အပူပိုင်းဒေသကို လာရောက်တဲ့ခရီးသွားတွေအနေနဲ့ ဝင်ရောက်နားခိုလို့ရအောင် ကျေးငှက်တိရစ္ဆာန်တွေ အရိပ်ရနားခိုးကာ အစားအစာရရှိစေဖို့ ရည်ရွယ်ပြီး ဖော်ဆောင်ပေးတာဖြစ်ပါတယ်လက်ရှိမှာတော့ ရေနံချောင်းနဲ့မကွေးကြားမှာ လူလုပ်တောအုပ် ၇နေရာ ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ နှစ်နေရာထပ်မံပြုလုပ်ရန် လုပ်ဆောင်နေတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းရဲ့ တည်ထောင်သူ ကိုဒင်းဂါးက ပြောပါတယ်၊၊
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကဆုန်လပြည့်နေ့မှာ မနက်(၇)နာရီမှ ည(၈) နာရီအထိ ဗိုလ်တထောင်စေတီရှိ ညောင်ပင်နှစ်ပင်မှာ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်မှာဖြစ်တယ်။
(ဗိုလ်တထောင်စေတီတော်၊ ဂေါပကအဖွဲ့)
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျပ်သန်း ၂၀၀ အထက်တန်ဖိုးရှိတဲ့ ဘိလပ်မြေတန် ၁၃၀၀ လုပ်ငန်းခွင်စခန်းအရောက် ဝယ်ယူပို့ဆောင်တာ ၊ ကွန်ကရစ်တမံ အောက်ခံအုတ်မြစ်ကြံ့ခိုင်မှုလုပ်ငန်းစတဲ့ လုပ်ငန်းတွေအတွက် တင်ဒါခေါ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးတင်ဒါကော်မတီက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
"ဘောလုံးလောကတစ်ခုလုံးအား ထိခိုက်ပျက်စီးသွားနိုင်တဲ့ လုပ်ပွဲကစားမှု (Match Fixing) ပြုလုပ်ကစားခြင်းတို့ကို ကြိုတင်အသိပေးကာကွယ်မှုတွေ ပြုလုပ်သွားဖို့နဲ့ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားဖို့ အဓိကအချက်တစ်ခုအနေဖြင့် တိုက်တွန်းလိုတယ်။ပြည်ပကစား သမားခေါ်ယူရာမှာ အသင်းနစ်နာမှု မရှိစေဖို့အတွက် ခေါ်ယူမယ့်ကစားသမားကို Test လုပ်ပြီးမှသာ ခေါ်ယူစာချုပ်သင့်တယ်"
(မြန်မာနေရှင်နယ်လိဂ်ကော်မတီနာယက၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်)
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
ရန်ကုန်တက္ကသိုလ်၌ စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကိုလာမည့် လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် ဇွန်လ (၃) ရက်နေ့မှစတင်၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။
ယင်းသင်တန်းကို Grade (9) အောင်မြင်ပြီးသူများမှစတင်၍ လျှောက်ထားနိုင်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သင်တန်းအချိန်မှာ မနက်ပိုင်း (၇) နာရီမှ (၉) နာရီအထိဖြစ်ပြီး သင်တန်းကြေးမှာ တစ်သိန်းကျပ် ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
မြန်မာ-ထိုင်း နယ်နိမိတ်ထိစပ်လျက်ရှိသောပြည်နယ်များအကြား နယ်စပ်ကုန်သွယ် မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှ (၉)ပြည်နယ်နှင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်အရှေ့ပိုင်း အပါအဝင် နယ်နိမိတ်ထိစပ်လျက်ရှိသော ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းမိုင်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် မေ ၁၄ ရက်တွင် ချင်းမိုင်မြို့၊ မြို့တော်ဝန် Mr. Assanee Buranupakorn အား မြို့တော်ဝန်ရုံး၌ လည်းကောင်း၊ ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Nirat Pongsitthaworn အား ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က ရှေးရာစုနှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံသားများနှင့် ချင်းမိုင်(ဇင်းမယ်)အပါအဝင် ယနေ့ခေတ် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသတို့အကြား ကူးလူးဆက်ဆံမှုများ အလွန်များပြားခဲ့ရာ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းတို့တွင် တူညီမှုမှုများစွာ ရှိပြီး ရှေးယခင်ကတည်းကပင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာ ထူထောင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ရန် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အလားအလာများ၊ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ယူဆောင်ရွက်နေ သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း (၉)ပြည်နယ်နှင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသကြီး အပါအဝင် နယ်နိမိတ်ထိစပ်လျက်ရှိသော မြန်မာနိုင်ငံမှ ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးပြောကြားခဲ့ ပါတယ်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံသားများအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ချင်းမိုင်မြို့တော်ဝန် တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ချင်းမိုင်တွင် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများနှင့် မြန်မာအလုပ်သမားများအား လိုအပ်သည့် အကူအညီများ၊ စောင့်ရှောက်မှုများ ပေးအပ်ရာတွင် ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေး မှူးရုံးနှင့် ချင်းမိုင်မြို့တော်ဝန်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
"အချစ်ခံကြည့်"တေးသီချင်းကြောင့် သရုပ်ဆောင်ဗညားဘုန်းပြည့်နှင့် ဇာတ်ညွှန်းရေးပေးသူရွှေဆုတို့ ဖမ်းဆီးခံရပြီး အဓိက တေးသီချင်းအပ်နှံ၊ ထုတ်လုပ်၊သီဆို၊သရုပ်ဆောင်ခဲ့သည့် ဖူးပွင့်သခင်မှဖြေရှင်းပေးရန် တေးရေးမင်းစည်သူမှတောင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါ MTV တွင် အနမ်းခန်းများ၊ကုတင်ပေါ်တွင်မဖွယ်မရာသရုပ်ဆောင်ပြမှုများပါဝင်ပြီး သရုပ်ဆောင်ဗညားဘုန်းပြည့် နှင့် ဇာတ်ညွှန်းရေးသူ ရွှေဆုတို့ကတော့ ပုဇွန်တောင်ရဲစခန်း၌ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
ဖူးပွင့်သခင်နှင့် ဗညားဘုန်းပြည့်ကို ဖမ်းဆီးရန် အမိန့် ဦးစွာကျလာခြင်းဖြစ်ပြီး လတ်တလောမှာတော့ ဗညားဘုန်းပြည့်နှင့် ရွှေဆုတို့ ဖမ်းခံရကြောင်း ၊ဗညားဘုန်းပြည့်မှာ မကြာမီ ပြန်လွတ်နိုင်ခြေရှိကြောင်းနှင့် ဇာတ်ညွှန်းရေးပေးသည့် ရွှေဆုကလည်း ဇာတ်ညွှန်းပါအတိုင်း ရိုက်ထားခြင်းမဟုတ်၍ သူနှင့်မသက်ဆိုင်ဘဲ ဖမ်းဆီးခံနေရပြီး လွတ်မြောက်နိုင်ခြေလည်း မရှိသေးသည့်အတွက် အဓိက တေးသီချင်း အပ်နှံ ၊ထုတ်လုပ်၊ သီဆို၊သရုပ်ဆောင်ထားသူ သရုပ်ဆောင်၊အဆိုတော်ဖူးပွင့်သခင်မှ ရှောင်မနေဘဲ ဖြေရှင်းပေးစေလိုသည်ဟု တေးရေးမင်းစည်သူက liveလွှင့်ပြီး ပြောထားသည်။
