ရာစုနှစ်သက်တမ်းရှိတရုတ်ပြည်မှသစ်သားပေါင်းကူးတံတား၏ ရှေးဟောင်းအင်ဂျင်နီယာပညာကို ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ်စာရင်းထဲထည့်သွင်း
တရုတ်ပြည် ဖူကျန်ပြည်နယ် နင်ဒီမြို့မှ ဆောက်လုပ်ရေးလက်သမားဆရာတွေဟာ ရိုးရာလက်မှုပညာများ အသုံးပြုပြီး ရာစုနှစ်သက်တမ်းရှိတဲ့ တရုတ်သစ်သား ပေါင်းကူးတံတားကို ထိန်းသိမ်းနေကြပါတယ်။
#World_Culture
Published 09 December 2024
#ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ် #သစ်သားပေါင်းကူးတံတား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 09 December 2024
၁။ နှစ်ပေါင်း ၁၀၀ နှင့်အထက်ရှိ အဆောက်အအုံပေါင်း ၄၀ ကို ရှေးဟောင်းအဆောက်အအုံများအဖြစ်သတ်မှတ်
၂။ မိုးပြောင်းရာသီချိန်၌ ပြည်ပဝယ်လိုအားများ၍ ဈေးကောင်းရနေ
၃။ ၁၁လအတွင်း အမြန်လမ်းမကြီးတွင် ယာဥ်မတော်တဆမှု (၂၀၀)နီး ပါးခန့်ဖြစ်ပွားပြီး (၈၇)ဦးေ-သဆုံးပြီး ၃၀၀ကျော်ဒဏ်ရာရ
၄။ ရာစုနှစ်သက်တမ်းရှိ တရုတ်ပြည်မှသစ်သားပေါင်းကူးတံတား၏ရှေးဟောင်းအင်ဂျင်နီယာပညာကို ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ်စာရင်းထဲထည့်သွင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 9 December 2024
▪️ ယနေ့ဒီဇင်ဘာ ၉ ရက် နံနက် ၁နာရီခန့်က ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားအတက် ပြည်လမ်းပေါ်တွင် ငါးတင်သည့်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငါးများတင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးသည် လှည်းတန်းခုံး ကျော်တံတားအတက် ချဉ်းကပ်လမ်း KBZ BANK အနီးတွင် GEAR BOX JOINT SHAFT ပြုတ်ထွက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ထို ဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာသို့ Yangon Rescue Organization (YRO)၏ အဖွဲဝင်" ရတနာဖြိုး-ကူညီကယ်ဆယ်ရေးအဖွဲ(သမိုင်း)၊ ဝင်းမေတ္တာ-လူမှုကူညီရေးအသင်း(ကြည့်မြင်တိုင်)၊ ဝန်းရံမှူး-လူမှုကူညီကယ်ဆယ်ရေးအသင်း (ကြည့်မြင်တိုင်)၊ ပြည်သူ+လူရွှင် တော်(အလုံ) ၊လှည်းတန်း-လူမှုကူညီရေးအသင်း (လှည်းတန်း) စသည့် အသင်းများမှ စေတနာ့ဝန်ထမ်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အတွင်းအမျိုးသား ၂ဦး ထိခိုက်၊ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် အထွေထွေရောဂါကု ဆေးရုံ (လမ်းမတော်) YGH" သို့ " ဝန်းရံမှူး၊ဝင်းမေတ္တာ"- အသင်းများ ၏ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 December 2024
▪️ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခလစာများကို တရားဝင်ဘဏ် လမ်း ကြောင်းမှ တစ်ဆင့် လွှဲပို့ပါက EV ယာဉ်များ တင်သွင်းခွင့်ပြုမည်ဟု ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများက ဒီဇင်ဘာလ ၉ရက်က ထုတ်ပြန်ကြေညာထားသည်။
▪️ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၄င်းတို့၏ လုပ်ခလစာများကို မိသားစုထံသို့ တရားဝင်ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပြောင်း ပေးပို့မည်ဆိုပါက အထူးအစီအစဉ်အဖြစ် လျှပ်စစ်သုံး မော်တော်ယာဉ်/မော်တော်ဆိုင် ကယ် ဝယ်ယူတင် သွင်းခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးကြေညာချက်တွင် ပြည်ပတွင်အလုပ်လုပ်ကိုင်နေ သောမြန်မာနိုင်ငံသားများ အတွက် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင်နှင့် အခြားဝင်ငွေရရှိသူများ သည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက စုစုပေါင်း လွှဲပို့ငွေ၏ ၅ရာခိုင်နှုန်း တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ထိုအချက်များကိုက်ညီသူများကို တစ်ဦးချင်းတင်သွင်းမှုအနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းတင်သွင်းရန် ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်း ကောင်းခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ထိုသို့တင်သွင်းမှုကို ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၆ရက်မှစတင်ကာခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ရှစ်လတာအတွင်း အမေရိကန်ဒေါ်လာ သန်း၂၇၀ကျော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားခွင့်ပြုပေးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က သိရပါတယ်။
