG/SW #Yangon_Times
#Local_News
Published 29 March 2025
▪️ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်း၍ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျ စစ်ဆေးစိစစ်မှုများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ သို့သော် လုပ်ငန်းပမာဏအလွန်ကြီးမားသည့်အတွက် အဆိုပါလုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ရန် လုပ်အားပေးအင်ဂျင်နီယာများ၏ အကူအညီ အထူးလိုအပ်လျက် ရှိနေရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် အခြားမြို့ကြီးများရှိ စိတ်ပါဝင်စားသူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကိုစစ်ဆေးရာတွင် စနစ်တကျနှင့် တပြေးညီ ဖြစ်စေရန် Online မှ သင်တန်းတစ်ခုအား အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်အားပေးလိုသူ အင်ဂျင်နီယာများ အနေဖြင့် ဧပြီလ ၁ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ စိတ်ပါဝင်စားသူ အင်ဂျင်နီယာများ အနေဖြင့် - ကိုဝေရာအောင်၊ နည်းပညာဆိုင်ရာ အင်ဂျင်နီယာ၊ တယ်လီဖုန်း - ၀၉ ၄၅ ၆၆၇ ၂၂၉၃Email
သို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
လာမယ့်ဧပြီလအတွင်းမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်ကတော့ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 29 March 2025
#မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင် #မိုးဇလအသိပေး
#YMG/NN #Yangon_Times
၂၉ မတ် ၂၀၂၅
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖုန်းဆက်သွယ်၍ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။
အဲသလိုပြောကြားခဲ့တာကို မိုဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ X မှာ သတင်းစကား ရေးသားခဲ့တာဖြစ်ပါတယ်။
ငလျင်ရဲ့ အဖျက်အစီးကြောင့် အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် အထူးဝမ်းနည်းကြေကွဲရတယ်လို့ မိုဒီက ဗိုလ်ချုပ်မှူးကြီးကိုပြောပါတယ်။
မြန်မာရဲ့ရင်းနှီးတဲ့ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်တဲ့အလျောက် အိန္ဒိယဟာ ယခုလို ခက်ခဲနေတဲ့ အချိန်မှာ မြန်မာပြည်သူတွေနှင့်အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်နေတယ်လို့လည်း မိုဒီကပြောပါတယ်။
ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေနှင့် ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေဟာ “ ဘရာမာစစ်ဆင်ရေး” Operation Brahma. ရဲ့အစိတ်အပိုင်းအဖြစ် ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အလျင်အမြန်စေလွှတ်ထားလျက်ရှိတယ်လို့လည်း မိုဒီက ပြောပါတယ်။
Page 3 of 1595