ပြီးခဲ့သည့်ရက်များကစ၍ လူမှုကွန်ရက်ပေါ်တွင် ရိုက်ကူးထုတ်လွှင့်ပြသသည့် တေးသီချင်းများ ၊ဇာတ်လမ်းတွဲ၊ဇာတ်လမ်း၊ရုပ်ရှင်များသည် သားနှင့် အမိ၊မောင်နှင့်နှမ ကြည့်ရူရန်မသင့်လျော်ဘဲ မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင့်သည့် ရိုက်ကူး ထုတ်လွှင့်ခြင်းမပြုရန်နှင့်ယင်းကဲ့သို့ဆောင်ရွက်ပါက ပြန်ကြားရေးဝန်ကြီးဌာနမှ အီလက်ထရော်နစ် ဆက်သွယ်ရေးဥပဒေ(၃၃)ကဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း သတိပေးချက်များဆက်တိုက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
"စောင့်ပတ်"သီချင်းနှင့်"စကားလေးတစ်ခွန်းပဲဖြေ ချစ်လား"သီချင်းနှင့်သက်ဆိုင်သူအားလုံးကိုလည်းမြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီးအရှက်သိက္ခာကင်းမဲ့စွာရိုက်ကူးပြသခဲ့သည့်အတွက်ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်အရေးယူထားကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၁၅ မေ ၂၀၂၄
အိမ်နီးချင်းမြန်မာနိုင်ငံမှ တရားမဝင် ရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ လူသတ်မှု၊ပြန်ပေးဆွဲမှုနှင့် အခြားသော ရာဇဝတ် မှုတွေမှာ ပါဝင်ပတ်သက်နေကြလို့ သူတို့ကို မြန်မာနိုငငံရှိ သူတို့နေရပ်သို့ ချက်ခြင်းပြန်ပို့ဖို့ မဏိပူဥပဒေပြုလွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ လေရှီယီကိုင်ရှင်းက ပြည်နယ်ဝန်ကြီးချုပ် အင်နဘီရင်ဆင်းကို စာရေးတောင်းဆိုခဲ့တယ်လို့ အိန္ဒိယ ဒေသတွင်း မီဒီယာအချို့က သတင်းရေးသားဖော်ပြကြပါတယ်။
အိမ်အမျိုးမျိုးမှာ ခိုလှုံနေကြတဲ့ အဲဒီတရားမဝင်မြန်မာဒုက္ခသည်တွေဟာ ဒေသခံတွေနှင့်ခိုက်ရန်ဖြစ်ပြီး ဒေသခံတွေကို ရိုက်နှက်ကြလို့ ဥပဒေစိုးမိုးရေးပြဿနာတွေဖြစ်နေရတယ်လို့ လွှတ်တော်အမတ်ကိုင်ရှင်းကပြောပါတယ်။သူဟာ မဏီပူ ဥပဒေပြုလွှတ်တော်မှာ ထင်ရှားတဲ့အမတ်တစ်ဦးဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့တဲ့သူ့ရဲ့စာထဲမှာ မဏိပူကို တရားမဝင် ဝင်ရောက်လာသူတွေရဲ့ ပြဿနာတွေကို မီးမောင်းထိုး ပြထားပါတယ်။ အထူးသဖြင့် ၂၀၂၃ နိုဝင်ဘာလကစပြီး တရားမဝင်ရောက်ရှိလာသူတွေဟာ ၅၈၀၀ ဦးကျော်သွားပြီလို့ စာထဲ မှာရေးထားပါတယ်။ အဲဒါကြောင့် အရေးယူမှုတွေချက်ခြင်းလုပ်ဖို့လိုနေပြီလို့ သူကတောင်းဆိုထားပါတယ်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ တရားမဝင်ရောက်ရှိလာသူတွေအနက် ၅၁၇၃ ဦးရဲ့ ဇီဝအချက်အလက်တွေကို ပြုစုထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ဘာကြောင့် မြန်မာဒုက္ခသည်တွေကို နေရပ်ချက်ခြင်းပြန်ပို့သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကို လည်း သူက စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ သူတို့ဟာ အရပ်ထဲက ဒေသခံတွေနှင့်တင်းမာမှုတွေကိုပြင်းထန်လာ နေပြီး လုပ်ခနှင့်အခြားသော ကိစ္စများကြောင့် အငြင်းပွားပြီး အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေတာဖြစ်တယ်လို့ သူက အကြောင်းပြထားတာပါ။
ဒေသခံတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အရေးတကြီးလိုအပ်နေပြီလို့ သူကစာထဲမှာရေးသားထားပါတယ်။
Source HinduPost
Published_ 15 May 2024
ရှမ်းပြည်နယ် ၊ကျိုင်းတုံမြို့၊ ရှိ ‘နှင်းဆီ’ရွှေဆိုင် အမှတ်(၃)၌ယမာန် နေ့က ရွှေထည်ပစ္စည်းများ လုယက်ခံခဲ့ရပြီး လုယက်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာမေလ၁၄ ရက်နေ့ ညနေ ၄နာရီ ၂၅မိနစ်အချိန်ခန့်က ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ လွယ်မွေလမ်း၊ အမှတ်(၇၀)ရှိ နှင်းဆီရွှေဆိုင် အမှတ်(၃)သို့ SUBO အမျိုးအစား CLICK (ခရမ်းရောင်/နံပါတ်မပါ) ဆိုင်ကယ်(၁)စီးဖြင့် အမျိုးသား(၃)ဦး(စိစစ်ဆဲ)မှ ေ-နတ် (၂)လက် (စိစစ်ဆဲ)ကိုင်ဆောင် ရောက်ရှိလာ ပြီး CCTV ကင်မရာအား သေနတ်ဖြင့် (၆)ချက် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။
ထို့နောက် ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများထည့်ထားသည့် မှန်ပုံးအားတူဖြင့်ခွဲ၍ ဒင်္ဂါးနားကပ်(၁.၅)ဂရမ်ခန့်စီရှိ (၁၀၀)ခုကျော် တန်ဖိုး (စိစစ်ဆဲ)၊ အခေါက်နားကပ် (၃)ဂရမ်ခန့်စီရှိ (၁၀၀)ခု ကျော် တန်ဖိုး (စိစစ်ဆဲ)၊ ဆွဲသီး (၁)ကျပ်သားခန့်စီ ရှိ (၁၀)ခု တန်ဖိုး (စိစစ်ဆဲ)၊ ကလစ်(၀.၇)ဂရမ်ခန့်စီရှိ (၆၀)ခု တန်ဖိုး (စိစစ်ဆဲ)၊ ရွှေလက်ကောက် (၁) ဘတ်သားခန့်စီရှိ (၁၀)ကွင်း တန်ဖိုး(စိစစ်ဆဲ)တို့အား လုယက်ယူဆောင်၍ ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
" ရွှေဝယ်နေတဲ့သူတွေရှိနေတဲ့အချိန်လူသုံးယောက်ဝင်လာပြီး ရွှေတွေကိုမှန်ထုခွဲ ယူသွားကြတာ၊သိပ်မကြာဘူး၊ပြန်မိတယ်၊ကြားပါတယ် " ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ရွှေထည်ပစ္စည်းများ လုယက်သွားသူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် မြို့ဝင်/ထွက် နေရာများ၌ ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေ ရေးများပြုလုပ်ခဲ့ရာ ညနေ၆နာရီ အချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးစခန်းသို့ 1I/1627 နံပါတ်တပ်ဆင်ထားသည့် CROWN အမျိုးအစား(အဖြူရောင်/လိုင်စင်စိစစ်ဆဲ)မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသည့်မသင်္ကာဖွယ် အမျိုးသား (၃)ဦးအား တွေ့ရှိ၍ စိစစ်ခဲ့ရာအထက်ပါနှင်းဆီ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ လုယက်သွားသူများဖြစ်၍ ဖမ်းဆီးချုပ်နှောင်ထားရှိပြီး ကျိုင်းတုံ (စရတ)သို့ ပို့ဆောင်ကာ စိစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း၊သိရသည်။
၎င်းတို့ထံတွင် GLOCKအမျိုးအစား ေ-သနတ်(၂)လက်နှင့် ယင်းကျည်(၂၅)တောင့်ပါရှိကြောင်းနှင့် လုယက်သွားသူများမှာ
- AH TE THO(၂၈)နှစ်(ဘ)ဦးကကြဲ၊ ဖာသကျေးရွာ၊လွယ်မွေအုပ်စု၊ ကျိုင်းတုံမြို့နယ်