#Local_News
Published 09 December 2024
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #ကန်ဒေါ်လာသန်း၂၇၀
#YMG/NN #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက နေ နိုဝင်ဘာလကုန်အထိ ယာဉ်မတော်တဆမှုပေါင်း(၁၈၉)မှုဖြစ်ပွားခဲ့ပြီး ေ-သဆုံးသူ(၈၇)ဦးရှိခဲ့ပြီး ၃၀၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
#Local_News
Published 09 December 2024
#ရန်ကုန်-မန္တလေးအမြန်လမ်း #ယာဉ်မတော်တဆမှု
#YMG/NN #Yangon_Times
အခုနှစ် မိုးပြောင်းထွက်ရှိတဲ့ ရာသီချိန်မှာ ပြည်ပနိုင်ငံတွေက ဝယ်လိုအားများနေတာကြောင့် ဈေးကောင်းရနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကနေသိရပါတယ်။
#Local_News
Published 09 December 2024
#မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း #ပြောင်းဆံစျေးတက်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်း ၇ ခုတို့ရှိ နှစ်ပေါင်း ၁၀၀ နဲ့ အထက်သက်တမ်းရှိတဲ့ အဆောက်အအုံပေါင်း ၄၀ ခုကို ရှေးဟောင်းအဆောက်အအုံတွေအဖြစ်သတ်မှတ်လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 09 December 2024
#ယဉ်ကျေးမှုဝန်ကြီးဌာန #ရှေးဟောင်းအဆောက်အအုံ
#YMG/NN #Yangon_Times
#Local_News
Published 9 December 2024
▪️ ဂျပန်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းမှအလုပ်သမားများခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်နိုင်ရန် စာရွက်စာတမ်းများကိုတိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ပေးပို့လျှက်ရှိရာကြိုတင်ပေးပို့သည့် ဂျပန်ကုမ္ပဏီများသည် အကျုံးဝင်မှုမရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သည်။
▪️ ထိုထုတ်ပြန်ချက်တွင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကုမ္ပဏီအချို့သည်ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြရာ ထိုသို့ကြိုတင်ပေးပို့ခြင်းသည် အကျုံးဝင်မှု မရှိကြောင်းနှင့် ယခုကြေညာချက်တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် စာရွက်စာတမ်း၊ အချက်အလက်များ ပေးပို့ပေးနိုင်ရန် ကုမ္ပဏီ ၂၀၇ ခု၏ စာရင်းအား ပူးတွဲပါထုတ်ပြန်ချက် (၄၈/၂၀၂၄) အနေဖြင့် ထုတ်ပြန်ထားပြီး အချက်အလက်များကြိုတင်ပေးပို့ထားသည့်ကုမ္ပဏီများအနေဖြင့် Labour Section၊ Myanmar Embassy,Tokyo နှင့် 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001သို့ လိပ်မူ၍ အချက်အလက်များကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ပေးရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၉ ဒီဇင်ဘာ ၂၀၂၄
◾️ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်နှင့် သူ့မိသားစုကို ရုရှားနိုင်ငံက နိုင်ငံရေး ခိုလှုံခွင့်ပေး လိုက်တယ်လို့ ရုရှား နိုင်ငံပိုင်မီဒီယာ TASS က ကရင်မလင်သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်း ဖော်ပြခဲ့ပါတယ်။
◾️ဆီးရီးယားမှထွက်ပြေးလာတဲ့ အာဆတ်နှင့်သူ့မိသားစုတို့ဟာ ရုရှားနိုင်ငံမော်စကိုမြို့တော်သို့ ရောက်ရှိ လာပြီးနောက် လူသားချင်းစာနာထောက်ထားမှုအဖြစ်စဉ်းစားပြီး သူတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာ ဖြစ်ကြောင်း သတင်းကဆိုပါတယ်။
◾️ရုရှားအနေနှင့် ဆီရီးယားအကျပ်အတည်းမှာ နိုင်ငံရေးအရဖြေရှင်းရန်လိုလားတယ်လို့ အမြဲပြောခဲ့ပါ တယ်။ ကုလသမဂ္ဂရဲ့ စေ့စပ်ဆွေးနွေးပွဲပြန်လည်စတင်ဖို့ အမိအရတိုက်တွန်းကြောင်း TASS သတင်းမှာ ဖော်ပြထားပါတယ်။
◾️ “ရုရှားအရာရှိတွေဟာ ဆီးရီးယားအတိုက်အခံလက်နက်ကိုင်ကိုယ်စားလှယ်တွေနှင့်ထိတွေ့ ပြောဆို နေပါတယ်။ သူတို့က သူတို့ရဲ့ခေါင်းဆောင်တွေဟာ ဆီးရီးယားက ရုရှားစစ်အခြေစိုက်စခန်းနှင့် သံရုံး အတွက် လုံခြုံရေးအာမခံတယ်လို့ ပြောပါတယ်” လို့ သတင်းအရင်းအမြစ်တစ်ခုကိုကိုးကားပြီး TASS ကရေးသား ပါတယ်။
