#Daily_News
Published_ 18 May 2024
၁။ မြန်မာ့ပထမဦးဆုံး ဂီတအကယ်ဒမီထူးချွန်ဆုပေးပွဲ ကျင်းပမည်၊ ထူးချွန်ဆု(၉)ဆုပေးရန် ရည်မှန်းထား
၂။ ကုန်အဝင်နည်းလာပြီး ပြည်တွင်းသုံးစွဲမှု များတဲ့အတွက် ကြက်သွန်ဖြူဈေး ပြန်မြင့်တတ်
၃။ ရွှေဈေး ကျပ်၅၁သိန်းအထိ စံချိန်တင်မြင့်တက်နေသော်လည်း ဝယ်ယူသူမရှိ
၄။ အိမ်အဟောင်းအား အိမ်အသစ်ဖြင့် လဲလှယ်ရေးအစီအစဥ်အသစ်အား ဝူရှီမြို့ပြဆောက်လုပ်ရေးအဖွဲ့ကုမ္ပဏီစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 May 2024
ကွန်တိန်နာယာဉ် ငှားရမ်းခများ နှုန်းထားသစ်ဖြင့် မေ ၂၀ ရက်မှ စတင်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းမှ သိရသည် ။
လက်တလောတွင် တောင်းခံနေသည့် ငှားရမ်းခနှုန်းထားများမှာ ခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ကွန်တိန်နာယာဉ်ငှားရမ်းခ နှုန်းထားများကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၊ Asia World ဆိပ်ကမ်း(AWPT)၊ သီလဝါဆိပ်ကမ်း(MITT) တို့မှ တိုက်ကြီးခရီးစဉ်သည် အခြားသောခရီးစဉ်/မြို့နယ်များနှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်ခအမြင့်ဆုံးဖြစ်ပြီး ပေ ၄၀ ယာဉ် ငှားရမ်းခအဖြစ် ၄၂၇,၀၀၀ မှ ၅၂၇,၀၀ ကျပ်၊ ပေ ၂၀ ယာဉ် ငှားရမ်းခအဖြစ် ၃၆၇,၀၀၀ မှ ၄၇၇,၀၀၀ ကျပ် သတ်မှတ်ထားကြောင်းသိရသည်။
ထို့အပြင် ပို့ဆောင်ခအနိမ့်ဆုံး ခရီးစဉ်အဖြစ် ဂန္ဒီ+ညောင်တန်း+ပုစွန်တောင်ဈေး+ဗိုလ်တထောင်ဖြစ်ပြီး ပေ ၄၀ ယာဉ် ငှားရမ်းခအဖြစ် ၂၄၅,၀၀၀ မှ ၃၂၅,၀၀ ကျပ်၊ ပေ ၂၀ ယာဉ် ငှားရမ်းခ ၁၈၅,၀၀၀ မှ ၂၇၅,၀၀၀ ကျပ် ရှိကြောင်းသိရသည်။
အဆိုပါ ပြင်ဆင်သတ်မှတ်လိုက်သည့် ငှားရမ်းခနှုန်းထားအသစ်များကို မေလ ၂၀ ရက်တွင် စတင်တောင်းခံသွားမည် ဖြစ်ပြီး လမ်း၊ တံတား၊ တိုးဂိတ်ကြေး၊ အခွံထုတ်၊ အခွံချ၊ အခွံအိပ်၊ အသားအိတ်၊ နေ့ကျော်ကြေးများ မပါဝင်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 18 May 2024
ရန်ကုန်စီးပွားရေးတက္ကသိုလ်၊မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊မုံရွာတက္ကသိုလ်၊စစ်တွေတက္ကသိုလ်တို့မှ ပါရဂူPh.Dတန်းများ တက်ရောက်ရန်သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်အတွက်ဘောဂဗေဒ၊ဝါဏိဇ္ဇဗေဒ၊စာရင်းအင်းဗေဒအတွက် ပါရဂူPh.D သင်တန်းသားများ ခေါ်ယူနေခြင်းဖြစ်ပြီးသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ ကျောင်းသားရေးရာဌာန၌မေလ ( ၂၄)ရက်နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်းနှင့်မေလ(၂၇)ရက်နှင့်(၂၈)ရက်၌ ဝင်ခွင့်စာမေးပွဲအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များကို ဖြေဆိုကြရမည်ဟုဆိုသည်။
မုံရွာတက္ကသိုလ်တွင် ဘူမိဗေဒအတွက် ပါရဂူPh.D သင်တန်းသားများ ခေါ်ယူနေခြင်းဖြစ်ပြီးသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ ကျောင်းသားရေးရာဌာန၌မေလ ( ၂၄)ရက်နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်းနှင့်မေလ(၂၇)ရက်နှင့်(၂၈)ရက်၌ ဝင်ခွင့်စာမေးပွဲအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များကို ဖြေဆိုကြရမည်ဟုဆိုသည်။
စစ်တွေတက္ကသိုလ်တို့မှ မြန်မာစာ၊သမိုင်း၊သင်္ချာဘာသာရပ်များအတွက် ပါရဂူPh.D သင်တန်းသားများ ခေါ်ယူနေခြင်းဖြစ်ပြီးသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ ကျောင်းသားရေးရာဌာန၌မေလ ( ၂၄)ရက်နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်းနှင့်မေလ(၂၇)ရက်နှင့်(၂၈)ရက်၌ ဝင်ခွင့်စာမေးပွဲအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် တရုတ်ယွမ် (၁၀) သန်း ကို လာမည့် မေလ ၂၀ ရက်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည်။