- မောင်ချူချီး(၂၃)နှစ်(ဘ)ဦးချူတားလော်ဟန်ကျိုင်းရွာ၊ ဆုံကန်အုပ်စု၊ ကုန်းကြမ်းမြို့နယ်
- မောင်ပေါက်(၂၈)နှစ်(ဘ)ဦးရှူးရန်၊ ဆဲဖယ်ကျေးရွာ၊ မိုက်ဟိုင်းအုပ်စု၊ မိုးနဲမြို့နယ် တို့ဖြစ်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 15 May 2024
အင်္ဂါနေ့က ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ သိုးမွေးခေါင်းစွပ်များ ဝတ်ဆင်ထားတဲ့ သေနတ်သမားတွေက အချုပ်ထကားတစ်စီးကို ချုံခိုတိုက်ခိုက်ခဲ့ရာ ‘The Fly’လို့ခေါ်တဲ့ မူးယစ်ရာဇဝတ်သားတစ်ဦး လွတ်မြောက်စေခဲ့ပြီး ထောင်စောင့် ၂ ဦး သေဆုံးခဲ့တဲ့အပြင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့များမှ အသည်းအသန် လိုက်လံရှာဖွေနေကြပါတယ်။
ပြင်သစ်မြောက်ပိုင်း အင်ကာဗီးလ်ရှိ အခွန်ကောက်ခံဂိတ်တစ်ခုမှာ နံနက်ခင်းအချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုကိန်းဈေးကွက် နံပါတ် ၁ ဖြစ်နေတဲ့ ဥရောပတခွင် မူးယစ်ဆေးရာဇဝတ်မှု အန္တရာယ် ကြီးထွားလာတာကို ပေါ်လွင်စေပါတယ်။
ထိုနေ့မှာပဲ ပြင်သစ်အထက်လွှတ်တော်ကနေ မူးယစ်ဆေးကုန်ကူးမှုနဲ့ ပတ်သက်ပြီး တင်ပြထားသလို တိုင်းပြည်အတွင်း ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးအန္တရာယ်ဟာ အခြေခံစီးပွားတွေကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။
အသက် ၃၀ အရွယ် ဝရမ်းပြေးအကျဥ်းသား မိုဟာမက်အမ်ရာဟာ ပြင်သစ်မြောက်ပိုင်းမှ မူးယစ်ဆေးရောင်းဝယ်ရေးသမား ဖြစ်တယ်လို့ ပဲရစ်အစိုးရရှေ့နေရုံးနဲ့ ရဲတပ်ဖွဲ့တို့မှ ဆိုပါတယ်။
အမ်ရာဟာ မေလ ၁၀ ရက်နေ့က အက်ဗ်ရက်ဇ်ရှိ တရားရုံးတစ်ခုမှာ ဖောက်ထွင်းဝင်ရောက်မှုတစ်ခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ဗယ်လ်ဒီရွီလ်အကျဥ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
အမ်ရာဟာ အသက်သေဆုံးတဲ့အထိ ဖြစ်စေခဲ့တဲ့ ပြန်ပေးဆွဲမှုတစ်ခုကြောင့်လည်း မာဆေးလ်မှ အစိုးရရှေ့နေများ တရားစွဲဆိုတာ ခံခဲ့ရပါတယ်။
အမ်ရာက မာဆေးလ်ရှိ အင်အားကြီး ‘Blacks’ဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်မှ သိရပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတဲ့ ပုံရိပ်များအရ အိမ်စီးကားတစ်စီးဟာ အချုပ်ကားကို ရှေ့ကနေ ဝင်တိုက်ခဲ့ပြီး သိုးမွေးခေါင်းစွပ် ဝတ်ဆင်ထားတဲ့ သေနတ်သမားတွေက ဘေးမှာလှည့်လည်နေခဲ့ပါတယ်။
အမ်ရာရဲ့ရှေ့နေ ဟူဂေးဗီဂီယာက ထိုအကြမ်းဖက်မှုဟာ အမ်ရာနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
အမ်ရာဟာ အချုပ်ခန်းမှ သံတိုင်ကို လွှဖြင့်ဖြတ်နေခဲ့ပြီး လွတ်မြောက်ရန် ကြိုးပမ်းခဲ့တယ်လို့ ရှေ့နေက ဆိုပါတယ်။
ဒါကြောင့် အမ်ရာဟာ ထွက်ပြေးရန် ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ယူဆရတယ်လို့ ပြောကြားလိုက်ပါတယ်။
ရဲအရာရှိ ရာပေါင်းများစွာဖြင့် လိုက်လံရှာဖွေမှုကြီး ပြုလုပ်နေပြီလို့ ပြည်ထဲရေးဝန်ကြီးက ပြောပြသွားပါတယ်။