◾️အာဆတ်ဟာ ရာထူးကဆင်းလိုက်ပြီးဖြစ်ပြီး နိုင်ငံမှထွက်ခွာခဲ့ကာ အာဏာကိုငြိမ်းချမ်းစွာ လွှဲပြောင်း ပေးဖို့ သူ့လူတွေကို ညွှန်ကြားခဲ့တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
◾️“ ဆီးရီးယားရဲ့ အခြေအနေအပေါ် ကျွန်တော်တို့ အထူးစိုးရိမ်စွာစောင့်ကြည့်နေပါတယ်။ အာဆတ်နှင့် လက်နက်ကိုင်ပဋိပက္ခထဲပါဝင်ကြသူတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးနောက် အာဆတ်ဟာ သမ္မတရာထူးစွန့်လွှတ်ပြီး နိုင်ငံမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ အာဏာကိုငြိမ်းချမ်းစွာလွှဲပေးဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
◾️ရုရှားနိုင်ငံဟာ ဆီးရီးယားအတိုက်ခံအုပ်စုတွေအားလုံးနှင့် ဆက်သွယ်နေပါတယ်။ ဆီးရီးယားလူ့အဖွဲ့ အစည်းမှလူမျိုးနွယ်တွေအားလုံးရဲ့ ထင်မြင်ချက်တွေကို လေးစားဖို့တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၅၄ ကို အခြေခံပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုစတင်ဖို့လည်းတောင်းဆိုခဲ့ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် ပြောဆိုပါတယ်။
Source: ANI
#Local_News
Published 09 December 2024
▪️ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပလပ်စတစ်စက်ရုံတစ်ရုံတွင် ယနေ့ ဒီဇင်ဘာ ၉ ရက်နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဒီဇင်ဘာ ၉ ရက်နေ့၊ မနက်၆ နာရီ ၂၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ ပလပ်စတစ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဗဟိုမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဥတ္တရခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ပျဉ်မနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရွာကောက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ပုဗ္ဗနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် မီးလောင်ချိန် ၂ နာရီခန့်အကြာ နံနက် ၈ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 09 December 2024
▪️ အမေရိကန် ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို ယူကရိန်းစစ်ပွဲ ချက်ချင်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် တိုက်တွန်းလိုက်ကာ သမ္မတရာထူး တာဝန်ယူရန် ၁ လခွဲခန့်လိုသေးပေမယ့် စစ်ပွဲအဆုံးသတ်ရေးအတွက် တက်ကြွစွာ လှုပ်ရှားအားထုတ်နေတာကို တွေ့ရပါတယ်။
▪️ ဇယ်လန်စကီနဲ့ ယူကရိန်းအနေနဲ့ သဘောတူညီမှုရယူပြီး အဆုံးသတ်သင့်တယ်လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
▪️ ထရမ့်နဲ့ အင်တာဗျူးရာမှာ ယူကရိန်းကို စစ်ရေးအကူအညီ လျှော့ချရေးနဲ့ နေတိုး(NATO)အဖွဲ့ထံမှ အမေရိကန် ထွက်ခွာရေးအတွက် ဆွေးနွေးသွားမယ်လို့လည်း ပြောသွားပါတယ်။
▪️ ယူကရိန်းသတိထားရမယ့် အန္တရာယ် ၂ ခုက နေတိုးမဟာမိတ်တွေနဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အဖွဲ့အစည်းတွေထဲက နိုင်ငံတွေဖြစ်ပါတယ်။
▪️ သဘောတူညီချက်ကို အဟန့်အတားဖြစ်စေမယ့် အရာတွေ မပြုလုပ်လိုတာကြောင့် ပူတင်နဲ့ ပြောဆိုစရာမရှိဘူးလို့ ပြောပါတယ်။
▪️ ယူကရိန်းက အပေးအယူ ပြုလုပ်ချင်နေကာ ပူတင်အနေနဲ့ ဆုံးဖြတ်ချက် ချရမယ့်အချိန် ရောက်နေပြီး တရုတ်ကလည်း ကူညီနိုင်သလို တစ်ကမ္ဘာလုံးကလည်း စောင့်မျှော်နေကြတယ်လို့ ဆိုပါတယ်။
▪️ ယူကရိန်းလိုအပ်တဲ့ ငြိမ်းချမ်းရေးက ထိရောက်မှုရှိပြီး နှစ်အနည်းငယ်နဲ့ မပျက်စီးနိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်တယ်လို့ ပြောပါတယ်။
▪️ လက်ရှိဘိုင်ဒင်အစိုးရနဲ့ ယူကရိန်းထောက်ခံသူတွေက အလျင်စလို အပစ်အခတ်ရပ်စဲရေးကို မပြုလုပ်ချင်ပါဘူး။
▪️ ဒါဟာ ရုရှားအနေနဲ့ စစ်အင်အား ပြန်လည်ဖြည့်တင်းချိန် ရသွားမယ်လို့ ယူဆနေကြပါတယ်။
▪️ ထရမ့်က ဒုတိယအကြိမ် သမ္မတဖြစ်လာတဲ့အခါ နေတိုးအဖွဲ့အစည်းထဲမှာ အမေရိကန်ဆက်လက် ပါဝင်ရေး မသေချာတဲ့အကြောင်း ပြောသွားပါတယ်။
#Source: AP News
Page 19 of 1499