နိုင်ငံခြားငွေဈေး မြင့်တက်နေမှုကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတဆင့် ဒေါ်လာ၊ ယွမ်နှင့် ဘတ်များကို ရောင်းချပေးနေခြင်းဖြစ်ကြောင်းသိရသည်။
ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးရာတွင် ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ မေလ (၉) ရက်အထိ သုံးလကျော်အတွင်း (၁၁) ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၂၆ သန်း၊ တရုတ်ယွမ် ၂၆ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၁၉၆ သန်းအထိရှိပြီဖြစ်သည့်အပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ (၁) ရက်မှစ၍ မတ်လ (၄) ရက်အထိ နှစ်လကျော်အတွင်း ထုတ်ရောင်းပေးခဲ့သည့် (၁၅) ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားကာဇန်နဝါရီ (၁၉) ရက်မှစ၍ မတ်လ (၄) ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သ န်း ၁၃၀၀ ထုတ်ရောင်းပေးထားခဲ့ကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီ (၁) ရက်တွင် အမေရိကန် ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားပြီး သီးခြားအနေဖြင့် လူသုံးကုန်နှင့် ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်းနှင့် ထိုင်းဘတ် ၁၃ ဒသ မ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မုန်တိုင်းနဲ့ သဘာဝဘေးအတွက် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ မြို့နယ်အလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ၃၅ဦးစီ၊ တိုင်းအလိုက်၁၁၆ဦး စီနဲ့ ကူညီကယ်ဆယ်သွားဖို့ ရှိပါတယ်။
(မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး)
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ညောင်ကိုင်းကန်ကြီးကို နှစ်ပေါင်း၄၀ကျော်လောက် ပြုပြင်မှုမရှိဘဲ ထားခဲ့တဲ့အတွက် တိမ်ကော လာကာ ရေသိုလှောင်မှုနည်းလာတဲ့အတွက် အခုလို ပြန်လည်တူးဖော်ပြုပြင်မှုများ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရေနံသာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းရဲ့ တည်ထောင်သူ ကိုဒင်းဂါးက ပြောပါတယ်။
Yangon_Times/LW
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
အခုရက်ပိုင်းအတွင်း တစ်ရိပ်ရိပ်စံချိန်တင်မြင့်တက်နေတဲ့ ရန်ကုန်အခေါက်ရွှေဈေးဟာ ဒီကနေ့မှာ တစ်ကျပ်သားကို ကျပ် ၅၁သိန်းအထိ စံချိန်တင်မြင့်တက်လာပေမယ့် ဈေးကွက်အတွင်း ဝယ်ယူသူမရှိဘူးလို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပြီးခဲ့တဲ့လပိုင်းက ဈေးကျခဲ့တဲ့ ကြက်သွန်ဖြူဈေးကွက်ဟာ ကုန်အဝင်နည်းလာခြင်း နဲ့ ပြည်တွင်း သုံးစွဲမှု များတဲ့အတွက် ဈေးပြန်မြင့်လာတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဇူလိုင်လထဲမှာ 'မြန်မာ့ဂီတနေ့'အခမ်းအနားနဲ့ အောက်တိုဘာလထဲမှာ ဂီတအကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပဖို့ ရှိတယ်။ ဆု(၉)ဆုပေးဖို့မှန်းထားတယ်။
(မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်)
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
ရွှေတိဂုံစေတီတော်သို့ ထိုင်းအပါအဝင်အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများ အဓိက လာရောက်ဖူးမျှော်လျှက်ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှသိရသည်။
ထိုသို့ လာရောက်ရာတွင် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်ကြကြောင်းသိရသည်။