ဒီရာဇဝတ်မှုကို ကြိုးကိုင်နေတဲ့လူတွေကို ရှာဖွေဖို့အတွက် ဘာမဆိုပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ သူတို့ကို ဖမ်းဆီးတရားစွဲဆိုပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးသွားမှာ ဖြစ်ကြောင်း တရားရေးဝန်ကြီး အဲရစ်ဒူပွန်မိုရက်တီက ပြောဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
'နေပြည်တော်အလင်းစီမံချက်'ဖြင့် မြို့နယ်အသီး သီးမှညွှန်းပို့လာသည့်မျက်စိလူနာ(၂၇)ဦးကိုနေပြည်တော်ရှိဆေးရုံကြီးတွင်အခမဲ့ခွဲစိတ်ကုသ ပေးခဲ့ကြောင်းသိရသည်။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၃၀၀)၌ နေပြည်တော်အလင်းစီမံချက်ဖြင့် မြို့ နယ်များမှ ညွှန်းပို့လာသည့် မျက်စိဝေဒနာရှင် ၄၅ ဦးကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာ ၂၇ ဦးကို အခမဲ့မျက်စိခွဲစိတ်ကုသပေးခဲ့သည်ဟုဆိုသည်။
အဆိုပါခွဲစိတ်ကုသမှုကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး (ဆေးပညာ) နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အခမဲ့မျက်စိခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူကြည့်ရူအားပေးခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတော်စရိတ်ဖြင့် ကုန်ကျခံပြီးမျက်စိအခမဲ့ခွဲစိတ်ကုသပေးခြင်း 'နေပြည်တော်အလင်း'နှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲများကို အခမဲ့ခွဲစိတ်ကုသပေးသည့်' နေပြည်တော်အပြုံးအစီအစဉ် 'ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ယင်းအစီအစဉ်များနှင့်ပတ်သက်၍နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက " မျက်စိ အတွင်းတိမ်ခွဲမယ့် စာရင်းက ၁၈၂ ဦးနဲ့ နှုတ်ခမ်းကွဲ/အာခေါင်ကွဲစာရင်းက ၄၈ ဦး ရရှိပြီး ဖြစ်ပါတယ်။ စာရင်းကောက်တာကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ လစဉ်ဆောင်ရွက်ပြီး ရေရှည်သွားမှာဖြစ်တဲ့အတွက် လူဦးရေကန့်သတ်မထားပါဘူး"ဟု နိုင်ငံပိုင်သတင်းစာ၌ ဖြေကြားထားကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 15 May 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၄)၊ မြတ်လေးလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မေလ၁၄ရက် ညပိုင်း၇နာရီ၃၈မိနစ်အတွက်ခန့်က ဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၄)၊ မြတ်လေးလမ်း ရှိ နေအိမ်တလုံးကစပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
""မီးတောက်ကကြီးတယ် မီးလောင်ချိန်ကလည်းကြာတယ် ဒါပေမဲ့ မီးငြှိမ်းမြန်လို့
နေအိမ်အများကြီးမပါဘူး မီးစလောင်တဲ့အိမ်နဲ့ ဘေးနားက နေအိမ်အချို့အနည်းငယ်မီးလောင်သွားတယ်""ဟုဒေသခံတစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စျေးပိုင်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စည်ပင်မှ ရေသယ်ယာဉ်(၁)စီး၊ အယ်ပွလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည၈နာရီ ၁၀ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 188 of 1457