ယခုနှစ် လေးလတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ စုစုပေါင်းနိုင်ငံခြားခရီးသွားဧည့်သည် ၂၆,၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
လအလိုက် နိုင်ငံခြားသားဘုရားဖူးဝင်ရောက်မှုများအနေဖြင့် ဇန်နဝါရီလတွင် ၆,၈၃ဝ ဦး၊ ဖေဖော်ဝါရီလတွင် ၇,၄၇၄ ဦး၊ မတ်လတွင် ၇,၂၀၆ ဦး၊ ဧပြီလတွင် ၄,၅၅၇ ဦး စုစုပေါင်း ၂၆,၀၆၇ ဦး လာရောက်ဖူးမြော်ခဲ့ကြခြင်းဖြစ်သည် ။
ရွှေတိဂုံစေတီတော်ကြီးသို့ ရပ်နီးရပ်ဝေး၊ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ ပိုမိုအဆင်ပြေစေရန် နှင့် ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြှော်ကြည်ညိုနိုင်စေရန် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးမြော်ချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်ရှိ ယုဇနဥယျာဉ်မြို့တော်အနီး မီးလောင်မှုကြောင့် နေအိမ် ၉လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမူကူညီရေးအသင်းများထံကသိရသည်။
မေ (၁၇)ရက်၊ ည (၇)နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကာဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ်(၃)စီးဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။
"" အခု မီးလောင်တဲ့ နေရာ ကျူးကျော် နေအိမ် တွေ ပါ ၊ ဘယ်လို မီးစလောင်တယ်ဆိုတာတော့ သေချာမသိဘူး သက်ဆိုင်ရာက စစ်ဆေးနေတယ်တော့ ကြားတယ်""ဟု ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ မီးလောင်မှုကို ည (၇)နာရီ (၁၂)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၇)နာရီ (၁၉)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 18 May 2024
မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ကိုဂျမန်းမေလ(၁၇)ရက်၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကိုဂျမန်း (မဟော်ဂနီ)ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းကို အနုပညာလောကသားများ၊ကိုဂျမန်း၏ မိတ်ဆွေများမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြထားသည်။
မဟော်ဂနီထုတ်လုပ်ရေး၏ စင်တင်မင်းသားဖြစ်သည့် သရုပ်ဆောင်အလင်းရောင်ကလည်း
"ကျနော့်ကို မဟော်ဂနီထုတ်လုပ်ရေးရဲ့ စင်တင်မင်းသား အလင်းရောင်ဆိုပြီး စင်တင်မိတ်ဆက်ပေးခဲ့ပြီး ဒီလောကရဲ့ အကြောင်းတွေ သိသင့်သိထိုက်တာတွေကို (ပြီးခဲ့ လပိုင်းလောက်အထိ နင်ကဒီလိုကားမျိုးရိုက်ဆိုပြီး အကြံဥာဏ်တွေပေးနေခဲ့သေးတာ) အမြဲပြောဆိုဆုံးမ လမ်းပြပေးခဲ့လို့ အစဉ်အမြဲကျေးဇူးတင်နေပါတယ် အကော ။စိတ်ထားစေတနာကောင်းတဲ့အကော မိသားစုအပေါ်အရမ်းချစ် တဲ့ အကော အစစအရာရာတွေ စိတ်ချပါနော်၊ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပါတယ်။ကျနော် မန္တလေးမှာရောက်နေတဲ့အတွက် အကောရဲ့ နောက်ဆုံးခရီးကို လိုက် မပို့နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်"ဟု ဖော်ပြထားသည်။
ကိုဂျမန်းသည် မဟော်ဂနီထုတ်လုပ်ရေး၏ စင်တင်မင်းသားအဖြစ် အကယ်ဒမီသရုပ်ဆောင်မြင့်မြတ်နှင့် သရုပ်ဆောင် အလင်းရောင်အပါအဝင် သရုပ်ဆောင်ပေါင်းများစွာကို စင်တင်ပျိုးထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
ပြေတီဦး၏အစ်မဖြစ်သူ ငွေတီဦးကလည်း "ကြံ့ကြံ့ခံပြီိး ရင်ဆိုင်ကျော်ဖြတ် နိုင်ခဲ့တာကို ဂုဏ်ယူပါတယ် အစ်ကိုရေ။အကောင်းဆုံး ရှင်သန်ခဲ့တာကိုလဲ လေးစားပါတယ်။ပါးစပ်မစိအောင် ရီစရာတွေ ပြောတတ်တဲ့ အရမ်းခင်စရာကောင်းတဲ့ အစ်ကို့ကို သတိရနေမှာပါ။စိတ်ထားကောင်းတဲ့ အကောထွက်သွားတာ ကိုယ့်မွေးနေ့ဖြစ်နေတဲ့ တိုက်ဆိုင်မှုနဲ့ အမြဲ သတိတရရှိနေမှာပါ။လေးလံတဲ့ဝန်တွေ လွှတ်ချပြီး RIP ပါ အကော"ဟုသူ၏လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 183 of 1457